{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Sunday, February 8, 2015

    *** ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ်အဖွင့် ***

    ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ်အဖွင့်
--------------------------------------------
ကာမေသု-ကာမဂုဏ်တရားတို့၌ မိစ္ဆာစာရ-မှားယွင်းစွာကျင့်ခြင်းဟု အနက်ထွက်သည်။သိလွယ်အောင် မြန်မာမှုပြုလိုက်သောအခါ သူတပါးသားမယားကို ပြစ်မှားကျူးလွန်ခြင်းဟု ဖြစ်သွားသည်။မသွားလာ မကျူးလွန်ထိုက်သော
မိန်းမ(၂၀)ရှိသည်။

   မကျူးလွန်ရသောမိန်းမ(၂၀)
   ---------------------------------
၁။မိခင်အုပ်ထိန်းသော မိန်းမ
၂။ဖခင်အုပ်ထိန်းသော မိန်းမ
၃။မိဘနှစ်ပါးလုံး အုပ်ထိန်းသောမိန်းမ
၎။မောင်ကြီး မောင်ငယ် အုပ်ထိန်းသောမိန်းမ
၅။အစ်မ ညီမ အုပ်ထိန်းသောမိန်းမ
၆။ဆွေမျိုးသားချင်းအုပ်ထိန်းသော မိန်းမ
၇။အမျိုးအနွယ် အုပ်ထိန်းသော မိန်းမ
၈။တရားကျင့်ဖော်ချင်း အုပ်ထိန်းသော မိန်းမ

ဤရှစ်ယောက်သော မိန်းမတို့ကား အပျိုများသာဖြစ်သည်။သူတို့၏ ကာမကို ပိုင်ဆိုင်သူမရှိ။စောင့်ရှောက်မည့်သူသာ ရှိသည်။ထို့ကြောင့် ယောက်ျားတစ်ပါးတို့နှင့် ကျူးလွန်ပျော်ပါးလျှင် ထိုအမျိုးသမီးရှစ်ယောက်တို့မှာ ကာမေသုမိစ္ဆာစာရ မဖြစ်။ကျူးလွန်သော ယောက်ျားမှာသာ ကာမေသုမိစ္ဆာစာရ ဖြစ်သည်။

     သို့သော် ထိုအပျိုမရှစ်ယောက်တို့သည် ငါတို့မှာ ကာမေသုမိစ္ဆာစာရ မဖြစ်ဟုဆိုပြီး အညှာလွယ်ကြမည်ဆိုလျှင် လောကအလယ် အရှက်တကွဲ အကျိုးနည်းဖြစ်ပြီး လင်ကောင်းသားကောင်း ရတော့မည်မဟုတ်ပေ။အကြောင်းကား ယောက်ျားတို့၏ သဘာဝသည် အညှာလွယ်သော မိန်းမများကို ``တစ်ခြားယောက်ျားလည်း ဒီလို လိုက်လျောတာနေမှာ´´ဟု ယူဆပြီး အထင်အမြင်သေးကာ အပျော်သာကြံတတ်ကြသောကြောင့်တည်း။

သမီးပျိုတို့အတွက် တစ်သက်တာနီတိ
----------------------------------------------
လူတို့သည် သောက်ရေအိုးစင်ကရေကို သောက်ရုံသာ သောက်ကြ၏။ဘယ်တော့မှ ခြေမဆေး။ခြေဆေးရေအိုးကရေကိုလည်း ခြေဆေးရုံသာ ဆေးကြ၏။ဘယ်တော့မှ မသောက်ကြ။

ထို့အတူ ယောက်ျားအများစုတို့သည် ကိုယ်ကျင့်သီလနှင့်ပြည့်စုံ၍ ဣနြေ္ဒရှိသောမိန်းကလေးကို ရာသက်ပန်အတည်သာ ကြံ၏။အပျော်မကြံ။

