{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Tuesday, March 31, 2015

    ***ဘဝအတွက် အရေးအကြီးဆုံး ၁၀ ချက်***

    'ဘဝအတွက် အရေးအကြီးဆုံး ၁၀ ချက်

(၁) အချိန်ကို လေးစားရမယ်။

(၂) အပေါင်းအသင်း မိတ်ဆွေနဲ့ အချိန်တိုင်း အချိန်မဖြုန်းသင့်ဘူး။

(၃) အလုပ်တစ်ခု လုပ်တိုင်း ပြီးမြှောက်အောင်မြင်အောင်လုပ်ပါ။

(၄) စိတ်ကူးနှင့် အိပ်မက်တွေကို အကောင်အထည်ဖော်ပါ။

(၅) အရေးကြီးတာနဲ့ အရေးမကြီးတာကို ခွဲခြားတတ်ရမယ်။

(၆) မိမိအတွက် ကောင်းမွန်သော ပတ်ဝန်းကျင်ကို ရွယ်ချယ် နေထိုင်တတ်ရလိမ့်မယ်။

(၇) မိဘကို အလေးထား ဂရုစိုက်ပါ။

(၈) မှားနေသော အတွေးအခေါ်တွေကို ပြင်နိုင်ရမယ်။

(၉) ကဲ့ရဲ့ပြစ်တင်မူတွေကို ခဏမေ့ထားပါ။

(၁၀) အလုပ်ကို အာရုံးစူးစိုက်နိုင်ပါစေ။

Ref-lifehacker
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com

#kln_yyl
#article_yyl'

    (၁) အချိန်ကို လေးစားရမယ်။
    (၂) အပေါင်းအသင်း မိတ်ဆွေနဲ့ အချိန်တိုင်း အချိန်မဖြုန်းသင့်ဘူး။
    ...
    (၃) အလုပ်တစ်ခု လုပ်တိုင်း ပြီးမြှောက်အောင်မြင်အောင်လုပ်ပါ။
    (၄) စိတ်ကူးနှင့် အိပ်မက်တွေကို အကောင်အထည်ဖော်ပါ။

    ***ဘီလူးကျွန်း တံတာစီမံကိန်း တံတာအောက်ခြေရဲ့ ပိုင်စိုက်ထူးသည့် မြင်ကွင် တချို့***


     

    *** ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်း ***

    'ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်း
==========================================
၁၉၆၂ ခုနှစ် မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း။ အောက်ပါမိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ ခု၊ မတ်လ ၁၃ ရက်၊ နံနက်အချိန်တွင်မင်္ဂလာဒုံ ဗိုလ်သင်တန်း ကျောင်းဆင်းပွဲ၌ ဗမာ့ကာကွယ်ရေး တပ်မတော် စစ်သေနာပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ် အောင်ဆန်း ပြောကြားသော မိန့်ခွန်း တစ်ရပ် ဖြစ်သည်။

ရဲဘော်တို့
ယနေ့ ရဲဘော်တို့ အစုအချို့ဟာ စစ်ဗိုလ်လောင်းကလေးများအဖြစ် ဘွဲ့အဆင့်အတန်းကို ခံယူကြရတော့မယ်။ယနေ့အထိ ရဲဘော်တို့ဟာ ကျောင်းသားများဖြစ်ပြီး တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိကြသေးဘူး။ယနေ့ကျောင်းကထွက်ပြီး ဗမာ့တပ်မတော်အသီးသီး ဋ္ဌာနအသီးသီးမှာ ရာထူး အလုပ်ဝတ္တရားများရတာနဲ့ တစ်ပြိုင်နက် ရဲဘော်တို့ အသီးသီးမှာ ကိုယ့်တာဝန်နှင့် ကိုယ့်ဝတ္တရားနှင့် ဖြစ်သွားပြီ။ ဒီလိုကိုယ့်တာဝန်ကိုယ့်ဝတ္တရားနှင့် ဗမာနိုင်ငံတော်နဲ့ ဗမာ့တပ်မတော်ရဲ့အမှုကို ထမ်းကြတဲ့အခါ ရဲဘော်တို့ကို မှာသင့်မှာ ရာ အချက်တွေကို ငါတို့ မှာကြားလိုတယ်။

ပထမဆုံး ရဲဘော်တို့ကို မှာချင်တာက ငါတို့ အခု ဗမာနိုင်ငံဟာ ကိုယ့်မင်းကိုယ့်ချင်းနိုင်ငံ ဖြစ်တယ်။ ဒို့ တပ်မတော်ဟာ တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံးရဲ့ အကျိုးအတွက်ဖြစ်တယ်။ ဒါကြောင့် ဒီနိုင်ငံ ဒီအကျိုးကို ကာကွယ်ရမယ့် ဗမာ့တပ်မတော်ဟာလည်းဗမာတစ်နိုင်ငံလုံး တစ်မျိုးသားလုံးအတွက် ဖြစ်တယ်ဆို တာ နားလည်ရမယ်။
ဒီတပ်မတော်ဟာ လူတစ်ဦးတစ်ယောက်အတွက် တည်ထောင်ထားတာ မဟုတ်။ တစ်နိုင်ငံလုံး တစ်မျိုးသားလုံးအတွက် ဖြစ်တယ်။ ဒီတပ်မတော်ဟာ တစ်ဖွဲ့ တစ်ပါတီ လူတစ်စုအတွက် တည်ထောင်ထားတာမဟုတ်။ တစ်နိုင်ငံလုံး၊တစ်မျိုးသားလုံးအတွက် ဖြစ်တယ်။

