{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Sunday, February 8, 2015

    *** ဘာကို တန္ဖိုးထားရမလဲ ( ၁၆ ) ***

    󾔏 ဘာကို တန္ဖိုးထားရမလဲ ( ၁၆ )󾔏

󾭜လွတ်လပ်မှုဟာ ဘယ်လောက် အရေးကြီးသလဲ󾭜

󾀼တကယ်လွတ်လပ်တဲ့လူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် ကိုယ့်ရဲ့ မကျေနပ်မှုတွေ၊ ကိုယ့်ရဲ့ မုန်းတီးမှုတွေကို မြင်ပြီးတော့ သိပြီးတော့ အဲဒါတွေကို လွန်မြောက်သွားအောင် လုပ်ဖို့လိုတယ်။󾀼

󾁁󾁁󾁁
ကိုယ့်ကိုယ်ကို လေးစားတဲ့သူ၊ တန်ဖိုးထားတဲ့သူ၊ self-worth နဲ့ diginity ရှိတဲ့သူ၊ ကိုယ့်ကိုယ်ကို self-respect ရှိတဲ့ လူတစ်ယောက် ဖြစ်ဖို့ဆိုရင်
လွတ်လပ်တဲ့စိတ် ရှိဖို့လိုတယ်။ လွတ်လပ်တဲ့လူ ဖြစ်ဖို့လိုတယ်။ လူဟာ တစ်နည်းနည်းနဲ့ ကိုယ့်ရဲ့ လွတ်လပ်မှု ဆုံးရှုံးသွားတယ်ဆိုရင် ကိုယ့်ရဲ့ လွတ်လပ်မှုကို ဆုံးရှုံးအောင်လုပ်လိုက်တဲ့ တဖက်သားကို မုန်းတီးတဲ့စိတ် ဖြစ်လာတော့တာပဲ။ အဲသလိုမှ မမုန်းဘူးဆိုရင် သူ့ကိုယ်သူ လေးစားတဲ့စိတ် လျော့သွားနေပြီ။ ဒါသာမန်အားဖြင့် ဖြစ်လေ့ဖြစ်ထ ရှိတာပဲ။
ကိုယ့်ကိုယ်ကို လေးစားတဲ့စိတ်ကို ရနိုင်ဖို့ ကြံကြံဖန်ဖန်နည်းနဲ့ လူဟာ အဲဒီလို ရပ်တည်ရတာ။ ဒါကြောင့် တစ်ယောက်ယောက်က ကိုယ့်ကို အနိုင်ကျင့်လိုက်တာကို ဘယ်လိုမှ ပြန်ပြီးတော့ မတုံ့ပြန်နိုင်ဘူးဆိုရင် သူ့ကွယ်ရာမှာ သူ့ကို ဆဲနေမှာပဲ။ အဲဒါဟာ တစ်နည်းအားဖြင့်တော့ ရတဲ့နည်းနဲ့ ပြန်ပြီး အနိုင်ယူတာပဲ။ ဒါပေမယ့်
မုန်းတီးနေတာဟာ တကယ်စစ်မှန်တဲ့လွတ်လပ်မှု မဟုတ်ဘူးဆိုတာကိုတော့ နားလည်မှ ရမယ်။ လူတွေဟာ သူတို့ရဲ့လွတ်လပ်မှုကို အဆုံးရှုံး ခံလိုက်ရမယ်ဆိုရင် သူတို့ဟာ မုန်းတီးတဲ့စိတ်နဲ့ နေသွားရမှာပဲ။ သူတို့ဟာ တစ်ခုခုကိုတော့ ဖျက်ဆီးလိမ့်မယ်။ ရေရှည်မှာတော့ သူ့ကိုသူ ဖျက်ဆီးလိမ့်မယ်။ သူ့လွတ်လပ်မှုကို အဆုံးရှုံး ခံလိုက်ရတာထက်၊ သေလိုက်ရတာ ကောင်းတယ်လို့ သူ တွေးတော့မှာပဲ။ အဲဒါကို ကြည့်ခြင်းအားဖြင့် လွတ်လပ်မှုဟာ လူတွေအတွက် ဘယ်လောက်အရေးကြီးသလဲ ဆိုတာ နားလည်နိုင်တယ်။ တချို့လူတွေက ကိုယ့်ကို သူများက အနိုင်ကျင့်သွားလို့ရှိရင်
စိတ်ဆိုးတဲ့စိတ်မျိုးနဲ့ မုန်းတဲ့စကားမျိုးမပြောပဲနဲ့၊ ငါ
ကံဆိုးလေခြင်းဆိုပြီး ကိုယ့်ကိုယ်ကို ပြန်သနားတဲ့စိတ် ဖြစ်တယ်။ အဲဒါလည်း
တကယ်တော့ မကောင်းဘူး။ သူများကို မုန်းတာလည်း မကောင်းသလို ငါ ကံဆိုးလေခြင်းလို့ တွေးပြီး စိတ်မကောင်း ဖြစ်နေတာလည်း မကောင်းဘူး။
󾁎󾁎ကိုယ့်ရဲ့မကျေနပ်မှုတွေ မုန်းတီးမှုတွေကို သေသေချာချာ သိပြီးတော့ လွန်မြောက်သွားတဲ့ အခြေအနေမျိုးကို မရောက်ပဲနဲ့ တကယ် လွတ်လပ်တဲ့လူ၊ တကယ် အကျင့်စာရိတ္တနဲ့ စိတ်ထားကောင်းတဲ့လူ၊ တကယ်ချစ်နိုင်တဲ့လူ မဖြစ်နိုင်ဘူး။ ဒါကြောင့် တကယ်ချစ်တဲ့လူ၊ တကယ်စိတ်ထားကောင်းတဲ့လူ၊ တကယ်
လွတ်လပ်တဲ့လူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် ကိုယ့်ရဲ့မကျေနပ်မှုတွေ၊ ကိုယ့်ရဲ့မုန်းတီးမှုတွေကို မြင်ပြီးတော့ သိပြီးတော့ အဲဒါတွေကို
လွန်မြောက်သွားအောင် လုပ်ဖို့လိုတယ်။ freedom ဆိုတာမှာ positive freedom နဲ့ negative freedom ဆိုပြီးတော့ နှစ်မျိုး ခွဲပြီးတော့ စဉ်းစားသင့်တယ်၊၊󾁎󾁎

