{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Sunday, February 8, 2015

    *** သမိုင်းကိုဖျောက်လို့မရပါ ***

    ၁၃၀၀ ပြည့် ကျောင်းသား အရေးတော်ပုံမှာ ကိုအောင်ကျော် ကျဆုံးအောင်လုပ်တဲ့ တရားခံအမှန်ကို သိကြပါသလား။ သမိုင်းတရားခံ အစစ်အမှန်ကို ပြန်လည်ဆင်ခြင်ကြည့်နိုင်အောင် ပြောချင်ပါတယ်။

၁၉၃၈ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ကျောင်းသားတွေ အတွင်းဝန်ရုံးကို ပိတ်ဆို့ပြီး ဆန္ဒပြကြတယ်။ ရည်ရွယ်ချက်က နယ်ချဲ့အစိုးရ လုပ်ငန်းတွေ ရပ်ဆိုင်းသွားအောင်။
ဆန္ဒပြရတဲ့ အကြောင်းက ၁၃၀၀ ပြည့် အလုပ်သမားအရေးတော်ပုံကို သွားပြီး အင်အားဖြည့်တဲ့ ကျောင်းသား ခေါင်းဆောင် ကိုဘဟိန်းနဲ့ ကိုဘဆွေကို ဖမ်းလိုက်ကြလို့။

ဒီဇင်ဘာ ၂၀ ရက်နေ့မှာ စပတ်လမ်း (Spark Street) ယခု ဗိုလ်အောင်ကျော်လမ်းမှာ ကျောင်းသားတွေ သောင်းနဲ့ချီပြီး ဆန္ဒပြနေတယ်။ အစိုးရလုပ်ငန်းတွေ ၄ နာရီလောက် ရပ်ဆိုင်းသွားတယ်။ ကျောင်းသားတွေ လည်း နေ့လည်လောက်ကျတော့ နေကလည်းပူ၊ အတွင်းဝန်ရုံးမှာ တာဝန်ရှိတဲ့သူတွေ တစ်ယောက်မှ မရှိဘူးဆို တာသိလို့ ပြန်ဖို့ ပြင်ဆင်ကြတယ်။

ကျောင်းကိုပြန်ဖို့ ပြင်ကြရမှာ လေးယောက်တစ်တွဲ စနစ်ကျစွာပြန်ဖို့ တန်းစီနေတုန်း ပုလိပ်တွေက မြင်းတွေနဲ့ တိုက်၊ နံပါတ်တုတ်တွေနဲ့ ဝင်ရိုက်ကြတယ်။

ပုလိပ်တွေ ဒီလို လုပ်ရတာက အဲဒီလမ်းထဲမှာရှိတဲ့ သူရိယသတင်းစာတိုက်ပေါ်က ပုလိပ်တွေကို ဘိလပ်ရည်ပုလင်းနဲ့ ပစ်လိုက်လို့ ပုလိပ်တွေက ကျောင်းသားတွေ ဆော်ပြီထင်ပြီး ဝင်ရိုက် ဝင်တိုက်ကြတာ။

အဲဒီအချိန်က သူရိယသတင်းစာတိုက်မှာ ဗိုလ်ချုပ်ကို သတ်သွားတဲ့ ဂဠုန်ဦးစော ရှိနေတယ်။

 ဂဠုန်ဦးစောရဲ့ မျိုးချစ်ပါတီဝင် ဦးအိန်က အခြေအနေတွေကို ရှုပ်ထွေးသွားအောင် ပုလိပ်တွေကို ပုလင်းနဲ့ပေါက်ပြီး သွားဆွပေး လိုက်ရာက ပုလိပ်တွေ ကြောက်လန့်ပြီး ဝင်ရိုက်လို့ ကိုအောင်ကျော် ကျဆုံးသွားခဲ့ရတာ။

ကျောင်းသားတွေပြန်တော့မယ်လုပ်မှ ဦးစောရဲ့ အကွက်ဆင်တာကြောင့် အခြေအနေက ပိုပြီး ရှုပ်ထွေးကုန်ပြီး ကိုအောင်ကျော် ကျဆုံးခဲ့ရတယ်လို့ဆိုတယ်။

ဂဠုန်ဦးစော နန်းရင်းဝန်ဖြစ်လာပြီး အာဏာရလာတော့ ပုလင်းနဲ့ပစ်ပေးပြီး ကျောင်းသားသေအောင် လုပ်ပေးတဲ့ ဦးအိန်ကို ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ခန့်လိုက်ပါတယ်။

