{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Sunday, February 8, 2015

    ***ပြာသိုလပြည့် ရှင်တစ်ထောင်အခါတော်နေ့ ***

    ပြာသိုလပြည့် ရှင်တစ်ထောင်အခါတော်နေ့
------------------------
၁။ရှင်တစ်ထောင်အခါတော်နေ့ ကျင်းပရခြင်း
အကြောင်းမှာ ဂေါတမမြတ်စွာဘုရားလက်
ထက်တော်အခါက ရသေ့ညီနောင် ရှင်တစ်
ထောင်တို့သည် ပြာသိုလပြည့်နေ့တွင် မိမိတို့၏
အယူဝါဒကို ပယ်စွန့်ပြီး ဗုဒ္ဓသာသနာတော်သို့
ကူးပြောင်းရောက်ရှိသည်ကို အကြောင်းပြု၍
ကျင်းပရခြင်းဖြစ်ပါသည်။

၂။မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃ ခု
နှစ် ပထမဝါကျွတ်ပြီးနောက် ရသေ့တစ်ထောင်
ကို ချွတ်ရန် ဥရုဝေဠတောသို့ တန်ဆောင်မုန်း
လပြည့်နေ့တွင် ရောက်တော်မူပါသည်။ပြာသို
လပြည့်နေ့အထိ ၂-လ ကြာမျှ ဥရုဝေဠတော
တွင် သီတင်းသုံး၍ ရသေ့များအား စည်းရုံးခဲ့ပါ
သည်။

၃။ထိုအချိန်က ဥရုဝေဠတောတွင် အစ်ကိုကြီး
ဥရုဝေဠကဿပခေါင်းဆောင်သော ရသေ့ ၅၀၀
အစ်ကိုလတ် နဒီကဿပခေင်းဆောင်သော ရသေ့
၃၀၀ ညီအငယ် ဂယာကဿပခေါင်းဆောင်သော
ရသေ့ ၂၀၀ တို့ သုံးနေရာခွဲ၍ နေထိုင်လျက်ရှိ
ကြပါသည်။

၎။မြတ်စွာဘုရားက ဥရုဝေဠကဿပထံ နေခွင့်
တောင်းရာ နဂါးကြီးရှိသော မီးတင်းကုပ်ကို နေ
ခွင့်ပေးပါသည်။မြတ်စွာဘုရားက နဂါးကြီးကို တန်ခိုးတော်ဖြင့် နှိမ်နှင်းပြရာ ဥရုဝေဠကဿပ
နှင့် ရသေ့များက အထင်ကြီးသွားကြပါသည်။

၅။ရသေ့အားလုံး ကိလေသာခေါင်းပါးရန် မီးလှုံ
ခြင်း ရေငုပ်ခြင်းစသော ပဉ္စာတပအကျင့်များကို
ကျင့်ကြံနေကြပါသည်။ကျင့်ကြံပုံမှာ ဆီးနှင်း
တွေ ဝေကျပြီး ခိုက်ခိုက်တုန်ချမ်းအေးသော ပြာ
သိုလအတွင်း သတ်မှတ်ရက် ၈ ညတွင် နေရဉ္ဇ
ရာမြစ်အတွင်းသို့ သက်ဆင်းကာ ရေငုပ်ကြပါ
သည်။မြတ်စွာဘုရားက ရသေ့များ အအေးဒဏ်
မှ သက်သာစေရန် မီးအိုးကင်း ၅၀၀ ကို တန်ခိုး
တော်ဖြင့် ဖန်ဆင်းပေးတော်မူပါသည်။

၆။မြတ်စွာဘုရားက ရသေ့များခွဲ၍ မကွဲသော
ထင်းတုံး ၅၀၀ ကို တစ်ပြိုင်နက်ကွဲစေခြင်း 
ရသေ့များ မွှေးမရသောမီးကို တစ်ပြိုင်နက်
တောက်လောက်စေခြင်း ရသေ့များ ငြှိမ်း၍မရ
သော မီး ၅၀၀ ကို တစ်ပြိုင်နက်ငြိမ်းစေခြင်း
မီးအိုးကင်း ၅၀၀ ကို တစ်ပြိုင်နက်ဖန်ဆင်ခြင်း
စသော တန်ခိုးတော်များကို ပြသတော်မူပါ
သည်။တန်ခိုးတော်စုစုပေါင်း ၃၅၁၆ မျိုးကို ပြသ
၍ ရသေ့များအား ဆွဲဆောင်တော်မူခဲ့ပါသည်။