တကယ့်သစ္စာဖြစ်ရမယ်
ဒီတပ်မတော်ဟာ ရှေးအင်္ဂလိပ်လက်ထက်ကလို ကြေးစားတပ်မဟုတ်။ နိုင်ငံနဲ့ အမျိုးကို ကာကွယ်စောင့် ရှောက်ဖို့ နိုင်ငံနှင့်အမျိုးကို မတင်ပေးဖို့ ဖြစ်တယ်။ ဒါကြောင့် ဒီတပ်မတော်ဟာ နိုင်ငံနဲ့အမျိုးသစ္စာကို အမြဲ စောင့်ရမယ်။ ရှေးကတုန်းကလို တခြားနိုင်ငံ တခြားအမျိုးကို သစ္စာစောင့်တာ မဟုတ်။ အဲဒီလို စောင့်တဲ့ သစ္စာဟာ ၀တ်ကျေ တမ်းကျေစောင့်တဲ့သစ္စာ ဖြစ်တယ်။ အခု ငါတို့ ဟာ ငါတို့အမျိုး၊ ငါတို့နိုင်ငံကို သစ္စာ စောင့်ရမယ်။ ဒါကြောင့် ငါတို့စောင့်တဲ့သစ္စာဟာ တကယ့်သစ္စာ ဖြစ်ရမယ်။ အပေါ်ယံသာ ဖြစ်တဲ့သစ္စာ မဖြစ်ရဘူး။ ဘယ်လို စောင့်ရမလဲ။ ယခုအခါ ရဲဘော်တို့ပေါ်မှာ နည်းလမ်းအတိုင်း အဆင့်ဆင့် ခန့်အပ်ထားတဲ့ အကြီးအမှူးအားလုံးတွေဟာ ဒီနိုင်ငံ ဒီအမျိုးရဲ့ ကိုယ်စားတွေပဲ။ အဲဒီကိုယ်စား နိုင်ငံနဲ့အကျိုးကို သစ္စာစောင့်ခြင်းဟာ ကိုယ့်နိုင်ငံနဲ့ ကိုယ့်အမျိုးကို သစ္စာစောင့်တာပဲ။ ဒီတော့ ရဲဘော်တို့ မေးစရာစကားတစ်ခွန်း ရှိတယ်။ တကယ်လို့ ဒီအကြီးအမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကျိုးငဲ့ပြီး နိုင်ငံနဲ့အမျိုးကို သစ္စာမဲ့ပြီးလုပ်ရင် ဘယ့်နှယ့်လုပ်မလဲ။ ဒီလို ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ နိုင်ငံကို ဆန့်ကျင်တဲ့ အကြီးအမှူးတွေဟာကြာကြာ မနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇ၀င်မှာကြည့်လို့ရှိရင် ဘယ်လောက်ကြီးတဲ့ လူဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ်ကျတာချည်းပဲ။ ဒီလိုမတရားတဲ့ အကြီးအမှူးတွေရှိရင် ရဲဘော်တို့ရဲ့အပေါ်မှာလည်း တည်တယ်။ဥပမာ“မတရားတဲ့ အကြီးအမှူးတစ်ယောက်က ၀တ္တရားနဲ့ မဆိုင် တဲ့ နိုင်ငံနှင့် အများအကျိုးနဲ့ မပတ်သက်တဲ့ အမိန့်မျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျမကျ တရား မတရား နိုင်ငံနဲ့အမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလို ကြည့်တဲ့အခါ ကိုယ့် စိတ်ထဲမှာမရှင်းရင် သူ့ထက်ကြီး တဲ့အကြီး အမှူးတစ်ယောက်ကိုဖြစ်ဖြစ် အခြား အကြီးအမှူး တစ်ယောက်ကိုဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ် မှားတယ် သိနိုင်ရမယ်။

တော်အောင်ကြိုးစားကြပါ
ကျုပ်အဖို့ပြောရရင် ရဲဘော်တို့ထဲကဖြစ်ဖြစ် အခုတပ်ထဲမှာရှိတဲ့ စစ်သားကလေးကစပြီး အားလုံး ရဲဘော် တွေထဲကဖြစ်ဖြစ် ကျုပ်ထက် အရည်အချင်း၊ အကျင့်စာရိတ္တ၊ အလုပ်အကိုင်၊ နိုင်ငံချစ်စိတ် အမြော်အမြင်ရှိ တယ်လို့ တွေ့တာနဲ့တစ်ပြိုင်နက် ကျုပ်ဟာ အဲဒီလိုတော်တဲ့ လူကိုထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့် ရှိတယ်။ ဒါကြောင့် ရဲဘော်တို့အားလုံး ကြိုးစားကြပါ။ တော်အောင် ကြိုးစားကြပါ။

ရာထူးအဆင့်အတန်း
ကနေ့ ရဲဘော်တို့အားလုံးကို စိတ်ထဲမှာရှိတဲ့အတိုင်း ပြောပြမယ်။ ယခုအခါ ငါတို့ထဲမှာ နိုင်ငံအတွက် အမျိုးမျိုး အနစ်နာ ခံဖူးတဲ့လူတွေ ရှိတယ်။
ငါတို့သိတာလည်း ရှိတယ်။ မသိတာလည်းရှိတယ်။ သို့သော်လည်း ရှေးကသာ ဒီလိုအနစ်နာခံပြီး အခုအလုပ်မလုပ်ရင် ဘယ်သူမှ မတိုးတက်နိုင်ဘူး။ အကယ်၍ အခုလည်း အလုပ်လုပ်တယ်။ ရှေးကလည်း အနစ်နာခံဖူးတယ်ဆိုရင် ဒီလိုလူမျိုးဟာ လူများတကာထက် တိုးတက်မှာအမှန်ပဲ။ ကနေ့ဆိုင်ရာ လူကြီး တွေ မသိသေးလို့ မတိုးတက်သေးရင် နောက်တစ်နေ့ တိုးတက်မှာပဲ။ တကယ်တော်တဲ့ သူတွေဟာ ဘယ်သူမှ နှိမ်ထားလို့ မရပါဘူး။ ကိုယ့်ကိုယ်ကိုလည်း သိဒ်္ဓိတင်နေစရာ မလိုဘူး။ လူကြီးတွေကိုလည်း မျက်နှာလုပ်စရာ မလိုဘူး။ ဒါပေမဲ့ နီပွန်က ပြန်လာလို့ စစ်ကျောင်းကဆင်းလို့ ရှေးက အနစ်နာခံဘူးလို့ဆို ပြီး ယခုအခါ အလုပ်ကောင်းကောင်း မလုပ်ရင် ဘယ်သူမှတက်မှာ မဟုတ်ဖူး။ ဒီ့ပြင်လူတွေအတွက် ကျုပ် မပြောနိုင်ပေမယ့် ဗမာ့တပ်မတော်မှာ ကျုပ်အခု နေရာမှာ တာဝန်ယူနေသမျှ အခု ကျုပ်ပြောခဲ့တဲ့စနစ်က တစ်ဆံခြည်မှ ခွာမသွားဘူး။ ရွေ့မသွားဘူးဆိုတာ အားလုံး သိစေချင်တယ်။ ဒါက ရာထူးအဆင့်အတန်း တိုးတက်တာနဲ့ ပတ်သက်ပြီး ရဲဘော်တို့ကို သိဖို့ ပြောပြခြင်းပဲ။

