___________________________
B သွေးများဟာ တစ်ယောက်တည်းအေးအေးဆေးဆေး
နေချင်ကြသူများဖြစ် ကြပါတယ်
...
နေချင်ကြသူများဖြစ် ကြပါတယ်
...
အားတဲ့အချိန်တိုင်းအခန်းထဲမှာတစ်ယောက်တည်း နေရင်း
ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေတတ်ပါတယ်။
သိပ်မခင်တဲ့သူငယ်ချင်းတွေနဲ့တွေ့ရင်ခပ်တည်တည်နေတတ်ပြီး
အရမ်းခင်တဲ့သူငယ်ချင်းတွေနဲ့တွေ့ရင်တော့ နားညဉ်းအောင်ပြောတတ်တာ B သွေးတွေပါ
လူတိုင်းကိုမခင်တတ်လို့ မာနကြီးတယ်လို့အထင်ခံရတတ်ပြီး
ပေါင်းကြည့်မှတကယ်ကိုရိုးသားဖြူစင်ကြတာပါ
မိသားစုထဲမှာပဲ့ဖြစ်ဖြစ် သူငယ်ချင်းအပေါင်းအသင်းကြားထဲမှာဖြစ်ဖြစ်
ကိုယ့်ကိုပိုဂရုစိုက် ပိုချစ်တာလိုချင်တတ်ကြပါတယ်.
အလိုလိုက်ခံရရင်လည်းအရမ်းပျော်တတ်ကြပါတယ် အရမ်းခင်တဲ့လူတွေအပေါ်
တကယ့်စိတ်ရင်းမပါဘဲ ချစ်စနိုးနဲ့အနိုင်ကျင့်တတ်သလို
ကိုယ့်ကိုအနိုင်ကျင့်ရင်လည်းအလျော့ပေးတတ်ပါတယ်
ခဏခဏစိတ်ကောက်တတ်ပြီး ဘယ်သူမှပြန်ချော့စရာမလိုပဲအလိုလို
စိတ်ကောက်ပြေသွားတတ်တာလည်း B သွေးတွေပါပဲ့
ဝမ်းနည်းလွယ်ပီးမျက်ရည်အကျမြန်တတ်ပါတယ် ပျော်စရာကိစ္စတစ်ခုကို
အကြာကြီးမခံစားတတ်ပေမယ့်
ဝမ်းနည်းစရာကိစ္စနဲ့ကြုံလာပါကပြန်တွေးလိုက် စိတ်မကောင်းဖြစ်လိုက်မျက်ရည်ကျလိုက်ဖြစ်နေတတ်ကြပါတယ်
အရမ်းကြိုက်တဲ့သီချင်းတစ်ပုဒ်ကိုပဲ့ထပ်ခါထပ်ခါနားထောင်တတ်တာလည်း
B သွေးတွေရဲ့စရိုက်တစ်မျိုးပါ
စိတ်ဝင်စားတဲ့အကြောင်းအရာတစ်ခုကိုအချိန်ခဏလေးနဲ့တတ်မြောက်ပေမယ်
့စိတ်မ၀င်စားတဲ့အကြောင်းအရာဆိုပါကမည်သို့ပင်အကျိုးရှိစေကာမူလှည့်မကြည့်တတ်ကြပါ
အချစ်ရေးနဲ့ပတ်သက်လာရင်တော့အားနည်းချက်အနည်းငယ်ရှိတတ်ကြပါတယ်
သံသယစိတ်အနည်းငယ်ဝင်တတ်ပီးကိုယ့်ကိုယ်ကိုယ်လည်းမယုံကြည်တတ်ကြပါဘူး
အချစ်ရေးထက်မိသားစုအရေးကိုပိုဦးစားပေးတတ်ကြပါတယ်မိသားစုအတွက်
အမြဲကြိုးစားနေပီးစိတ်ချမ်းသာပျော်စေချင်တာ B သွေးတွေပါ
Posted by #LPN
ဗဟုသုတဘဏ်
K2

Myanmar Kyat Converter
No comments:
Post a Comment