၇။ရသေ့အားလုံး သူတို့၏ အသုံးအဆောင်များ
ကို မြစ်ထဲသို့မျှောပစ်ကာ မြတ်စွာဘုရားထံ 
ရဟန်းအဖြစ်ကို တောင်းခံကြပါသည်။ပထမ
အကြိမ် ဥရုဝေဠကဿပနှင့် တပည့်များ ဒုတိယအ
ကြိမ် နဒီကဿပနှင့်တပည့်များ တတိယအကြိမ်
ဂယာကဿပနှင့်တပည့်များ သုံးသုတ်ခွဲ၍ သာသ
နာ့ဘောင်သို့ ဝင်ရောက်ကြပါသည်။ရသေ့တစ်
ထောင်လုံး ဧဟိ ဘိက္ခု ရဟန်းများချည်း ဖြစ်
လာကြပါသည်။

၈။မြတ်စွာဘုရားက ရဟန်းတစ်ထောင်ကို 
ဂယာသီသကျောက်ဖျာပြင်၌ အာဒိတ္တပရိယာယ
သုတ္တန်ဒေသနာတော်ကို ဟောတော်မူရာ 
ရဟန်းအားလုံး ရဟန္တာအဖြစ်သို့ ရောက်တော်
မူကြပါသည်။

၉။သို့ဖြစ်၍ ပြာသိုလပြည့်နေ့တွင် ရှင်တစ်
ထောင်ကျွတ်ပွဲကို နှလုံးမူ၍ မြတ်စွာဘုရားအား
နံ့သာမီးဖြင့် ပူဇော်ပြီးလျှင် မျက်စိ,နား,နှာ,လျာ
ကိုယ်,စိတ် တံခါးခြောက်ပေါက်ကို လုံအောင်
ပိတ်၍ မီး ၁၁ ပါးမှ ငြိမ်းအေးအောင် ကြိုးစား
အားထုတ်သင့်ကြပါသည်။
--------------------------
မာဂဓီ(သာစည်)၏ အခါတော်နေ့များ စာအုပ်မှ
မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ
Ph 09-421165489
      09-799952829