တန်ခိုးပြဖို့မဟုတ်
တခြားမှာကြားလိုတဲ့ အချက်ကတော့ ပြောနေကြစကားပဲ။ဒါပေမဲ့ ထပ်ပြီး အဓိပ္ပာယ် လေးနက်အောင် ပြောလိုက်ဦးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဖို့မဟုတ်။လက်နက် အားကိုး တန်ခိုးပြဖို့မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံ ဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနဲ့ နားလည်အောင် ပြောပြတာပဲ။ ဒီစကားကို ကျုပ်ပြောတာက စစ်တပ်ကို ကျုပ်ပြန်နှိမ်ချင်တဲ့ သဘောနဲ့ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင်လူတွေ ဖြစ်ကြသော်လည်း မတရားမလုပ်။ နိုင်ငံရဲ့ ရန်သူတွေ မဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေဆိုတာအားလုံး သဘောပေါက်အောင် ပြောပြခြင်းပဲ။

အမှန်ပြောရရင် လူတွေဟာပုထုဇဉ်တွေဘဲ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင်တဲ့စိတ်ရှိတယ်။ အားနည်းတဲ့သူတွေကလည်း အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူကို လက်နက်အားကိုး အာဏာအားကိုး လုပ်ချင်တယ်ပြောကြတာပဲ။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျတော့ အရင်တုန်းက ပြောတာတွေမေ့ပြီး တစ်မျိုးလုပ်ကြတာပဲ။ ဒါ ထုံးစံပဲ။ ငါတို့က ဒီလိုမဟုတ် အားနည်းတဲ့အခါလည်း အားကြီးတဲ့လူကိုမတရားရင်မကြောက်။ အားကြီးတဲ့အခါ လည်း အားငယ်တဲ့လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင်တယ်။ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံ ဖြစ်တယ်လို့ ပြောတာပဲ။ နိုင်ငံဟာ ဘာလဲ။ နိုင်ငံဟာ အမျိုးပဲ။ အမျိုးဟာ ဘာလဲ။ အမျိုး ဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ နိုင်ငံရဲ့အကျိုးကို လုပ်ပြီး နိုင်ငံရဲ့အမှုကို ဘယ်ခါမဆို ထမ်းမယ်ဆိုတဲ့လူ အား လုံးပဲ။ ဒီနေရာမှာ လူမျိုးရေးတရား အစစ်ကို ပြောပြချင်တယ်။

မှန်ကန်သော လူမျိုးရေးတရား
လူမျိုးရေးတရားဆိုတာ ဘာလဲ။ ကိုယ့် အမျိုးသာချစ်ပြီး ဒီ့ပြင် လူမျိုးတွေကို မုန်းထားတာ လူမျိုးရေး တရား ပဲလား။ မဟုတ်ဘူး။ ကိုယ့်အမျိုးချစ်ရုံနဲ့ ဒီ့ပြင် လူမျိုးကို လည်းမုန်းဖို့မလိုဘူး။ သို့သော်လည်း ကိုယ့် အမျိုး အကျိုးကို လာထိတဲ့လူတွေကိုတော့ အတွင်းကလူဖြစ်ဖြစ် အပြင်ကလူဖြစ်ဖြစ် တိုက်ခိုက်နှိမ်နင်းရမှာပေါ့။ ဒါက ငါတို့ အမျိုးရဲ့ ရန်သူအဖြစ်သာ နှိမ်နင်းခြင်း ဖြစ်တယ်။ ဘယ်လူမျိုး၊ ဘယ်သူဘယ်ဝါဆိုပြီး နှိမ်နင်း တာ မဟုတ်ဘူး။ရာဇ၀င်ကိုကြည့်ရင် ကမ္ဘာ့လူမျိုးတွေဟာ အချင်းချင်းတိုက်တဲ့အခါ တိုက်ကြတာတွေ့ရမှာပဲ။ မတည့်သည့်အခါ တိုက်ကြတဲ့အခါ တိုက်ကြရမှာပေါ့။ ဒါပေမဲ့ တခြားလူမျိုးတွေကို မုန်းတာဟာ လူမျိုးရေးလို့ထင်တာ တစ်ထစ်ချမှားတယ်။ ကျုပ်တို့ဟာ မဆိုင်တဲ့ တခြားလူမျိုးတွေကို မုန်းဖို့မလိုဘူး။ ကျုပ်တို့ နိုင်ငံအတွင်းမှာလည်း တိုင်းရင်းသားအချင်းချင်း ဗမာပဲ၊ ရှမ်းပဲ၊ ကရင်ပဲ၊ ချင်းပဲ စသည်ဖြင့် ခွဲစရာ မလိုဘူး။ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတု ဟုတ်တာနဲ့ မဟုတ်တာ ခွဲခြားသိရမယ်။ လူ မျိုးရေးတရားဖြစ်ဖြစ် ဘာဖြစ်ဖြစ် အမှန်တရားကို ယူတတ်ရမယ်။ ဒါက လူမျိုးရေး တရားနဲ့ပတ်သက်ပြီး ကျုပ်မှာချင်တာပဲ။
ဇာတိမာန် ကောင်းကောင်းထားတတ် အောင်လုပ်ကြပါ။ ကိုယ့်နိုင်ငံကိုချစ်ပါ။ ဗမာတွေက လူဖျင်းတွေ၊ လူပျင်းတွေ၊ လူကြောက်တွေ၊ လူပိုတွေ၊ လူရိုင်းတွေ၊ လူ့ဂွစာတွေ လူ့မတရားတာတွေ ဒီလို ကမ္ဘာမှာ အထင်ခံရအောင် မလုပ်ပါနဲ့။ ဗမာတွေဟာ ဒီလို မဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ် လူမျိုးရေးတရားနဲ့ ပတ်သက်ပြီး မှာချင်တာပဲ။

