{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Tuesday, June 23, 2015

    “ နှမချင်း ကိုယ်ချင်းစာတတ်ပါစေ "

    နည်းစနစ်ကျကျအတွေးအခေါ်'s photo.
    “ ကိုရန်နိုင် ကိုတခုလောက်မေးချင်လို့ပါ..ဟို ဟာ လေ
    တည်းခိုခန်းမဟုတ်ဘဲနဲ့ Section နဲ့နေလို့ရတဲ့အခန်းတွေ
    ရန်ကုန်ဘယ်နားတွေမှာ...ရှိလဲလို့ သိချင်တာ”…..
    ဒီကောင် စမေးကတည်းက ဘာကိုဆိုလိုချင်တယ် ဘာအတွက်လဲဆိုတာ
    ကျွန်တော်သိလိုက်ပါတယ်.. ဒါပေမယ့် သိသိရက်နဲ့



    သူ့ကိုမေးခွန်းပြန်ထုတ်လိုက်တယ်..
    “ ညီလေး ဘာလုပ်ဖို့ရှိလို့လဲ” ဆိုတော့
    “ဒီလိုပါ ကိုရန်နိုင်…. ဟိုတခါ အကို့ကို ကျွန်တော်ပြတဲ့ ကောင်မလေးလေ မှတ်မိလား..
    Facebook မှာတွေ့တဲ့ ကောင်မလေး” .. အဲ့ စော်လေးက ကျွန်တော့်ကိုခိုက်နေတာ..
    အပြင်မှာဆုံတာတော့ လေးငါးခါရှိပြီ .. သိပ်တော့မလှပါဘူး..
    ဘာရယ်မဟုတ်ဘူး ကျွန်တော်လည်း အပျော်တွဲနေတာ..
    (ဒီကောင် ပြောနေတာတွေကို စိတ်ထဲသိပ်တော့ ဘ၀င်မကျတော့..

    ဒါပေမယ့်
    ခေါင်းပဲညိတ်ပြပြီး ဆက်နားထောင်နေလိုက်တယ်..)
    “မနေ့က ချိန်းတွေ့တဲ့အချိန် နမ်းပြီး ဟိုကိုင်ဒီကိုင်လုပ်တာတောင်

    အေးဆေးပဲ
    ဒါပေမယ့် တည်းခိုခန်းသွားဖို့ ပြောတာတော့ ဘယ်လိုမှ မရဘူးအကို..
    သူ့သိက္ခာသူထိန်းတာပဲလား သွားရမှာ ရှက်တာလား

    လူမြင်မှာကြောက်တာလား
    ဘယ်လိုလဲတော့မသိဘူး ..တော်တော်လေးတော့

    လိုက်လျောပါတယ်”..
    Section နဲ့နေလို့ရတဲ့ ရိုးရိုးအခန်းဆိုရင် အဆင်ပြေမယ်ထင်လို့
    ကိုရန်နိုင်..

    ဒါကြောင့်
    “…..တော်တော့ ညီလေး…. မင်းဆက်မပြောနဲ့တော့”.

    ကျွန်တော့်အသံနဲနဲတော့ မာသွားတယ်
    “မင်း မှားနေပြီ ညီလေးး..ကိုယ့်ကို ချစ်လို့လိုက်လျောတဲ့

    မိန်းကလေးတစ်ယောက်ကို
    မင်း အဲလိုတော့ မလုပ်သင့်ဘူး ညီလေး..ပြီးတော့ မင်း

    သူ့ကိုတကယ်ချစ်လို့
    မင်းလက်ထပ်မယ့် မိန်းကလေးဆိုရင်တောင် ငါအဲဒီ

    တည်းခိုခန်းသွားမယ့် ကိစ္စကို
    အဲလောက် ပြောမှာမဟုတ်ဘူး..ခု မင်းကသူ့ကို အပျော်တွဲတာ

    မလုပ်သင့်ပါဘူးကွာ”…
    “ကိုရန်နိုင်ကြီးကတော့ ပြောပြီဗျာ..ခုခေတ်စော်တွေမှာ ဒါတွေက

    မဆန်းတော့ပါဘူးဗျာ”:..တဲ့
    “မင်းပြောသလို ငါက ခေတ်နောက်ကျတာပဲဖြစ်မှာပေါ့..

    ငါ့ကို လာမတိုင်ပင်နဲ့တော့..
    ငါ အားမပေးဘူး ညီလေး”.. တကယ်ဆိုဒီချာတိတ်ကို

    ဒီထက်ပိုရှင်းပြချင်သည်..
    ဒါပေမယ့် ကိုယ်တိုင်လည်း စိတ်ညစ်နေတဲ့အချိန်မို့ ထပ်မပြောဖြစ်တော
့..

    ခက်သည်…
    ……
    နေ့ခင်း ထမင်းစားနေတဲ့အချိန် ဒီကောင်ဖုန်းထပ်ဆက်လာတယ်..

    ညနေပိုင်း
    ကန်တော်ကြီးနားက M3 မှာ သီချင်းသွားဟဲမယ်ဆိုပြီး ပြောလာတယ်…
    ဒါနဲ့ ညနေရောက်တော့ ကန်တော်ကြီးဘက် ဒိုးကြတာပေါ့….
    M3 မရောက်ခင် ကန်တော်ကြီးဝင်ပေါက်နားရောက်တော့

    ဒီကောင်အတွဲတတွဲကို
    လှမ်းကြည့်နေတယ်..ကျွန်တော် ဒီကောင်ကို မေးငေါ့ပြလိုက်တယ်..

