{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Tuesday, June 23, 2015

    ***🍀 အမွာစာ 🍀***


    LIFE's photo.

    🌹🌹🌹
    လူတိုင်းလူတိုင်းမှာ ငြိမ်းချမ်းတဲ့သူဖြစ်ဖို့ အခွင့်အရေးလည်း ရှိပါတယ်၊၊
    ကိုယ့်ရဲ့မွေးရာပါ အခွင့်အရေးဖြစ်တဲ့ ငြိမ်းချမ်းတဲ့သူ ဖြစ်ဖို့ ဆိုတာကို
    ဖြစ်အောင်လုပ်ဖို့ တာဝန်လည်း ယူသင့်ပါတယ်၊၊ ငြိမ်းချမ်းနေတဲ့စိတ်မှာ-
    မျှတတဲ့သဘောထား ရှိတယ်၊၊ မှန်ကန်တဲ့အမြင် ရှိတယ်၊၊ ဒါကြောင့်
    အများအကျိုးကိုလည်း ထိထိရောက်ရောက် ဆောင်ရွှက်နိုင်တယ်၊၊
    ဒီလို ငြိမ်းချမ်းတဲ့သူတွေများရင် လောကကြီး ဘယ်လောက်

    သာယာဖွံ့ဖြိုးနေမလဲနော်၊၊

    🌹🌹🌹
    ဘယ်လိုအလုပ်မျိုးကိုပဲ လုပ်လုပ် သဘောထားမှန်ဖို့ သိပ်အရေးကြီးပါတယ်၊၊
    သဘောထားမှန်မှန်နဲ့ လုပ်ရင် အကောင်းဆုံး အကျိုးရလဒ်ကိုရသလို
    အမြင့်ဆုံး စိတ်ကျေနပ်မှုကိုလည်း ရပါတယ်၊၊
    💧 ဒကာဒကာမတွေအားလုံး မှန်ကန်တဲ့သဘောထား၊ ငြိမ်းချမ်းတဲ့စိတ်နဲ့
    လွတ်လပ်တဲ့ဘဝတွေကို တည်ဆောက်နိုင်ကြပါစေ၊၊ 💧
    💥ဘာအခက်အခဲမှ မရှိရင် ဘာရင့်ကျက်မှုမှ မရှိနိုင်💥

    🌹🌹🌹
    လူတိုင်းမှာ စိတ်ကောင်း ရှိပါတယ်၊၊ တခါတလေ ဆိုးတဲ့စိတ်လည်း ဖြစ်ပါတယ်နော်၊၊
    လူတိုင်းမှာ စိတ်ကောင်းရှိတယ်ဆိုတာ မေ့မထားဖို့ အရေးကြီးပါတယ်၊၊
    အားလုံး သဘောထားကြီးကြီးနဲ့ စိတ်ထားကောင်းကောင်းနဲ့ ဆက်ဆံရင်
    အခက်အခဲတွေ ပိုပြီးတော့ အဆင်ပြေသွားမယ်၊၊ ပိုပြီးတော့ ပြေလည်သွားမယ်နော်၊၊
    ဘဝမှာ အခက်အခဲတွေ မရှိရင် ကောင်းမလားလို့ မေးရင်ကော- အမှတ်တမဲ့
    တွေးကြည့်ရင်တော့ ဘဝမှာ ဘာမှအခက်အခဲမရှိရင် သိပ်ကောင်းမှာပဲလို့
    တွေးကြမှာပဲ၊၊ တချို့ဆိုရင်လည်းပဲ ဆုတောင်းတဲ့အထဲမှာ ထည့်လေ့ရှိတယ်၊၊ “
    လိုတရတဲ့ဘဝမျိုး ဖြစ်ရပါလို၏” အဲသလိုဘဝမျိုး ဖြစ်နေတာ
    ဘယ်နှစ်ယောက်လောက်များ ရှိမလဲ၊၊ မရှိပါဘူးနော်၊၊ အခက်အခဲဆိုတာ
    ဘဝရဲ့ သဘာဝပါပဲ၊၊ ရှိနေမှာပဲ၊၊ တွေ့ကြုံလာရတဲ့ အခက်အခဲကို သတိနဲ့
    ဥာဏ်နဲ့ သဘောထားကြီးကြီးနဲ့ ဖြေရှင်းနိုင်တဲ့အရည်အချင်း ရှိဖို့ပဲ လိုပါတယ်၊၊
    ဘာအခက်မှမရှိတဲ့ဘဝကို နေရတဲ့လူဟာ၊ ဘာရင့်ကျက်မှုမှ မရှိနိုင်ဘူး၊၊
    💥 အားရစရာကောင်းတဲ့ နေ့ထူးနေ့မြတ်ကြီး 💥

    🌹🌹🌹
    There was a time when I thought it was a nuisance to
    be confronted with a problem.
    တချိန်တုန်းက အခက်အခဲတွေ၊ ပြဿနာတွေနဲ့ တွေကြုံနေရတာဟာ
    သိပ်စိတ်အနှောင့်အယှက် ဖြစ်တာပဲ၊၊ သိပ်ဒုက္ခများတာပဲ၊
    မကျေနပ်စရာကြီးပါလို့ ဒီလို တွေးခဲ့ဖူးပါတယ်၊၊ ပြဿနာကို
    နားမလည်နိုင်ရင် မဖြေရှင်းနိုင်ရင် ပြဿနာကို ပိုကြောက်တယ်၊၊
    ပြဿနာကို နားလည်လာရင် ပြဿနာကို မကြောက်တော့ဘူး၊၊
    ပြဿနာတွေကို တခုပြီးတခု ဖြေရှင်းရတာဟာ လူ့ဘဝမှာ
    လုပ်ရိုးလုပ်စဉ် လုပ်ရမယ့်ကိစ္စလို့ နားလည်လာတယ်၊၊