လူကြီးဆိုတာဘာလဲ
နောက်မှာချင်တာက ရှေ့ကို ရဲဘော်တို့ဟာ လူကြီးဖြစ်နေပြီ။ လူကြီးဆိုတာ ဘာလဲ။ အသက်ကြီးတာကို ဆိုလိုတာလား။ မဟုတ်ဘူး။ အသက်မကြီးပေမယ့် လုပ်တဲ့ အလုပ်ကြီးရင် လူကြီးပဲ။ အခု ငါတို့ ရဲဘော် တို့ရဲ့အလုပ်ဟာ ငါတို့နိုင်ငံရဲ့ အချုပ်အခြာ အာဏာ ဒါတွေကို ငါတို့ရင်မြေက တုတ်လုပ် ပြီး ကာကွယ်ဖို့ ပဲ။ ဒီထက်ကြီးတဲ့အလုပ် ရှိနိုင်ပါဦးမလား။ မရှိနိုင်ဘူး။ ဒါကြောင့် ငါတို့ဟာ လူကြီးစိတ်ပေါက်ရမယ်။ အစစ အရာရာ ဆင်ခြင်တတ်ရမယ်။ ကောင်းသည် မကောင်းသည် တော်သည် မတော်သည် ဟုတ်သည် မဟုတ်သည်ကို ဆင်ခြင် တိုင်းထွာနိုင်ရမယ်။ အခု ငါတို့အချို့ အလုပ်တွေက သက်သေပြနေတယ်။ ဘေး ကလူတွေ ပြောတိုင်း အရမ်းမယုံကြနဲ့။ စူးစမ်းဆင်ခြင် ပြီးမှ ယုံကြရမယ်။ ငါတို့ဝတ္ထရားနဲ့မဆိုင်တဲ့အကျယ် အကျယ် ဖြစ်မယ့်ကိစ္စဆိုရင် ငါတို့ ရှောင်ရမယ်။ဘယ်လို ဘေးကလူက ဗိုလ်ကြီးရဲ့ ... ဘာကြီးရဲ့...နဲ့လာမြှောက်ပေးပေး ငါတို့မပါရဘူး။ ၀တ္တရားနဲ့ ငါတို့ တော့မဆိုင်ဘူး။ ဒါပေမဲ့ ကောင်းတဲ့ကိစ္စ တရားတဲ့ကိစ္စ လူအများကျေးဇူးတင်မယ့် ကိစ်္စဆိုရင် ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး လျစ်လျူမရှုပါနဲ့။ ကူညီပေးကြပါ။ ဆွေမျိုး ကိစ္စ မိတ်ဆွေကိစ်္စတွေဟာ ကိုယ်တာဝန်လုပ်တဲ့ အရေးမှာ မနှောင့်ယှက်ပါစေနဲ့။

ဘယ်တော့မှသစ္စာမဖောက်
နောက်ပြီး မှာချင်တာက ပြောခဲ့တဲ့အတိုင်း ကိုယ့်ကိုယ်ကို အထင်မကြီးပါနဲ့။ ဒီမှာ သင်လိုက်တာတွေဟာ ပညာကုန်ပြီ မယူဆကြနဲ့။ ပညာဟာ ဘယ်တော့မှ ကုန်တယ်မရှိဘူး။လူမျိုးဖြစ်ဖြစ် နိုင်ငံဖြစ်ဖြစ် လူတစ်ဦးတည်းဖြစ်ဖြစ် တိုးတတ်မှုဟာ လက်ရှိအခြေအနေနဲ့ အားမရဘဲ တင်းမတိမ်ဘဲ ရှေ့ဆက်လက် ကြိုးစား မှသာ တိုးတတ်မှု ဖြစ်နိုင်တယ်ဆိုတာ ရာဇ၀င်သမိုင်းတွေက ကောင်းကောင်း ပြထားတယ်။ ကိုယ်ပိုင် ဥဏ်နဲ့ စဉ်းစားကြည့်လည်း သိနိုင်တာပဲ။ ဒါကြောင့် ဘယ်ဟာကိုမှ လှေနံဓားထစ် မယူပါနဲ့။အထင်မကြီး ပါနဲ့။

ဒီထက်တိုးအောင် လုပ်ကြပါ။ အခု ငါတို့နိုင်ငံဟာလွတ်လပ်တယ်ဆိုပေမယ့် ဟန်မကျတာတွေ အများ ကြီးပဲ။ ကျုပ်မှာလည်း ချွတ်ယွင်းချက်တွေ ရှိတာပဲ။ ကိုယ့် ချွတ်ယွင်းချက်ကို ကိုယ်ပြင် ကြရမယ်။ သို့ပေ မယ့် ကျုပ် ရဲဘော်တို့ကို ကတိ တစ်ခုပြုမယ်။ နိုင်ငံနဲ့ အများအကျိုးရဲ့သစ္စာကို ကျုပ် ဘယ်တော့မှမဖောက်။ ရဲဘော်တို့ ထဲကဖြစ်ဖြစ် ဒီ့ပြင်ထဲကဖြစ်ဖြစ် ကျုပ်ထက် တော်တဲ့လူ ထွက်ပြနိုင်ပါစေ။ ကျုပ် ဖယ် ပေးဖို့ အသင့်ပဲ။

စစ်သားမှစစ်သားဆိုတဲ့စိတ်ကို ဖျောက်ကြ
နောက်ဆုံးတစ်ခုမှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓာတ် မထားကြဖို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ် ဒီ့ပြင်နိုင်ငံမှာ ဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်တဲ့ လူတွေ ရှိကြတာမဟုတ်ဘူး။ တခြား စစ်သား မဟုတ်ပေမယ့် နိုင်ငံအတွက် အမျိုးမျိုး အနစ်နာခံ၊ အမျိုးမျိုး စွန့်စားလုပ်ကြတဲ့ လူတွေလည်း ရှိတာပဲ။ အဲဒါကြောင့် စစ်သား မှစစ်သားဆိုတဲ့ စိတ်သဘောထားကို ပြောင်းကြရမယ်။ သို့ပေမယ့် တစ်ခု နားလည်စေချင်တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရား နှိမ်မယ်။ လူလည်လုပ်မယ်။ စစ်တပ်ရဲ့ အခွင့်အရေးများကို မတရား ချိုးဖျက်မယ်ဆိုရင် ကျုပ် အစွမ်းကုန်ကြိုးစား တိုက်ဖျက်မယ် ဆိုတာ ရဲဘော်တို့သိစေချင်ပါတယ်။ ကနေ့ ဒီမှာပြော တာတွေကို အားလုံး စစ်သားတွေသိပါစေ။ သိအောင် ပြောပြကြပါ။ အဲဒါ နောက်ဆုံးမှာကြားခြင်းပဲ။

