{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Sunday, February 8, 2015

    *** စ ဓ ဗ ဝ - ဆိုတဲ့ စကားလုံး(၄) ***

    စ ဓ ဗ ဝ - ဆိုတဲ့ စကားလုံး(၄)လုံးကို လူတိုင်းလိုလို ကြားဘူးကြပေမယ့် တစ်လုံးချင်းစီရဲ့ အနက်အဓိပ္ပါယ်ကိုတော့ သေချာသိတဲ့သူ နည်းနေပါသေးတယ်။အခု စဓဗဝ ဆိုတဲ့ အတိုကောက်စာလုံးလေးလုံးရဲ့ အရှည်ကောက် ဂါထာကို အဖွဲ့ဝင်များအတွက်
တင်ပေးလိုက်ပါတယ်။အကျိုးရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။

စက္ခုမာစရမာစိဏ္ဏော! ဓမ္မညူ  ဓမ္မသာမိကော
ဗလူပေတော ဗလဓရော ! ဝရဒေါ ဒေတု မေ ဝရံ။

စက္ခု မာ-မံသ,ပညာ နှစ်ဖြာသောစက္ခုနှင့် ပြည့်စုံတော်မူထသော!စရံ - စရဏတရား တစ်ဆယ့်ငါးပါးကို!အာစိဏ္ဏေ - အမြဲမပြတ် လေ့ကျင့်တော်မူအပ်ပြီးထသော! ဓမ္မညူ  - တရားအားလုံးကို သိမြင်တော်မူပြီးထသော!  ဓမ္မသာမိကော - တရားပိုင်ရှင် ဖြစ်တော်မူပေထသော ! ဗလူပေတော - ဥာဏ်တော်အင်အား ဆယ်ပါးနှင့်လည်း ပြည့်စုံတော်မူပေထသော ! ဗလဓရော - ကိုယ်တော်အင်အားဆယ်ပါးကိုလည်း ဆောင်တော်မူထသော ! ဝရဒေါ - မြင့်မြတ်သမှု နိဗ္ဗာန်ဆုကိုလည်း ပေးတော်မမူတတ်သော မြတ်စွာဘုရားသည် ! မေ - တပည့်တော်အား ! ဝရံ -ကောင်းကျိုးစုစုဟမြတ်သောဆုကို ! ဒေတု - လျင်စွာမနှေး ပေးသနားတောမူပါ့အရှင်ဘုရား။

ဤဂါထာသည် ဘုရားဂုဏ်တော်များကို ဖွဲ့ဆိုထားပြီး ထိုဂုဏ်တော်အပေါင်းနှင့်ပြည့်စုံတော်မူသော ဘုရားရှင်အား ကောင်းမြတ်သောဆုကို ပေးသနားရန် လျှောင်ထားသော ဂါထာဖြစ်သည်။``စက္ခု မာ,ဓမ္မညူ  ,ဗလူပေတော , ဝရဒေါ - ဟူသော ဂါထာလေးပါဒ၏အစပုဒ်၌ ပါရှိသော အက္ခရာလေးလုံးကို ကောက်ယူ၍ ``စ-ဓ-ဗ-ဝ ဂါထာ´´ဟူ၍ အတိုကောက်ခေါ်ကြသည်။
-------------------------------------------------------
အကိုး ဗုဒ္ဓဘာသာလက်စွဲကျမ်း ပထမတွဲ
မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ
    စ ဓ ဗ ဝ - ဆိုတဲ့ စကားလုံး(၄)လုံးကို လူတိုင်းလိုလို ကြားဘူးကြပေမယ့် တစ်လုံးချင်းစီရဲ့ အနက်အဓိပ္ပါယ်ကိုတော့ သေချာသိတဲ့သူ နည်းနေပါသေးတယ်။အခု စဓဗဝ ဆိုတဲ့ အတိုကောက်စာ...လုံးလေးလုံးရဲ့ အရှည်ကောက် ဂါထာကို အဖွဲ့ဝင်များအတွက်
    တင်ပေးလိုက်ပါတယ်။အကျိုးရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။

    စက္ခုမာစရမာစိဏ္ဏော! ဓမ္မညူ ဓမ္မသာမိကော
    ဗလူပေတော ဗလဓရော ! ဝရဒေါ ဒေတု မေ ဝရံ။
    စက္ခု မာ-မံသ,ပညာ နှစ်ဖြာသောစက္ခုနှင့် ပြည့်စုံတော်မူထသော!စရံ - စရဏတရား တစ်ဆယ့်ငါးပါးကို!အာစိဏ္ဏေ - အမြဲမပြတ် လေ့ကျင့်တော်မူအပ်ပြီးထသော! ဓမ္မညူ - တရားအားလုံးကို သိမြင်တော်မူပြီးထသော! ဓမ္မသာမိကော - တရားပိုင်ရှင် ဖြစ်တော်မူပေထသော ! ဗလူပေတော - ဥာဏ်တော်အင်အား ဆယ်ပါးနှင့်လည်း ပြည့်စုံတော်မူပေထသော ! ဗလဓရော - ကိုယ်တော်အင်အားဆယ်ပါးကိုလည်း ဆောင်တော်မူထသော ! ဝရဒေါ - မြင့်မြတ်သမှု နိဗ္ဗာန်ဆုကိုလည်း ပေးတော်မမူတတ်သော မြတ်စွာဘုရားသည် ! မေ - တပည့်တော်အား ! ဝရံ -ကောင်းကျိုးစုစုဟမြတ်သောဆုကို ! ဒေတု - လျင်စွာမနှေး ပေးသနားတောမူပါ့အရှင်ဘုရား။
    ဤဂါထာသည် ဘုရားဂုဏ်တော်များကို ဖွဲ့ဆိုထားပြီး ထိုဂုဏ်တော်အပေါင်းနှင့်ပြည့်စုံတော်မူသော ဘုရားရှင်အား ကောင်းမြတ်သောဆုကို ပေးသနားရန် လျှောင်ထားသော ဂါထာဖြစ်သည်။``စက္ခု မာ,ဓမ္မညူ ,ဗလူပေတော , ဝရဒေါ - ဟူသော ဂါထာလေးပါဒ၏အစပုဒ်၌ ပါရှိသော အက္ခရာလေးလုံးကို ကောက်ယူ၍ ``စ-ဓ-ဗ-ဝ ဂါထာ´´ဟူ၍ အတိုကောက်ခေါ်ကြသည်။
    -------------------------------------------------------
    အကိုး ဗုဒ္ဓဘာသာလက်စွဲကျမ်း ပထမတွဲ
    မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ

    No comments:

    Post a Comment

    😁😁😁