အညှာလွယ်၍ ကိုယ်ကျင့်သီလမရှိသော မိန်းမကို သာယာမှုရှာရုံ အပျော်သာကြံ၍ ရာသက်ပန်အတည်မကြံကြပေ။

ဆက်လက်ဖော်ပြမည့် မိန်းမ ၁၂ ယောက်တို့သည်ကား ကာမပိုင်ယောက်ျားရှိသော အအိုများဖြစ်သည်။ ယင်းတို့ကား

  ၉။ကိုယ်ဝန်တည်ကတည်းက မှတ်သားသိမ်းဆည်းခံရသော မိန်းမ

  ၁၀။ဤမိန်းမကို သွားလျှင် ဒဏ်သင့်စေဟု မင်းမိန့်ထုတ်ထားသော မိန်းမ

၁၁။ဥစ္စာဖြင့် ဝယ်ယူပေါင်းသင်းနေသော မိန်းမ(ယောက်ျားတစ်ယောက်ယောက်က တစ်ပတ်ဖြစ်စေ တစ်လဖြစ်စေ ငွေပေး၍ ပျော်ပါးနေသော ပြည့်တန်ဆာမကို ဆိုလိုသည်။ထိုရက်ထိုလအတွင်း တစ်ခြားယောက်ျား တစ်ပါးသူနှင့် ပျော်ပါးလျင် ထိုပြည့်တန်ဆာမရော ပျော်ပါးသောယောက်ျားပါ ကာမေသုမိစ္ဆာစာရ ဖြစ်သည်။)

၁၂။အလိုတူ၍ ပေါင်းသင်းနေသော မိန်းမ

၁၃။ဥစ္စာစည်းစိမ်အပ်နှံ၍ ပေါင်းသင်းနေသော မိန်းမ

၁၄။အဝတ်တန်ဆာ ဆင်ပေး၍ ပေါင်းသင်းနေသော မိန်းမ

၁၅။လူကြီးစုံရာနှင့် လက်ထက်ပေါင်းသင်းနေသော မိန်းမ

၁၆။ထင်းခွေ ရေခပ် လုက်ကိုင်နေသောမိန်းမအား ထိုအလုပ်ကို မလုပ်စေဘဲ ပေါင်းသင်းနေသော မိန်းမ

၁၇။မယားပြုထားသော မိန်းမ

၁၈။မယားပြုထားသော အလုပ်သူမ

၁၉။မယားအဖြစ် ပေါင်းသင်းခံရသော သုံ့ပန်းမိန်းမ

၂၀။ခေတ္တငှားရမ်း ပေါင်းသင်းနေသော မိန်းမ(ပြည့်တန်ဆာမ)  တို့ ဖြစ်သည်။

ယင်းမိန်းမ ၁၂ ယောက်တို့သည် ကာမပိုင်ယောက်ျားများရှိကြသောကြောင့် ယောက်ျားတစ်ပါးနှင့် ပျော်ပါးလျင် နှစ်ဦးလုံး ကာမေသုမိစ္ဆာစာရ ဖြစ်သည်။မသွားလားကောင်းသော မိန်းမနှစ်ဆယ်ကိုသာ ဟောကြားပြီး မသွားလာကောင်းသော ယောက်ျားနှစ်ဆယ်ကို အဘယ်ကြောင့် မဟောသနည်း။

အဖြေကား ကာမေသုမိစ္ဆာစာရကံကို မိန်းမတို့ ဦးဆောင်ကျူးလွန်၍ မဖြစ်ပဲ ယောက်ျားတို့က ဦးဆောင်ကျူးလွန်မှ ဖြစ်နိုင်သောကြောင့်ပေတည်း။ထိုကာမေသုမိစ္ဆာရကံထိုက်ရန် အင်္ဂါလေးချက်ရှိ၏။ယင်းတို့ကား 