ဒီစာကို ဆရာဇဝနရဲ့စာနဲ့ ဗိုလ်မှူးချုပ်ဟောင်း မောင်မောင်ရေးတဲ့ National Movements of Burma (1920-1940) ကို မှီးငြမ်းပြုပြီးရေးပါတယ်။
၇.၂.၂၀၁၅

edited ဦးတင်ညွန့်
    ၁၃၀၀ ပြည့် ကျောင်းသား အရေးတော်ပုံမှာ ကိုအောင်ကျော် ကျဆုံးအောင်လုပ်တဲ့ တရားခံအမှန်ကို သိကြပါသလား။ သမိုင်းတရားခံ အစစ်အမှန်ကို ပြန်လည်ဆင်ခြင်ကြည့်နိုင်အောင် ပြောချ...င်ပါတယ်။
    ၁၉၃၈ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ကျောင်းသားတွေ အတွင်းဝန်ရုံးကို ပိတ်ဆို့ပြီး ဆန္ဒပြကြတယ်။ ရည်ရွယ်ချက်က နယ်ချဲ့အစိုးရ လုပ်ငန်းတွေ ရပ်ဆိုင်းသွားအောင်။
    ဆန္ဒပြရတဲ့ အကြောင်းက ၁၃၀၀ ပြည့် အလုပ်သမားအရေးတော်ပုံကို သွားပြီး အင်အားဖြည့်တဲ့ ကျောင်းသား ခေါင်းဆောင် ကိုဘဟိန်းနဲ့ ကိုဘဆွေကို ဖမ်းလိုက်ကြလို့။
    ဒီဇင်ဘာ ၂၀ ရက်နေ့မှာ စပတ်လမ်း (Spark Street) ယခု ဗိုလ်အောင်ကျော်လမ်းမှာ ကျောင်းသားတွေ သောင်းနဲ့ချီပြီး ဆန္ဒပြနေတယ်။ အစိုးရလုပ်ငန်းတွေ ၄ နာရီလောက် ရပ်ဆိုင်းသွားတယ်။ ကျောင်းသားတွေ လည်း နေ့လည်လောက်ကျတော့ နေကလည်းပူ၊ အတွင်းဝန်ရုံးမှာ တာဝန်ရှိတဲ့သူတွေ တစ်ယောက်မှ မရှိဘူးဆို တာသိလို့ ပြန်ဖို့ ပြင်ဆင်ကြတယ်။
    ကျောင်းကိုပြန်ဖို့ ပြင်ကြရမှာ လေးယောက်တစ်တွဲ စနစ်ကျစွာပြန်ဖို့ တန်းစီနေတုန်း ပုလိပ်တွေက မြင်းတွေနဲ့ တိုက်၊ နံပါတ်တုတ်တွေနဲ့ ဝင်ရိုက်ကြတယ်။
    ပုလိပ်တွေ ဒီလို လုပ်ရတာက အဲဒီလမ်းထဲမှာရှိတဲ့ သူရိယသတင်းစာတိုက်ပေါ်က ပုလိပ်တွေကို ဘိလပ်ရည်ပုလင်းနဲ့ ပစ်လိုက်လို့ ပုလိပ်တွေက ကျောင်းသားတွေ ဆော်ပြီထင်ပြီး ဝင်ရိုက် ဝင်တိုက်ကြတာ။
    အဲဒီအချိန်က သူရိယသတင်းစာတိုက်မှာ ဗိုလ်ချုပ်ကို သတ်သွားတဲ့ ဂဠုန်ဦးစော ရှိနေတယ်။
    ဂဠုန်ဦးစောရဲ့ မျိုးချစ်ပါတီဝင် ဦးအိန်က အခြေအနေတွေကို ရှုပ်ထွေးသွားအောင် ပုလိပ်တွေကို ပုလင်းနဲ့ပေါက်ပြီး သွားဆွပေး လိုက်ရာက ပုလိပ်တွေ ကြောက်လန့်ပြီး ဝင်ရိုက်လို့ ကိုအောင်ကျော် ကျဆုံးသွားခဲ့ရတာ။
    ကျောင်းသားတွေပြန်တော့မယ်လုပ်မှ ဦးစောရဲ့ အကွက်ဆင်တာကြောင့် အခြေအနေက ပိုပြီး ရှုပ်ထွေးကုန်ပြီး ကိုအောင်ကျော် ကျဆုံးခဲ့ရတယ်လို့ဆိုတယ်။
    ဂဠုန်ဦးစော နန်းရင်းဝန်ဖြစ်လာပြီး အာဏာရလာတော့ ပုလင်းနဲ့ပစ်ပေးပြီး ကျောင်းသားသေအောင် လုပ်ပေးတဲ့ ဦးအိန်ကို ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ခန့်လိုက်ပါတယ်။
    ဒီစာကို ဆရာဇဝနရဲ့စာနဲ့ ဗိုလ်မှူးချုပ်ဟောင်း မောင်မောင်ရေးတဲ့ National Movements of Burma (1920-1940) ကို မှီးငြမ်းပြုပြီးရေးပါတယ်။
    ၇.၂.၂၀၁၅
    edited ဦးတင်ညွန့်
    ဒီမျိုးဆက် DMyoSat

    No comments:

    Post a Comment

    😁😁😁