Credit . Myanmar Model Girls'
    ၁၉၆၂ ခုနှစ် မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသေ
    ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း။ အောက်ပါမိန့်ခွန်းမှာ
    ဂျပန်ခေတ် ၁၉၄၄ ခု၊ မတ်လ ၁၃ ရက်၊ နံနက်အချိန်တွင်မင်္ဂလာဒုံ
    ဗိုလ်သင်တန်း ကျောင်းဆင်းပွဲ၌ ဗမာ့ကာကွယ်ရေး တပ်မတော် စစ်သေနာပတိနှင့်
    စစ်ဝန်ကြီး ဗိုလ်ချုပ် အောင်ဆန်း ပြောကြားသော မိန့်ခွန်း တစ်ရပ် ဖြစ်သည်။
    ရဲဘော်တို့

    “ကြင်နာသနား ကိုယ်ချင်းစာ၊ကရုဏထား၊ နှလုံးလှ အိုလူသား”

    '“ကြင်နာသနား ကိုယ်ချင်းစာ၊ကရုဏထား၊ နှလုံးလှ အိုလူသား”
•••••••••••••••••••••••••••••••••••••••••••••••••••••••••
ကိုယ်ချင်းစာတရား ထားတယ်ဆိုတာ ကိုယ်ဖြစ်မှ 
ကိုယ်ချင်းစာတတ်တဲ့ သဘောမျိုး မဟုတ်ပါဘူး။
ကိုယ်မဖြစ်လည်း ဖြစ်နေတဲ့သူတွေအပေါ် 
“သူ့နေရာလေးမှာ ကိုယ်သာဆိုရင်”ဆိုတဲ့ 
စိတ်ထားလေးနဲ့ သနားကြင်နာ နားလည်ပေးတဲ့ 
သဘောမျိုးပါပဲ။ အဲဒီလိုသဘောမျိုးကိုပဲ 
ကရုဏာထားတယ်လို့ ဆိုတာပါ။

ကရုဏာတရားဆိုတာ 
ကိုယ့်လောက်အဆင်မပြေတဲ့သူတွေ 
အပေါ်မှာ အထူးပြုထား ဆက်ဆံရမယ့်တရား ဖြစ်ပါတယ်။ 
ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ်၊
ကိုယ့်ထက်နိမ့်ကျသူတွေ အပေါ်မှာ ကိုယ်ချင်းစာတရားနဲ့ 
သနားကြင်နာပေးနိုင်ရင် လောကကြီးမှာ အချင်းချင်း 
နိုင်ထက်စီးနင်း လုပ်တာတွေ မရှိနိုင်ပါဘူး။ 

ဒီလို ကရုဏာတရား ခေါင်းပါးနေကြလို့သာ 
ငွေရှိတဲ့သူက ငွေနဲ့အနိုင်ယူ၊
ဂုဏ်ရှိတဲ့သူက ဂုဏ်နဲ့အနိုင်ယူ၊ 
ရာထူးအာဏာရှိတဲ့သူက ရာထူးအာဏာနဲ့ 
အနိုင်ယူတာတွေ ဖြစ်နေကြတာပါ။ 
အရင်းစစ်တော့ ကိုယ်ချင်းစာစိတ်နဲ့ ကရုဏာတရား မထားနိုင်ကြလို့ပါပဲ။
ဒီတော့ ဘယ်သူတရားပျက်ပျက် မပျက်ပျက် 
ကိုယ်မပျက်အောင်သာ ကြိုးစားရင်း လူသားအချင်းချင်း 
“သူ့နေရာလေးမှာ ကိုယ်သာဆိုရင်” ဆိုတဲ့ 
စိတ်ထားလေးနဲ့ ကိုယ်ချင်းစာ 
နားလည်ပေးကြဖို့ပဲ ဖြစ်ပါတယ်။
-【ဆရာတော်မနာပဒါယီ အရှင်ဝိစိတ္တ】
Posted by►
www.facebook.com/youngbuddhistassociation.mm'
    ကိုယ်ချင်းစာတရား ထားတယ်ဆိုတာ ကိုယ်ဖြစ်မှ
    ကိုယ်ချ...င်းစာတတ်တဲ့ သဘောမျိုး မဟုတ်ပါဘူး။
    ကိုယ်မဖြစ်လည်း ဖြစ်နေတဲ့သူတွေအပေါ်
    “သူ့နေရာလေးမှာ ကိုယ်သာဆိုရင်”ဆိုတဲ့
    စိတ်ထားလေးနဲ့ သနားကြင်နာ နားလည်ပေးတဲ့
    သဘောမျိုးပါပဲ။ အဲဒီလိုသဘောမျိုးကိုပဲ
    ကရုဏာထားတယ်လို့ ဆိုတာပါ။

    Monday, March 30, 2015

    ```` ထွက်သွားခွင့် ````

    'ထွက်သွားခွင့်
➳ ➳ ➳ ➳ ➳ 

လှည့်ကွက်တွေ ကြာ

အိပ်စက်နေများ ထင်နေသလား

မိန်းကလေး ။

တရေး မနိုးနိုင်အောင်

ချည်ထားတဲ့ ကြိုးကလဲ

ခိုင်မာ ဒါကို ။

ငါ မရုန်းချင်ပါဘူး

သို့ပေမယ့်

ငါ့ နှလုံးသားလေး

အလန့်တကြာ ထအော်နေတဲ့

နေ့ ရက် တွေ များနေပြီး

ကြောက်အားကြီး လာတဲ့ ရင်ဘတ်

မသေ ရက်  ဆက်ငင်း ဘဝနဲ့

အသက်ရှင်နေရတာ

ငါ မလိုချင်တော့ဒါပါ 

မငြို ညင်စွာ ငါ ထွက်သွားပြီးပေါ့ ။

ဘီလူးလေး
☺ ☺ ☺'