-မသွားလာအပ်သော မိန်းမနှစ်ဆယ်ဖြစ်ခြင်း
-ထိုမိန်းမ၌ မှီဝဲလိုသောစိတ်ရှိခြင်း
-လုံ့လပြုခြင်း
-သာယာခြင်း တို့ ဖြစ်ပေသည်။
ကာမေသုမိစ္ဆာစာရကံကို ကျူးလွန်ကြသူများ ခံစားရမည့်ဆိုးကျိုးနှင့် ရှောင်ကြည်လျင် ခံစားရမည့် ကောင်းကျိုးများမှာ

မိစ္ဆာစာရ ကျူးလွန်ကလည်း မုန်းကြသူများ ရန်သူပွား၍ ရှားပါးလာဘ်တိတ် ချမ်းသာဆိတ်၏။ဣတ္ထိပဏ္ဍုက် မျိုးယုတ်ခါခါ မျက်နှာမလှ အရှက်ရလျှက် လက္ခဏဣနြေ္ဒ ယွင်းသွေချို့သိမ် စိုးရိမ်များစွာ ချစ်သူကွာသည် ရှောင်ခါအပြန်အကျိုးတည်း . .

ဟူသော လင်္ကာအတိုင်း ကာမေသုမိစ္ဆာရကံကို ကျူးလွန်သူများသည် . . .
-လူမုန်းများမည်
-ရန်သူများမည်
-ပစ္စည်းလာလာဘ ရှားပါးမည်
-ဆင်းရဲမွဲတေမည်
-မိန်းမ သို့မဟုတ် ပဏ္ဍုက်သာ ဖြစ်ရမည်။
-လူဖြစ်လျင် ယုတ်ညံ့သောအမျိုး၌ ဖြစ်ရသည်။
-အရုပ်ဆိုး အကျည်းတန်ဖြစ်ရသည်။
-အရှက်တကွဲ အကျိုးနည်း ဖြစ်ရသည်။
-ယောက်ျားလက္ခဏာ မိန်းမလက္ခဏာနှင့် 
-မျက်စိ နား နှာ လျှာ ကိုယ် စိတ် ဟူသော ဣနြေ္ဒခြောက်ပါး ချို့ယွင်းတတ်သည်။
-စိုးရိမ်သောက ဖြစ်နေရတတ်သည်။
-ချစ်သူနှင့် ကွေကွင်းရတတ်သည်။

ကာမေသုမှ ရှောင်ကြဉ်လျှင်
----------------------------------
-ချစ်သူပေါများမည်
-ပစ္စည်းလေးပါး လာဘ်လာဘ ပေါများမည်။
-စည်းစိမ်ဥစ္စာ ချမ်းသာမည်။
-မြင့်မြတ်သော ယောက်ျားသာ ဖြစ်ရမည်။
-အမျိုးမြတ်သာ ဖြစ်ရမည်။
-ရုပ်ရည်ချောမောလှပမည်။
-လက္ခဏာဣနြေ္ဒ ပြည့်စုံမည်။
-စိတ်အေားချမ်းသာစွာ နေရမည်။
-ချစ်သောသူနှင့် ပေါင်းသင်းရမည် ဟူသော ကောင်းကျိုးများကို ပြန်လည်ခံစားရမည်။
--------------------------------------------------------
အကိုး - သင်္ဂြိုဟ်ဘာသာဋီကာ
ဗုဒ္ဓဘာသာလက်စွဲကျမ်း
မေတ္တာရှင် ရွှေပြည်သာ၏ သီလအစွမ်း
မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ
     