    ဘီလူးကျွန်းသားလေး ဖိုသောကြာ
    ၁။ရှင်တစ်ထောင်အခါတော်နေ့ ကျင်းပရခြင်း
    အကြောင်းမှာ ဂေါတမမြတ်စွာဘုရားလက်
    ထက်တော်အခါက ရသေ့ညီနောင် ရှင်တစ်...
    ထောင်တို့သည် ပြာသိုလပြည့်နေ့တွင် မိမိတို့၏
    အယူဝါဒကို ပယ်စွန့်ပြီး ဗုဒ္ဓသာသနာတော်သို့
    ကူးပြောင်းရောက်ရှိသည်ကို အကြောင်းပြု၍
    ကျင်းပရခြင်းဖြစ်ပါသည်။
    ၂။မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃ ခု
    နှစ် ပထမဝါကျွတ်ပြီးနောက် ရသေ့တစ်ထောင်
    ကို ချွတ်ရန် ဥရုဝေဠတောသို့ တန်ဆောင်မုန်း
    လပြည့်နေ့တွင် ရောက်တော်မူပါသည်။ပြာသို
    လပြည့်နေ့အထိ ၂-လ ကြာမျှ ဥရုဝေဠတော
    တွင် သီတင်းသုံး၍ ရသေ့များအား စည်းရုံးခဲ့ပါ
    သည်။
    ၃။ထိုအချိန်က ဥရုဝေဠတောတွင် အစ်ကိုကြီး
    ဥရုဝေဠကဿပခေါင်းဆောင်သော ရသေ့ ၅၀၀
    အစ်ကိုလတ် နဒီကဿပခေင်းဆောင်သော ရသေ့
    ၃၀၀ ညီအငယ် ဂယာကဿပခေါင်းဆောင်သော
    ရသေ့ ၂၀၀ တို့ သုံးနေရာခွဲ၍ နေထိုင်လျက်ရှိ
    ကြပါသည်။
    ၄။မြတ်စွာဘုရားက ဥရုဝေဠကဿပထံ နေခွင့်
    တောင်းရာ နဂါးကြီးရှိသော မီးတင်းကုပ်ကို နေ
    ခွင့်ပေးပါသည်။မြတ်စွာဘုရားက နဂါးကြီးကို တန်ခိုးတော်ဖြင့် နှိမ်နှင်းပြရာ ဥရုဝေဠကဿပ
    နှင့် ရသေ့များက အထင်ကြီးသွားကြပါသည်။
    ၅။ရသေ့အားလုံး ကိလေသာခေါင်းပါးရန် မီးလှုံ
    ခြင်း ရေငုပ်ခြင်းစသော ပဉ္စာတပအကျင့်များကို
    ကျင့်ကြံနေကြပါသည်။ကျင့်ကြံပုံမှာ ဆီးနှင်း
    တွေ ဝေကျပြီး ခိုက်ခိုက်တုန်ချမ်းအေးသော ပြာ
    သိုလအတွင်း သတ်မှတ်ရက် ၈ ညတွင် နေရဉ္ဇ
    ရာမြစ်အတွင်းသို့ သက်ဆင်းကာ ရေငုပ်ကြပါ
    သည်။မြတ်စွာဘုရားက ရသေ့များ အအေးဒဏ်
    မှ သက်သာစေရန် မီးအိုးကင်း ၅၀၀ ကို တန်ခိုး
    တော်ဖြင့် ဖန်ဆင်းပေးတော်မူပါသည်။
    ၆။မြတ်စွာဘုရားက ရသေ့များခွဲ၍ မကွဲသော
    ထင်းတုံး ၅၀၀ ကို တစ်ပြိုင်နက်ကွဲစေခြင်း
    ရသေ့များ မွှေးမရသောမီးကို တစ်ပြိုင်နက်
    တောက်လောက်စေခြင်း ရသေ့များ ငြှိမ်း၍မရ
    သော မီး ၅၀၀ ကို တစ်ပြိုင်နက်ငြိမ်းစေခြင်း
    မီးအိုးကင်း ၅၀၀ ကို တစ်ပြိုင်နက်ဖန်ဆင်ခြင်း
    စသော တန်ခိုးတော်များကို ပြသတော်မူပါ
    သည်။တန်ခိုးတော်စုစုပေါင်း ၃၅၁၆ မျိုးကို ပြသ
    ၍ ရသေ့များအား ဆွဲဆောင်တော်မူခဲ့ပါသည်။
    ၇။ရသေ့အားလုံး သူတို့၏ အသုံးအဆောင်များ
    ကို မြစ်ထဲသို့မျှောပစ်ကာ မြတ်စွာဘုရားထံ
    ရဟန်းအဖြစ်ကို တောင်းခံကြပါသည်။ပထမ
    အကြိမ် ဥရုဝေဠကဿပနှင့် တပည့်များ ဒုတိယအ
    ကြိမ် နဒီကဿပနှင့်တပည့်များ တတိယအကြိမ်
    ဂယာကဿပနှင့်တပည့်များ သုံးသုတ်ခွဲ၍ သာသ
    နာ့ဘောင်သို့ ဝင်ရောက်ကြပါသည်။ရသေ့တစ်
    ထောင်လုံး ဧဟိ ဘိက္ခု ရဟန်းများချည်း ဖြစ်
    လာကြပါသည်။
    ၈။မြတ်စွာဘုရားက ရဟန်းတစ်ထောင်ကို
    ဂယာသီသကျောက်ဖျာပြင်၌ အာဒိတ္တပရိယာယ
    သုတ္တန်ဒေသနာတော်ကို ဟောတော်မူရာ
    ရဟန်းအားလုံး ရဟန္တာအဖြစ်သို့ ရောက်တော်
    မူကြပါသည်။
    ၉။သို့ဖြစ်၍ ပြာသိုလပြည့်နေ့တွင် ရှင်တစ်
    ထောင်ကျွတ်ပွဲကို နှလုံးမူ၍ မြတ်စွာဘုရားအား
    နံ့သာမီးဖြင့် ပူဇော်ပြီးလျှင် မျက်စိ,နား,နှာ,လျာ
    ကိုယ်,စိတ် တံခါးခြောက်ပေါက်ကို လုံအောင်
    ပိတ်၍ မီး ၁၁ ပါးမှ ငြိမ်းအေးအောင် ကြိုးစား
    အားထုတ်သင့်ကြပါသည်။ဘီလူးကျွန်းသားလေး ဖိုသောကြာ
    --------------------------
    မာဂဓီ(သာစည်)၏ အခါတော်နေ့များ စာအုပ်မှ
    မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ
    Ph 09-421165489
    09-799952829
    See More
     
     
     
     

    No comments:

    Post a Comment

    😁😁😁