    လှည့်ကွက်တွေ ကြာ      အိပ်စက်နေများ
    ထင်နေသလား      မိန်းကလေး ။
    တရေး မနိုးနိုင်အောင်
    ချည်ထားတဲ့ ကြိုးကလဲ   ခိုင်မာ ဒါကို ။ ။

    *** ဝိညာဉ်ပူးကပ်ခြင်း ***

    ကဗျာဟာ...
    နှလုံးသား၏ လျှို့ဝှက်အစီရင်ခံစာလို့
    ဆရာဒဂုန်တာရာ ပြောခဲ့ဖူးတယ်
    ကဗျာဟာ
    ဝေဒနာကြောင့် သက်ဝင်လှုပ်ခတ်လာသော
    ဝိညာဉ်တစ်ပါး -----------------။

    ခံစားမှုနဲ့ သီကုံးမှုကို
    ကဗျာနဲ့အလင်္ကာ ဝေမျှယူနေ
    သေချာတာကတော့
    ကဗျာဆရာတွေက
    ရင်ဘတ်နဲ့ အက္ခရာတွေကို

    +++ ရင်ခတ်တေး +++

    ခြေဆုံး ခေါင်းဆုံးကြည့်တာတောင်
    လူ လုံးက မလှခဲ့ရိုး အမှန်ပါ...
    ၁၉၈၇ - မှာ ချွန်တိုင်း မထက်တဲ့
    ကံ ကြမ္မာက တစ်ရက်စာ
    ခွံ့ ကျွေးတယ် " လူ့ ဘဝ " -----------။
    အဖေ ခလုတ်တစ်ချက်တိုက်လို့
    ဘဝက ရင်ဘတ်ပြဲဖူးတယ်
    မိသားစုက ကမောက်ကမ များစွာနဲ့
    မောင်နှမတွေ တစ်ထောင့်တစ်ည
    ပုံပြင်ကြားမှာ ပုံပြတိုင်း မမြင်ခဲ့ဘူး

    @@@ ချစ် ဦး ပေး တဲ့ ကွဲ ကြေအသည်း @@@

    '@ချစ် ဦး ပေး တဲ့ ကွဲ ကြေအသည်း@
ရင်ခွင်ဦး  ချစ်ဦး 
တစ်မင်ထူး  ထူးတဲ့ဟန်
မြူးပန်း  တစ်ခွင်
ခူးပန်း  ပါတဲ့
ရူးနမ်း  အဆိပ်
ဒီမောင့်   သင့်ပြီ @@@

ချစ်ဦး ပစ်တဲ့
နွမ်းပန်း ကြွေလွှ
ပန်းမှာ မြေခ
့ရင်မှ  မျက်ရည်
ဒီ မောင် မတိတ်@@@

ချစ်ဦး ပျော်နေ
``မောင်´´ ငိုနေ 
သည်းကြွေ သည့် ပန်း စမ်းမျော
လွမ်း တေးသီရယ်
ဖြေသိပ့် ခဲ့တယ်
       ရင် ချစ် ဦး ရယ်@@@
  ကိုယ်တိုင်ရေးသာ့းခြင်း ဖြစ်ပါသည်::'

     ရင်ခွင်ဦး ချစ်ဦး
    တစ်မင်ထူး ထူးတဲ့ဟန်
    မြူးပန်း တစ်ခွင်
    ခူးပန်း ပါတဲ့...
    ရူးနမ်း အဆိပ်
    ဒီမောင့် သင့်ပြီ @@@
    ချစ်ဦး ပစ်တဲ့

    ♡ သူစိမ်းတွေပဲလေ♡


    အလွမ်းဓာတ်ခံရှိသူမို့
    အကြောင်းတိုက်ဆိုင်တိုင်း
    လွမ်းမိတာအပြစ်တဲ့လား။
    တစ်နေ့ထက်တစ်နေ့သာ...
    ပြောင်းလဲသွားတယ်
    အတိတ်ကအရိပ်တွေက

    *****အချစ်က မခါးပါ*****

    'အချစ်က မခါးပါ
❦ ❦ ❦ ❦ ❦ 

အကြင်နာ အစ    သာယာစ

အကြည့်တစ်ချက် ရင်ခုန်တက်

အပြုံလေးအောက်  အသက်ပျောက် ။

တကယ်ဆို အချစ်ကမခါးဘူး
သံယောဇဉ်အချိုချိုလေးရော
နာလည်စွာသဘောကို သိခဲ့ရင်
အချစ်လမ်းဖြောင့်မတ်
ဘယ်လောက်ဘဲ ကြမ်းလျက်ပေနေပါစေ
စိုပြေနေမှာ အမှန်ပါ ။

မာယာကိုအသုံးပြု
ဟန်ဆောင်မူ့ထည့်ထားတော့
ဓာတ်ခဲအားနဲနေတဲ့ နှာရီတစ်လုံးလို
အချစ်လည်ပတ်မူ့ နှေးကွေးသွားတာမဆန်း
တကယ်တမ်းတော့ 
မာနရဲ့ ရှေ့တန်မှာ 
ငါ့ နှလုံးသားလေး အသက်ပေခဲ့ရတာပါ ။

မခါးမှန်သိခဲ့ပါတယ် 
သို့ပေမယ့်
အမှားတစ်ခုကြောင့် မူးနှောက်ခဲ့ရတာ
အချစ်မှာ အပြစ်မရှိ
လိုရာဖန်တီးတက်သော
လူတစ်ယောက်ရဲ့ သဘောကြောင့်ဆိုတာ
သိနေခဲ့သူမို့ ပါ ။

ဘီလူးလေး
❦ ❦ ❦'


























     
    အချစ်က မခါးပါ
    ❦ ❦ ❦ ❦ ❦

    အကြင်နာ အစ သာယာစ
    ...
    အကြည့်တစ်ချက် ရင်ခုန်တက်
    အပြုံလေးအောက် အသက်ပျောက် ။
    တကယ်ဆို အချစ်ကမခါးဘူး
    သံယောဇဉ်အချိုချိုလေးရော

    Saturday, March 21, 2015

    လှည့်မကြည့် ကြေ

    'လှည့်မကြည့် ကြေ
........................