    V-Day မှာ မဒီလေးနဲ့ အတိုးချပျော်လိုက်မယ်လို့
    အပီတွေးထားသူများအတွက်

    အဖြေကား - ကာမေသုမိစ္ဆာစာရကံကို မိန်းမတို့ ဦးဆောင်ကျူးလွန်၍ မဖြစ်ပဲ ယောက်ျားတို့က ဦးဆောင်ကျူးလွန်မှ ဖြစ်နိုင်သောကြောင့်ပေတည်း။ထိုကာမေသုမိစ္ဆာရကံထိုက်ရန် အင်္ဂါလေးချက်ရှိ၏။ယင်းတို့ကား
    -မသွားလာအပ်သော မိန်းမနှစ်ဆယ်ဖြစ်ခြင်း
    -ထိုမိန်းမ၌ မှီဝဲလိုသောစိတ်ရှိခြင်း
    -လုံ့လပြုခြင်း
    -သာယာခြင်း တို့ ဖြစ်ပေသည်။
    ကာမေသုမိစ္ဆာစာရကံကို ကျူးလွန်ကြသူများ ခံစားရမည့်ဆိုးကျိုးနှင့် ရှောင်ကြည်လျင် ခံစားရမည့် ကောင်းကျိုးများမှာ
    မိစ္ဆာစာရ ကျူးလွန်ကလည်း မုန်းကြသူများ ရန်သူပွား၍ ရှားပါးလာဘ်တိတ် ချမ်းသာဆိတ်၏။ဣတ္ထိပဏ္ဍုက် မျိုးယုတ်ခါခါ မျက်နှာမလှ အရှက်ရလျှက် လက္ခဏဣနြေ္ဒ ယွင်းသွေချို့သိမ် စိုးရိမ်များစွာ ချစ်သူကွာသည် ရှောင်ခါအပြန်အကျိုးတည်း . .
    ဟူသော လင်္ကာအတိုင်း ကာမေသုမိစ္ဆာရကံကို ကျူးလွန်သူများသည် . . .
    -လူမုန်းများမည်
    -ရန်သူများမည်
    -ပစ္စည်းလာလာဘ ရှားပါးမည်
    -ဆင်းရဲမွဲတေမည်
    -မိန်းမ သို့မဟုတ် ပဏ္ဍုက်သာ ဖြစ်ရမည်။
    -လူဖြစ်လျင် ယုတ်ညံ့သောအမျိုး၌ ဖြစ်ရသည်။
    -အရုပ်ဆိုး အကျည်းတန်ဖြစ်ရသည်။
    -အရှက်တကွဲ အကျိုးနည်း ဖြစ်ရသည်။
    -ယောက်ျားလက္ခဏာ မိန်းမလက္ခဏာနှင့်
    -မျက်စိ နား နှာ လျှာ ကိုယ် စိတ် ဟူသော ဣနြေ္ဒခြောက်ပါး ချို့ယွင်းတတ်သည်။
    -စိုးရိမ်သောက ဖြစ်နေရတတ်သည်။
    -ချစ်သူနှင့် ကွေကွင်းရတတ်သည်။
    ကာမေသုမှ ရှောင်ကြဉ်လျှင်
    ----------------------------------
    -ချစ်သူပေါများမည်
    -ပစ္စည်းလေးပါး လာဘ်လာဘ ပေါများမည်။
    -စည်းစိမ်ဥစ္စာ ချမ်းသာမည်။
    -မြင့်မြတ်သော ယောက်ျားသာ ဖြစ်ရမည်။
    -အမျိုးမြတ်သာ ဖြစ်ရမည်။
    -ရုပ်ရည်ချောမောလှပမည်။
    -လက္ခဏာဣနြေ္ဒ ပြည့်စုံမည်။
    -စိတ်အေားချမ်းသာစွာ နေရမည်။
    -ချစ်သောသူနှင့် ပေါင်းသင်းရမည် ဟူသော ကောင်းကျိုးများကို ပြန်လည်ခံစားရမည်။
    --------------------------------------------------------
    အကိုး - သင်္ဂြိုဟ်ဘာသာဋီကာ
    ဗုဒ္ဓဘာသာလက်စွဲကျမ်း
    မေတ္တာရှင် ရွှေပြည်သာ၏ သီလအစွမ်း
    မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ
    ဓမ္မစကူးလ် ဆုံရာဗုဒ္ဓဘာသာများဆုံဆည်းရာနေရာ

    No comments:

    Post a Comment

    😁😁😁