󾭜Positive freedom ဆိုတာ󾭜

󾀼ကိုယ့်ဘဝမှာ ကောင်းတာတွေ ပိုပြီးတော့ ဖြစ်လာနိုင်ဖို့ ကိုယ်ကိုယ်တိုင်က လုပ်နိုင်တာဟာ
လွတ်လပ်မှုတစ်မျိုး ဖြစ်တယ်။󾀼

󾁁󾁁󾁁
ပြုပြင်ဖို့ရာအတွက် အမြဲတမ်းလမ်းဖွင့်ထားတာကို လွတ်လပ်မှုတစ်မျိုးလို့ ခေါ်နိုင်တယ်။ ဘာကိုမှ ပုံသေကားချ ဆုပ်မထားဘူး၊ ဆွဲမထားဘူး၊
ပြုပြင်ရမယ်ဆိုရင် ပြုပြင်မယ်ဆိုတဲ့ စိတ်မျိုးရှိနေရင် ဒီလူဟာ လွတ်လပ်တဲ့လူလို့ ပြောလို့ရတယ်။ ပိုပြီးတော့ ကောင်းတဲ့ဘက်ကို တိုးတက်သွားဖို့ ကြီးပွားသွားဖို့အတွက်
အဆင်သင့်ဖြစ်နေတာ၊ ကိုယ့်မှာရှိတဲ့ ချို့ယွင်းချက်တွေ လွဲနေတဲ့ သဘောထားတွေကို လိုလိုချင်ချင် ပြင်ချင်တဲ့စိတ် ရှိနေတာ လွတ်လပ်မှု
(Freedom) တစ်မျိုးပဲ။ ပျော့ပြောင်းနူးညံ့တဲ့ သဘောထား ရှိတာ၊ (ပျော့ညံ့တာ မဟုတ်ဘူးနော်) ပြုပြင်တာကို ခံနိုင်ရည် ရှိတာ၊ ပြုပြင်ချင်စိတ် ရှိတာ၊ ပြုပြင်ပြောင်းလဲနိုင်တဲ့ သဘောထားမျိုး ရှိတာ၊ rigid မဖြစ်တာ၊
ခေါင်းမမာတာလို့ ဆိုရမှာပေါ့လေ။ ပိုပြီးတော့ အဆင့်မြင့်တဲ့ (human values) လူ့တန်ဖိုးထားစရာဘက်ကို ပြောင်းလဲသွားဖို့အတွက် အဆင်သင့်ဖြစ်နေတာ၊ ပိုပြီးတော့ ကောင်းတဲ့လူတစ်ယောက် ဖြစ်လာဖို့အတွက် အဆင်သင့် ဖြစ်နေတာမျိုးကို
လွတ်လပ်မှုလို့ ဆိုလိုတယ်။
        󾭶The good society is the one which gives the greatest freedom to its people.
ကောင်းတဲ့လူ့အသိုင်းအဝိုင်းဆိုတာ ဘယ်လိုလူ့အသိုင်းအဝိုင်းကို ခေါ်သလဲဆိုတော့ အဲဒီအသိုင်းအဝိုင်းထဲမှာရှိနေတဲ့ လူတွေကို
အများဆုံးလွတ်လပ်မှုပေးထားတဲ့ အသိုင်းအဝိုင်းကို ခေါ်တယ်။
        󾭶ဒါပေမယ့် အဲဒီ freedom ဆိုတာ negative freedom ကို ပြောတာမဟုတ်ဘူး။
မကောင်းတာလုပ်နိုင်တဲ့ လွတ်လပ်မှုကို negative freedom လို့ ခေါ်တယ်။
        󾭶Positive freedom ရှိတယ်ဆိုတာ ပိုပြီးတော့ အဆင့်မြင့်တဲ့ human values