မေ့ ဖို့မပြောပါနဲ့

နင် အချိုးပြောင်းလာကတည်က

မခံစားရအောင် ကြိုမေ့ထားသူပါ ။

ထပ်တူမကျတော့တာ သိလျက်

မေ့ခတ်နေမယ်ဆို

ရှေ့ဆက်နာကျင်းသူက

ငါ ဘဲ ဖြစ်လိမ့်မယ် ။

စိတ်ကြိုက်ရွေးချယ်

သေချာတွေး

ဒါပေမယ့် တစ်ခုတော့ မမေ့ကြေ

ငါ့ ဆီက ခြေတစ်လှမ်းခွာတာနဲ့

ပြန်မဆုတ်လာနဲ့. တည့်တည့်သာ ဒိုတော့ 

မိန်းကလေး ။

ဘီလူးလေး
................'
    လှည့်မကြည့် ကြေ
     ........................
    မေ့ ဖို့မပြောပါနဲ့
    ...
    နင် အချိုးပြောင်းလာကတည်က
    မခံစားရအောင် ကြိုမေ့ထားသူပါ ။
    ထပ်တူမကျတော့တာ သိလျက်
    မေ့ခတ်နေမယ်ဆို

    မြိုင်ဟေဝန်

    'လွမ်းဘွယ့်မြိုင်တော

မြိုင်ဟေဝန် တောဝန
လောကလှ စုံညီ။
မောခဏ နေရီရီဝယ်
ဝေသီသီ ခေါင်မှုး။

တောညို့ညို့ တောင်တန်းခြေ
မြောင်စမ်းရေ  ငှက်ပျော်မြူး။
လွမ်းဘွယ်ကြူးတဲ့ ကျေးငှက်သံလွင်
တေးသံစဉ်  မိန့်မူး။

ပန်းမျိုးစုံ ကြိုင်လှိုင်ဖူးတွေနဲ့
မြိုင်ဦးက စေတီ။
ရောင်ခြည်တော်  လွန့်ကာလူးလို့
ကွန့်ကာမြူး  ဖူးမဝလေပြီ။

ပန်းနံ့သာ ထုံထုံအီလို့
မှုန်မှုန်ရီ  နတ်နန်းက
လျှပ်ပန်းကဲ့ နန္ဒဝန်
သာမောဘွယ့်လွန်။

စိမ့်စမ်း ရေတံခွန်တွေနဲ့
မြိုင်ဟေဝန် လွမ်းဘွယ်ပါ့လေး။

ကဗျာတစ္ဆေကြီးမှိုင်းဝေ
2015/5/16
23:43
မကျဉ်းရွက်စိပ် တေးထပ်ကဗျာ ရေးဖွဲ့ပြီးသည်။'
    လွမ်းဘွယ့်မြိုင်တော
    မြိုင်ဟေဝန် တောဝန
    လောကလှ စုံညီ။
    မောခဏ နေရီရီဝယ်...
    ဝေသီသီ ခေါင်မှုး။

    တောညို့ညို့ တောင်တန်းခြေ
    မြောင်စမ်းရေ ငှက်ပျော်မြူး။

    **အတာသင်္ကြန်**

    **အတာသင်္ကြန်**
    ****************
    မိုးလားဟေ့ မောင်တို့ မောင်တို့
    လေလားဟေ့ မောင်တို့ မောင်တို့
    ...
    ၁။ သင်္ကြန်ရက်ကြီး ရောက်လို့လာ
    နွှဲပျော်ဖို့ရာ ပြင်ကြဆင်ကြ။

    မွေးမေမေ

    'မွေးမေမေ

ကြည်နူးရောင်ခြည်
ရွှေရည်ပိန်းပါလို့
လေးဆူဓာက် ကိမ်းသည်ပ  မြတ်ရွှေတိဂုံ။

ဖူးမျှော်ကြလူစုံ
အာရုံကြည်နူးတယ်
ထူးတင့်ဘိဂုဏ်။

လှုဒါန်းကြပါတဲ့
ပန်းမျိုးစုံ။
ကြိုင်သင်းရနံ့ထုံလို့
ဂုဏ်တော်ကိုပွါး။
သူတော်တရားတွေနဲ့
ပျှော်ပါးရွှင်ရွှင်။
ရွှေရေးရောင်ရှင်
စိတ်ဘဝင်ကြည်နူးတယ်
ဦးထိပ်လက်တင်။

ရွှေတိဂုံဘုရားကိုလ
ဖူးမဝချင်။
ကြည်နူးစဉ်သွင်သွင်ငဲ့
မျက်ရည်စင်ဝဲ။
မွေးမေမေ ဘယ်ဆီမလဲဟု
မှန်းပြုနေ။
ပြုသမျှကုသိုလ်တွေ
အမျှခြွေတမ်းမယ်
ဝမ်းသာတော့အမေ။

မွေးမေမေရှိရင်လ
မြတ်ဘုရားရှင်ကိုလေ။
မေ့သားအပြုံးတွေနဲ့
ပို့ပေးချင်လွန်း။
ယွန်းဘဝခြားပြီမို့
စိတ်အားတော်ငယ်။
မွေးမေမေရယ်
နေ့စဉ်လွမ်းတယ်
ပမ်းပါဘိကွယ်။

ရွှေတိဂုံဘုရားကိုလ
စောင့်ငြားပေတယ်။
နတ်များဒေဝါကူသယ်လို့
မွေးမယ်အားပြော။
သားမောင်ချောရယ်က
ပို့သောမေတ္တာ။
မွေးမာတာသိစေကြောင်းကွယ်
နတ်ပေါင်းပြောပါ။

