{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Tuesday, June 23, 2015

    ***မြန်မာ့လက်ရွေးစင်အသင်း အသစ်ပြန်ဖွဲ့မည်***


    The Voice Weekly's photo.
     ရုရှားနိုင်ငံမှာ ကျင်းပမယ့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ
    ခြေစစ်ပွဲနဲ့ ၂၀၁၉ ခုနှစ် အာရှဖလား ခြေစစ်ပွဲ ယှဉ်ပြိုင်ေ...နတဲ့
    မြန်မာ့လက်ရွေးစင် အသင်းကို သြဂုတ်လမှာ ပြန်လည်ဖွဲ့စည်းမှာ ဖြစ်ပြီး

    ပြည်ပထွက် လေ့ကျင့်မှုတွေလည်း ပြုလုပ်မယ်လို့ မြန်မာ့လက်ရွေးစင်
    အမျိုးသားအသင်းကြီး အတွင်းရေးမှူး ဦးထွန်းထွန်းအောင်က ပြောပါတယ်။
    “လက်ရှိအသင်းကို အခု ခွင့်ပေးထားတယ်။ နည်းပြကြီးကလည်း စင်ကာပူ
     ပြန်သွားတယ်။ အသင်းကို သြဂုတ်လထဲမှာ ပြန်ဖွဲ့မယ်။ ကစားသမားအများစု
    အပြောင်းအလဲ လုပ်မယ်။ ယူ ၂၀ နဲ့ ယူ ၂၃ အသင်းက အဓိက ကစားသမားတွေ
    ပါဝင်လာနိုင်တယ်။ ပြီးရင် ပြည်ပထွက် လေ့ကျင့်ရင်း ခြေစမ်းပွဲကစားပြီး
    ကူဝိတ်ကိုသွားမယ်” လို့ သူက ဆိုပါတယ်။
    မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းကြီးဟာ လက်ရှိမှာ ခြေစစ်ပွဲ နှစ်ပွဲ
    ကစားထားပြီး လိဂ်ပြိုင်ပွဲတွေ ယှဉ်ပြိုင်ဖို့ သက်ဆိုင်ရာ ကလပ်အသင်းတွေကို
    စေလွှတ်ပေးထားတယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။
    မြန်မာအသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲရဲ့ တတိယပွဲစဉ်အဖြစ်
    စက်တင်ဘာလ ၃ ရက်နေ့မှာ ကူဝိတ်အသင်း၊ အောက်တိုဘာ ၈ ရက်နေ့မှာ
    လက်ဘနွန်၊ အောက်တိုဘာ ၁၃ ရက်နေ့မှာ လာအို၊ နိုဝင်ဘာ ၁၂ ရက်နေ့မှာ
    တောင်ကိုရီးယား၊ နိုဝင်ဘာ ၁၇ ရက်နေ့မှာ ကူဝိတ်၊ ၂၀၁၆ ခုနှစ်
    မတ်လ ၂၉ ရက်နေ့မှာ လက်ဘနွန်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်တယ်လို့
    ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က ထုတ်ပြန်ထားပါတယ်။
    မြန်မာဘောလုံးချစ်မြတ်နိုးသူများ.
    {{{{{.အားပေးမှုအတွက် ကျေးဇူတင်ပါသည်.}}}}}

    No comments:

    Post a Comment

    😁😁😁