လူ့တန်ဖိုးထားစရာတွေကို ရနိုင်ဖို့အတွက် အခွင့်အလမ်းတွေကို ပေးထားတာမျိုးတွေကို ဆိုလိုတယ်။
        󾭶ပိုပြီးတော့ ဥာဏ်ရှိတဲ့လူ၊ ပိုပြီးတော့ စိတ်ထားကောင်းတဲ့သူ၊ ပိုပြီးတော့ ရိုးသားတဲ့လူ၊ ပိုပြီးတော့ ကျန်းမာတဲ့လူ၊ ပညာအရည်အချင်း
ပိုပြီးမြင့်မားတဲ့လူ၊ လုပ်ရည်ကိုင်ရည် ပိုပြီးအဆင့်မြင့်တဲ့သူ စသည်ဖြင့် အဲဒီလိုလူတွေ ဖြစ်လာနိုင်အောင် အခွင့်အလမ်းတွေကို ဖန်တီးပေးထားတဲ့၊ လွတ်လပ်မှုတွေကိုပေးထားတဲ့ လူ့အသိုင်းအဝိုင်းဟာ ကောင်းတဲ့ လူ့အသိုင်းအဝိုင်းလို့ ခေါ်တယ်။
        󾭶လူတွေကို တကယ်လေးစားတဲ့ သဘောထား၊ လူတွေရဲ့ လွတ်လပ်မှုကိုလည်း
တကယ်လေးစားတဲ့ သဘောထားပေါ်မှာ အခြေခံပြီးတော့ လူ့အသိုင်းအဝိုင်းကို
တည်ဆောက်ရမယ်။ လူကို လေးစားတယ်၊ လူရဲ့ လွတ်လပ်မှုကို တကယ်ရိုးရိုးသားသား လေးစားတယ်ဆိုတဲ့ လေးစားမှုအခြေခံအုတ်မြစ်ပေါ်မှာမှ ကောင်းတဲ့
လူ့အသိုင်းအဝိုင်းကို တည်ဆောက်လို့ရတယ်၊၊လူကို မလေးစားဘူး၊ လူရဲ့လွတ်လပ်မှုကို မလေးစားဘူးဆိုရင် ကောင်းမွန်တဲ့ အသိုင်းအဝိုင်းကို တည်ဆောက်လို့မရဘူး။
       󾭶လွတ်လပ်မှုရဲ့ နောက်အဓိပ္ပာယ်တစ်ခုက ကိုယ့်ဘဝမှာ ကောင်းတာတွေ ပိုပြီးတော့
ဖြစ်လာနိုင်ဖို့ ကိုယ်ကိုယ်တိုင်က လုပ်နိုင်တာဟာ
လွတ်လပ်မှုတစ်မျိုးဖြစ်တယ်။ ကိုယ့်ကိုယ်ကို ပိုပြီးတော့ စိတ်ထားကောင်းတဲ့လူ၊ ပိုပြီးတော့ ပညာတတ်တဲ့လူ၊ ပိုပြီးတော့ လုပ်ရည်ကိုင်ရည် မြင့်တဲ့လူ၊ ပိုပြီးတော့ အသိဥာဏ်ရှိတဲ့လူ စသည်ဖြင့် ကိုယ့်မှာကောင်းတဲ့ အရည်အချင်းတွေ၊ အရည်အသွေးတွေ တိုးလာအောင် ပွားလာအောင် ကိုယ့်ဟာကိုယ် လုပ်နိုင်တာဟာ ကိုယ့်ရဲ့ လွတ်လပ်မှု တစ်ခုပဲ။ အဲဒီလွတ်လပ်မှုက အရေးကြီးတဲ့လွတ်လပ်မှုလို့ ပြောလို့ရတယ်၊၊ တခြားလွတ်လပ်မှုတွေကို မရနိုင်ဘူး ဆိုရင်တောင်မှ ပိုပြီးတော့ စိတ်ထားကောင်းတဲ့လူတစ်ယောက် ဖြစ်အောင်တော့ ကိုယ်က ယူတတ်လို့ရှိရင် ယူလို့ရပါတယ်။ အဲဒီ လွတ်လပ်မှုကတော့
ကိုယ့်ရဲ့ choice ပဲ။󾁉󾁉󾁉