    🌹🌹🌹
    I tried to get rid of it.
    ပြဿနာကို မြန်မြန် ဖျောက်ပစ်ချင်တယ်၊၊ ရှောင်ချင်တယ်၊၊
    I tried to get somebody else to solve it for me.
    တခြားတယောက်ယောက်က ကိုယ့်ပြဿနာ ကိုယ့်အခက်အခဲကို
    ဖြေရှင်းပေးစေချင်တယ်၊၊
    ကိုယ့်အခက်အခဲကို ကိုယ် မဖြေရှင်းချင်ဘူး၊၊ သူများ လာဖြေရှင်းပေးစေချင်တယ်၊၊
     မိဘ ဖြစ်ချင်လည်းဖြစ်မယ်၊၊ ဆရာသမားတွေ ဖြစ်ချင်လည်းဖြစ်မယ်၊၊
    သိပ်ငယ်တဲ့ကလေးဆိုရင်တော့ ကိုယ့်အခက်အခဲကို မိဘကဖြေရှင်းပေးဖို့
    မျှော်လင့်တာ သဘာဝကျပါတယ်၊၊ လူကြီးတယောက်အနေနဲ့ မျှော်လင့်နေတာ
    သဘာဝ မကျဘူး၊၊
    But that time was long ago.
    အဲဒီလို ကိုယ့်ပြဿနာကို သူများကို ဖြေရှင်းပေးစေချင်တယ်ဆိုတဲ့
    တောင့်တမှုမျိုး ဖြစ်ခဲ့တာဟာ ကြာခဲ့ပါပြီ၊၊ ကျန်ခဲ့ပြီ၊၊ ပြီးခဲ့ပြီ၊၊
    It was a great day in my life when i discovered the wonderful
    purpose of problems.
    ဘဝမှာ ဒီပြဿနာတွေ အခက်အခဲတွေရဲ့ အင်မတန်ထူးခြားတဲ့
    အံ့သြစရာကောင်းတဲ့ အကြောင်းတရားတွေကို သဘောပေါက်လာတဲ့အခါမှာ
    အဲဒီ သဘောပေါက်လာတဲ့နေ့ဟာ ကိုယ့်အတွက် အင်မတန် ဝမ်းသာစရာ
    အားရစရာကောင်းတဲ့ နေ့ထူးနေ့မြတ်ကြီးပဲဆိုတာကို ခံစားရတယ်၊၊
    အခက်အခဲတွေကိုနားလည်ပြီး ဖြေရှင်းလို့ အရည်အချင်းတိုးလာတာ
    ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးလာတာကို ခံစားရတော့ ကိုယ့်ကိုယ်ကို
    ယုံကြည်မှုပိုတိုးလာအောင်ပဲ လုပ်ချင်နေတယ်၊၊ ဒါကြောင့် တတ်နိုင်သလောက်
    အခက်အခဲတွေ ပြဿနာတွေကို ရင်ဆိုင်ချင်တယ်၊၊ မရှောင်ချင်တော့ဘူး၊၊
    ဘာအခက်မှမရှိရင် လုပ်စရာ မရှိတော့ဘူး၊၊ ဥာဏ်လည်း မထုတ်ရတော့ဘူး၊၊
    ဝိရိယလည်း မထုတ်ရတော့ဘူး၊၊ သည်းခံရတယ်ဆိုတာလည်း မရှိတော့ဘူး၊၊
    သဘောထားကြီးရတယ် ဆိုတာလည်း မရှိတော့ဘူး၊၊ သို့သော် အခက်အခဲတွေ
     များလွန်းအားကြီးပြီးတော့ မနိုင်မနင်းဖြစ်သွားပြန်ရင်လည်း မကောင်းပြန်ဘူး၊၊
    တချို့ ဒုက္ခတွေကို မဖြေရှင်းနိုင်တော့လို့ ရူးသွားတာတောင် ရှိတယ်၊၊
    ကိုယ်နိုင်သလောက်ကလေးကတော့ အခက်အခဲရှိမှ ကောင်းတယ်၊၊
    ရုံးကန်နေရမှ ကောင်းတယ်၊၊ အခက်အခဲတွေမှာ
    အင်မတန်အံ့သြစရာကောင်းတဲ့အကြောင်းတရားတွေ ရှိပါတယ်၊၊
    အခက်အခဲတွေဟာ အကျိုးရှိပါတယ်၊၊🏃💃🚶
    ➖➖➖🔹🍄🍄🔹➖➖➖
    💡ဆရာတော်ဦးဇောတိက💡
    🍀 ( မဟာမြိုင်တောရ ) 🍀
    ▫️ ▫️၏ ▫️ ▫️
    💧“အခွင့်အရေးနှင့်တာဝန်၊ သဘောထားမှန်ပါစေ” 💧
    စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊
    📙 ( စာမျက်နှာ- ၃ ) 📙
     
    {{{{{.အားပေးမှုအတွက် ကျေးဇူတင်ပါသည်.}}}}}

    No comments:

    Post a Comment

    😁😁😁