    ဘာလဲပေါ့..
    “ ဟာ….ကိုရန်နိုင်… အဲဒါ ကျွန်တော့် ညီမ တဲ့:.”..

    ပြေးသွားဖို့ပြင်တယ်…
    ကျွန်တော်အမြန်ဆွဲထားလိုက်တယ်…” မင်းဘာသွားလုပ်မှာလဲ”…
    ဒီကောင်မ ပါးသွားရိုက်မယ်..ပထမနှစ်ပဲရှိသေးလို့ ရည်းစားမထားနဲ့
    ပြောထားတာကို..”
    ကျွန်တော်ဒီကောင်ကို ပြုံးပြီးကြည့်နေလိုက်တယ်..
    “ဒီခေတ်ကြီးမှာ ဒါတွေက မဆန်းတော့ပါဘူးကွာ”.လို့ ပြောလိုက်တော့….
    “ ဟာ….ဗျာ …..” တဲ့
    …” လာစမ်းပါ ညီလေးရာ…. အအေးဆိုင်လိုက်ခဲ့ဆိုပြီး ဇွတ်ဆွဲခေါ်လာတယ်”…..
    ဆိုင်ရောက်တော့ .. “ မင်းအဲလောက်ဖြစ်မနေပါနဲ့ကွာ..”ကျွန်တော်သေချာ
    ပြောလိုက်တာပါ ..အဲ့စကားကို…
    “ အဲဒါ ကျွန်တော့် ညီမလေး ဗျ” …
    “ ဟိုကောင်က မင်းညီမ ကို ကန်တော်ကြီးကနေ တည်းခိုခန်းထပ်ခေါ်သွားရင်
    ဘယ်လိုလုပ်မလဲ” ……..
    “ ကိုရန်နိုင် ခင်ဗျားး တော်တော့ဗျာ………*….”: …..
    ကျွန်တော်ဒီကောင် ပုခုံးကိုလှမ်းပုတ်လိုက်တယ်…..
    “ ..မင်း ကိုယ်ချင်းစာတတ်ပြီလား …ညီလေး” ….
    မင်းအခုကျတော့ စော်တွေမှာဒါတွေက မဆန်းတော့ဘူးလို့ မပြောတော့ဘူးလား??
    ငါ မင်းကို မနက်ကတည်းက ရှင်းပြချင်ခဲ့တာ..ငါ့ကို စိတ်မဆိုးပါနဲ့..
    မင်းကို ကိုယ်ချင်းစာတတ်အောင် ငါဒီစကားတွေကို သေချာပြောလိုက်တာ…
    “မင်းလည်း ဘွဲ့ရပညာတတ်တစ်ယောက်ပဲ ဒီလောက်ဆိုမင်းလည်းနားလည်မှာပါ”…
    အအေးဆိုင်မှာ ဒီကောင်ငူငူကြီးထိုင်ပြီး ခေါင်းကိုတဇတ်ဇတ်ငြိမ့်နေတယ်..ပြီးတော့
    ဆတ်ကနဲထလာပြီး ကျွန်တော့်လက်မောင်းကို မနာအောင် လာထိုးတယ်….
    “ကိုရန်နိုင်ကြီး ခင်ဗျားးပြောတတ်လိုက်တာဗျာ..” တဲ့..ကြည့်လိုက်တော့
    ဒီကောင် မျက်ရည်ဝိုင်းနေတယ်..ပြီးတော့ ပြုံးပြီး ကျွန်တော့်ကို ပြောတယ်…
    “ ကျွန်တော် နားလည်ပါပြီဗျာ… ကိုယ်ချင်းစာတတ်ပါပြီဗျာ ….” တဲ့
    ကျွန်တော်ဒီကောင့် လက်မောင်းကို ပြန်ထိုးလိုက်တယ်….
    “ အဲ လို မှ ပေါ့ ကွာ”……………..
    …………………………………………………..
    (ဒီချာတိတ်ကို ရှင်းပြသလို ခုခေတ် ညီလေး၊ညီမလေးတွေကို ရှင်းပြချင်မိသည်..
    ညီလေးတွေကို ကိုယ်ချင်းစာတတ်စေချင်သည်..ညီမလေးတွေ ကိုယ့်ကိုကိုယ်
    တန်ဖိုးထားတတ်စေချင်သည်.(ကိုယ်က တန်ဖိုးရှိအောင်နေမှ သူများကလည်း
    ကိုယ့်ကိုတန်ဖိုးထားမယ်)ဆိုတဲ့ စကားလည်းရှိပါသည်..) ..

    (တန်ဖိုးရှိ တန်ဖိုးသိတဲ့လူငယ်များ ဖြစ်ကြပါစေ)
    Credit ရိုးနိုင်စံ(ခ) ကိုရန်နိုင်
    K.K(ကနောင်)

    {{{{{.အားပေးမှုအတွက် ကျေးဇူတင်ပါသည်.}}}}}

    No comments:

    Post a Comment

    😁😁😁