  ➖➖➖➖➖󾭶󾁋󾁋󾭶➖➖➖➖➖

󾁎ဆရာတော်ဦးဇောတိက󾁎
     ( မဟာမြိုင်တောရ ) ၏
“ ဘာကို တန်ဖိုးထားရမလဲ ” စာအုပ် စာမျက်နှာ(၉၄) မှ ကူးယူဖော်ပြပါသည်၊၊

󾭚အများအတွက် အကျိုးရှိစေမဲ့ စာပေတွေကို Share လုပ် မျှဝေပေးခြင်းဟာ မေတ္တာတမျိုး၊ ကုသိုလ်တမျိုး ဖြစ်ပါတယ်၊၊󾭚
     
     လွတ်လပ်မှုဟာ ဘယ်လောက် အရေးကြီးသလဲ
    တကယ်လွတ်လပ်တဲ့လူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် ကိုယ့်ရဲ့ မကျေနပ်မှုတွေ၊ ကိုယ့်ရဲ့ မုန်းတီးမှုတွေကို မြင်...ပြီးတော့ သိပြီးတော့ အဲဒါတွေကို လွန်မြောက်သွားအောင် လုပ်ဖို့လိုတယ်။

    ကိုယ့်ကိုယ်ကို လေးစားတဲ့သူ၊ တန်ဖိုးထားတဲ့သူ၊ self-worth နဲ့ diginity ရှိတဲ့သူ၊ ကိုယ့်ကိုယ်ကို self-respect ရှိတဲ့ လူတစ်ယောက် ဖြစ်ဖို့ဆိုရင်
    လွတ်လပ်တဲ့စိတ် ရှိဖို့လိုတယ်။ လွတ်လပ်တဲ့လူ ဖြစ်ဖို့လိုတယ်။ လူဟာ တစ်နည်းနည်းနဲ့ ကိုယ့်ရဲ့ လွတ်လပ်မှု ဆုံးရှုံးသွားတယ်ဆိုရင် ကိုယ့်ရဲ့ လွတ်လပ်မှုကို ဆုံးရှုံးအောင်လုပ်လိုက်တဲ့ တဖက်သားကို မုန်းတီးတဲ့စိတ် ဖြစ်လာတော့တာပဲ။ အဲသလိုမှ မမုန်းဘူးဆိုရင် သူ့ကိုယ်သူ လေးစားတဲ့စိတ် လျော့သွားနေပြီ။ ဒါသာမန်အားဖြင့် ဖြစ်လေ့ဖြစ်ထ ရှိတာပဲ။
    ကိုယ့်ကိုယ်ကို လေးစားတဲ့စိတ်ကို ရနိုင်ဖို့ ကြံကြံဖန်ဖန်နည်းနဲ့ လူဟာ အဲဒီလို ရပ်တည်ရတာ။ ဒါကြောင့် တစ်ယောက်ယောက်က ကိုယ့်ကို အနိုင်ကျင့်လိုက်တာကို ဘယ်လိုမှ ပြန်ပြီးတော့ မတုံ့ပြန်နိုင်ဘူးဆိုရင် သူ့ကွယ်ရာမှာ သူ့ကို ဆဲနေမှာပဲ။ အဲဒါဟာ တစ်နည်းအားဖြင့်တော့ ရတဲ့နည်းနဲ့ ပြန်ပြီး အနိုင်ယူတာပဲ။ ဒါပေမယ့်
    မုန်းတီးနေတာဟာ တကယ်စစ်မှန်တဲ့လွတ်လပ်မှု မဟုတ်ဘူးဆိုတာကိုတော့ နားလည်မှ ရမယ်။ လူတွေဟာ သူတို့ရဲ့လွတ်လပ်မှုကို အဆုံးရှုံး ခံလိုက်ရမယ်ဆိုရင် သူတို့ဟာ မုန်းတီးတဲ့စိတ်နဲ့ နေသွားရမှာပဲ။ သူတို့ဟာ တစ်ခုခုကိုတော့ ဖျက်ဆီးလိမ့်မယ်။ ရေရှည်မှာတော့ သူ့ကိုသူ ဖျက်ဆီးလိမ့်မယ်။ သူ့လွတ်လပ်မှုကို အဆုံးရှုံး ခံလိုက်ရတာထက်၊ သေလိုက်ရတာ ကောင်းတယ်လို့ သူ တွေးတော့မှာပဲ။ အဲဒါကို ကြည့်ခြင်းအားဖြင့် လွတ်လပ်မှုဟာ လူတွေအတွက် ဘယ်လောက်အရေးကြီးသလဲ ဆိုတာ နားလည်နိုင်တယ်။ တချို့လူတွေက ကိုယ့်ကို သူများက အနိုင်ကျင့်သွားလို့ရှိရင်
    စိတ်ဆိုးတဲ့စိတ်မျိုးနဲ့ မုန်းတဲ့စကားမျိုးမပြောပဲနဲ့၊ ငါ
    ကံဆိုးလေခြင်းဆိုပြီး ကိုယ့်ကိုယ်ကို ပြန်သနားတဲ့စိတ် ဖြစ်တယ်။ အဲဒါလည်း
    တကယ်တော့ မကောင်းဘူး။ သူများကို မုန်းတာလည်း မကောင်းသလို ငါ ကံဆိုးလေခြင်းလို့ တွေးပြီး စိတ်မကောင်း ဖြစ်နေတာလည်း မကောင်းဘူး။
    🌿🌿ကိုယ့်ရဲ့မကျေနပ်မှုတွေ မုန်းတီးမှုတွေကို သေသေချာချာ သိပြီးတော့ လွန်မြောက်သွားတဲ့ အခြေအနေမျိုးကို မရောက်ပဲနဲ့ တကယ် လွတ်လပ်တဲ့လူ၊ တကယ် အကျင့်စာရိတ္တနဲ့ စိတ်ထားကောင်းတဲ့လူ၊ တကယ်ချစ်နိုင်တဲ့လူ မဖြစ်နိုင်ဘူး။ ဒါကြောင့် တကယ်ချစ်တဲ့လူ၊ တကယ်စိတ်ထားကောင်းတဲ့လူ၊ တကယ်
    လွတ်လပ်တဲ့လူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် ကိုယ့်ရဲ့မကျေနပ်မှုတွေ၊ ကိုယ့်ရဲ့မုန်းတီးမှုတွေကို မြင်ပြီးတော့ သိပြီးတော့ အဲဒါတွေကို
    လွန်မြောက်သွားအောင် လုပ်ဖို့လိုတယ်။ freedom ဆိုတာမှာ positive freedom နဲ့ negative freedom ဆိုပြီးတော့ နှစ်မျိုး ခွဲပြီးတော့ စဉ်းစားသင့်တယ်၊၊🌿🌿
    Positive freedom ဆိုတာ
    ကိုယ့်ဘဝမှာ ကောင်းတာတွေ ပိုပြီးတော့ ဖြစ်လာနိုင်ဖို့ ကိုယ်ကိုယ်တိုင်က လုပ်နိုင်တာဟာ
    လွတ်လပ်မှုတစ်မျိုး ဖြစ်တယ်။

    ပြုပြင်ဖို့ရာအတွက် အမြဲတမ်းလမ်းဖွင့်ထားတာကို လွတ်လပ်မှုတစ်မျိုးလို့ ခေါ်နိုင်တယ်။ ဘာကိုမှ ပုံသေကားချ ဆုပ်မထားဘူး၊ ဆွဲမထားဘူး၊
    ပြုပြင်ရမယ်ဆိုရင် ပြုပြင်မယ်ဆိုတဲ့ စိတ်မျိုးရှိနေရင် ဒီလူဟာ လွတ်လပ်တဲ့လူလို့ ပြောလို့ရတယ်။ ပိုပြီးတော့ ကောင်းတဲ့ဘက်ကို တိုးတက်သွားဖို့ ကြီးပွားသွားဖို့အတွက်
    အဆင်သင့်ဖြစ်နေတာ၊ ကိုယ့်မှာရှိတဲ့ ချို့ယွင်းချက်တွေ လွဲနေတဲ့ သဘောထားတွေကို လိုလိုချင်ချင် ပြင်ချင်တဲ့စိတ် ရှိနေတာ လွတ်လပ်မှု
    (Freedom) တစ်မျိုးပဲ။ ပျော့ပြောင်းနူးညံ့တဲ့ သဘောထား ရှိတာ၊ (ပျော့ညံ့တာ မဟုတ်ဘူးနော်) ပြုပြင်တာကို ခံနိုင်ရည် ရှိတာ၊ ပြုပြင်ချင်စိတ် ရှိတာ၊ ပြုပြင်ပြောင်းလဲနိုင်တဲ့ သဘောထားမျိုး ရှိတာ၊ rigid မဖြစ်တာ၊
    ခေါင်းမမာတာလို့ ဆိုရမှာပေါ့လေ။ ပိုပြီးတော့ အဆင့်မြင့်တဲ့ (human values) လူ့တန်ဖိုးထားစရာဘက်ကို ပြောင်းလဲသွားဖို့အတွက် အဆင်သင့်ဖြစ်နေတာ၊ ပိုပြီးတော့ ကောင်းတဲ့လူတစ်ယောက် ဖြစ်လာဖို့အတွက် အဆင်သင့် ဖြစ်နေတာမျိုးကို
    လွတ်လပ်မှုလို့ ဆိုလိုတယ်။
    The good society is the one which gives the greatest freedom to its people.
    ကောင်းတဲ့လူ့အသိုင်းအဝိုင်းဆိုတာ ဘယ်လိုလူ့အသိုင်းအဝိုင်းကို ခေါ်သလဲဆိုတော့ အဲဒီအသိုင်းအဝိုင်းထဲမှာရှိနေတဲ့ လူတွေကို
    အများဆုံးလွတ်လပ်မှုပေးထားတဲ့ အသိုင်းအဝိုင်းကို ခေါ်တယ်။
    ဒါပေမယ့် အဲဒီ freedom ဆိုတာ negative freedom ကို ပြောတာမဟုတ်ဘူး။
    မကောင်းတာလုပ်နိုင်တဲ့ လွတ်လပ်မှုကို negative freedom လို့ ခေါ်တယ်။
    Positive freedom ရှိတယ်ဆိုတာ ပိုပြီးတော့ အဆင့်မြင့်တဲ့ human values
    လူ့တန်ဖိုးထားစရာတွေကို ရနိုင်ဖို့အတွက် အခွင့်အလမ်းတွေကို ပေးထားတာမျိုးတွေကို ဆိုလိုတယ်။
    ပိုပြီးတော့ ဥာဏ်ရှိတဲ့လူ၊ ပိုပြီးတော့ စိတ်ထားကောင်းတဲ့သူ၊ ပိုပြီးတော့ ရိုးသားတဲ့လူ၊ ပိုပြီးတော့ ကျန်းမာတဲ့လူ၊ ပညာအရည်အချင်း
    ပိုပြီးမြင့်မားတဲ့လူ၊ လုပ်ရည်ကိုင်ရည် ပိုပြီးအဆင့်မြင့်တဲ့သူ စသည်ဖြင့် အဲဒီလိုလူတွေ ဖြစ်လာနိုင်အောင် အခွင့်အလမ်းတွေကို ဖန်တီးပေးထားတဲ့၊ လွတ်လပ်မှုတွေကိုပေးထားတဲ့ လူ့အသိုင်းအဝိုင်းဟာ ကောင်းတဲ့ လူ့အသိုင်းအဝိုင်းလို့ ခေါ်တယ်။
    လူတွေကို တကယ်လေးစားတဲ့ သဘောထား၊ လူတွေရဲ့ လွတ်လပ်မှုကိုလည်း
    တကယ်လေးစားတဲ့ သဘောထားပေါ်မှာ အခြေခံပြီးတော့ လူ့အသိုင်းအဝိုင်းကို
    တည်ဆောက်ရမယ်။ လူကို လေးစားတယ်၊ လူရဲ့ လွတ်လပ်မှုကို တကယ်ရိုးရိုးသားသား လေးစားတယ်ဆိုတဲ့ လေးစားမှုအခြေခံအုတ်မြစ်ပေါ်မှာမှ ကောင်းတဲ့
    လူ့အသိုင်းအဝိုင်းကို တည်ဆောက်လို့ရတယ်၊၊လူကို မလေးစားဘူး၊ လူရဲ့လွတ်လပ်မှုကို မလေးစားဘူးဆိုရင် ကောင်းမွန်တဲ့ အသိုင်းအဝိုင်းကို တည်ဆောက်လို့မရဘူး။
    လွတ်လပ်မှုရဲ့ နောက်အဓိပ္ပာယ်တစ်ခုက ကိုယ့်ဘဝမှာ ကောင်းတာတွေ ပိုပြီးတော့
    ဖြစ်လာနိုင်ဖို့ ကိုယ်ကိုယ်တိုင်က လုပ်နိုင်တာဟာ
    လွတ်လပ်မှုတစ်မျိုးဖြစ်တယ်။ ကိုယ့်ကိုယ်ကို ပိုပြီးတော့ စိတ်ထားကောင်းတဲ့လူ၊ ပိုပြီးတော့ ပညာတတ်တဲ့လူ၊ ပိုပြီးတော့ လုပ်ရည်ကိုင်ရည် မြင့်တဲ့လူ၊ ပိုပြီးတော့ အသိဥာဏ်ရှိတဲ့လူ စသည်ဖြင့် ကိုယ့်မှာကောင်းတဲ့ အရည်အချင်းတွေ၊ အရည်အသွေးတွေ တိုးလာအောင် ပွားလာအောင် ကိုယ့်ဟာကိုယ် လုပ်နိုင်တာဟာ ကိုယ့်ရဲ့ လွတ်လပ်မှု တစ်ခုပဲ။ အဲဒီလွတ်လပ်မှုက အရေးကြီးတဲ့လွတ်လပ်မှုလို့ ပြောလို့ရတယ်၊၊ တခြားလွတ်လပ်မှုတွေကို မရနိုင်ဘူး ဆိုရင်တောင်မှ ပိုပြီးတော့ စိတ်ထားကောင်းတဲ့လူတစ်ယောက် ဖြစ်အောင်တော့ ကိုယ်က ယူတတ်လို့ရှိရင် ယူလို့ရပါတယ်။ အဲဒီ လွတ်လပ်မှုကတော့
    ကိုယ့်ရဲ့ choice ပဲ။
    ➖➖➖➖➖🍄🍄➖➖➖➖➖
    🌿ဆရာတော်ဦးဇောတိက🌿
    ( မဟာမြိုင်တောရ ) ၏
    “ ဘာကို တန်ဖိုးထားရမလဲ ” စာအုပ် စာမျက်နှာ(၉၄) မှ ကူးယူဖော်ပြပါသည်၊၊
    💥အများအတွက် အကျိုးရှိစေမဲ့ စာပေတွေကို Share လုပ် မျှဝေပေးခြင်းဟာ မေတ္တာတမျိုး၊ ကုသိုလ်တမျိုး ဖြစ်ပါတယ်၊၊💥
    LIFE

    No comments:

    Post a Comment

    😁😁😁