ကဗျာတစ္ဆေကြီးမှိုင်းဝေ
2014/7/17/17:33

ဘောလယ်ကဗျာများဟာ ကဗျာစည်းကမ်းများစွာနှင့် ကာရန်ထပ်ချိတ်ဆက်ရေးရသော ခတ်ခဲသော မြန်မာကဗျာစစ်စစ်ဖြစ်ပါသည်။
စိန်ခြူးကြာငြောင်
လရောင်ကယ်လင်းပါလို့
စသည်ဆိုထားသော  သီချင်းသည်  လှိုင်ထိပ်ခေါင်တင် မင်းသမီးလေးရေးဖွဲ့ခဲ့သော  ဘောလယ်ကဗျာဖြစ်ပါသည်။
ဘောလယ်ကဗျာသည်  ဂီတဘတ်သို့နွယ်သော ကဗျာဖြစ်ပါသည် ။'
    မွေးမေမေ
    ကြည်နူးရောင်ခြည်
    ရွှေရည်ပိန်းပါလို့
    လေးဆူဓာက် ကိမ်းသည်ပ မြတ်ရွှေတိဂုံ။
    ...
    ဖူးမျှော်ကြလူစုံ
    အာရုံကြည်နူးတယ်
    ထူးတင့်ဘိဂုဏ်။
    လှုဒါန်းကြပါတဲ့
    ပန်းမျိုးစုံ။

    ရိုရိုလေး ထားခဲ့ပါ

    'ရိုရိုလေး ထားခဲ့ပါ
§§§§§§§§§

ရိုရိုလေးဘဲ

ထားခဲ့ပါ

တိုးတိုးလေးဘဲ

ငါ နေရစ်မယ် ။

ခိုးခိုးပြီး လှည့်မကြည့်နဲ့

မေ့ခတ်နေလိမ့်မယ် ။

နောက်ဆုံးစကား .........

တိုးတိုးလေးပြောခဲ့ ပါရစေ

ငါ့ ရင်ဘတ်ထဲက

မင်း နာမည်ကို အကြိမ်ကြိမ်

ခေါ်နေမိတုန်းပါ  ကောင်းမလေး ။

ဘီလူးလေး
..............'

     §§§§§§§§§
    ရိုရိုလေးဘဲ
    ...
    ထားခဲ့ပါ
    တိုးတိုးလေးဘဲ
    ငါ နေရစ်မယ် ။
    ခိုးခိုးပြီး လှည့်မကြည့်နဲ့
    မေ့ခတ်နေလိမ့်မယ် ။
    နောက်ဆုံးစကား .........
    တိုးတိုးလေးပြောခဲ့ ပါရစေ
    ငါ့ ရင်ဘတ်ထဲက
    မင်း နာမည်ကို အကြိမ်ကြိမ်
    ခေါ်နေမိတုန်းပါ ကောင်းမလေး ။
    ဘီလူးလေး
    ..............
     
       

    ငါ့ ပြိုင်ဘတ်

    'ငါ့ ပြိုင်ဘတ်
(^_^) (^_^) 

ငါ သည် သာ ငါ့ ပြိုင် ဘတ်
အရောင် မတက်ချင်နေ
အမှောင်မှာ တစ်ခန်းမရပ်ရေး
ဘဝ အတွေးလေးထည့်တွေးဖူးတယ် ။

ဒုက္ခ ပေဖူးတဲ့ ငါ့အတိတ်
တစ်ရေးအိပ်ဖို့ ငါ တွေးမိတာ
ညံ့ဖျင်းတယ် ဆိုရင်
အသက်ကင်နေသော 
ငါ့ အချိန်တစ်ချို့
နှာရီတွေ ခိုးလှည့်ကြည့်ချင်သေတယ် ။

လက်မှိုင်ချတွေး ဒါလဲ
မဖြစ်သေဘူး ငါ့ အချိန်တွေ
မာရဏ မင်းထံ ငါ ကိုယ်တိုင်
ပို့နေသလို့ ဖြစ်မနေဘူးလား ။

လာခေါ်နေတဲ့ လူ နှစ်ယောက်
အခန်းဝမှာ ခါးထောက်လို့
အရမ်းကြောက်ပါတယ်ဆိုမှ
အသံနက်ကြီးနဲ့ ဖြဲချောက်လိုက်သေး ။

ခနလေးပါ 
ငါ့ ကြမ္မာ ကိုယ်တိုင် ပြန်ရှာ
သေချာနေသလားလို့
ဖန်ဆင်းရှင် ဘယ်သူဆိုတာ
မရေးရာတဲ့ မှုန်ဝါးဝါး စာကြောင်းတွေမှာ
ပါဝါ မျက်မှန်တပ်အနီကပ်ကြည့်ချင်သေးတယ် ။

အကို ဆရာ ပြလို့
မော်ဒန် ရေးကြည့်တာ
အမြင်မသင့် အမှားပါရင် 
ပြောပြပေကြပါနော် 

ဘီလူးလေး
✖ ✖ ✖ ✖'

     (^_^) (^_^)
    ငါ သည် သာ ငါ့ ပြိုင် ဘတ်
    အရောင် မတက်ချင်နေ...
    အမှောင်မှာ တစ်ခန်းမရပ်ရေး
    ဘဝ အတွေးလေးထည့်တွေးဖူးတယ် ။

    ဒုက္ခ ပေဖူးတဲ့ ငါ့အတိတ်
    တစ်ရေးအိပ်ဖို့ ငါ တွေးမိတာ

    ကြယ်များတဲ့ ကောင်းကင်

    'ကြယ်များတဲ့ ကောင်းကင်
zzzzzzzzzzzzzzzzzzzzzz

မနေ့   ည  က

ငါ့ ကမ္ဘာမှာ ကြယ်တစ်စင်း

ကြွေကျတယ်    

        အဲ့ဒီညက  မမှောင်ခဲ့ဘူး ။

ငါ့ ကောင်းကင်မှာ

    လမင်း တစ်စင်း

နေမင်းထွန်းလင်းသေတယ် ။

အမှောင်မမဲ့ဖို့ ငါ ဘဝချွေးကျ 

ပေဆပ်ခဲ့တာ ပြန်တွေးမိချိန်

ကြယ်လေးရယ်  ကြွေချိန်စောပါသေတယ် 

ဒါပေမယ့် မနှမျောဘူး ။

လေနှင်ရာ အရပ် ခြေဆန့်လို့ရှား

မြောက်ဘတ်မှာ တစ်စု

တောင်ဘတ်သို့ အတည်ပြု

ဟိုဒီ ပြေးလွှာ ကြယ်တွေ ကစားနေတော့

မနေ့ ည က အကြောင်း

မေ့ကောင်းပါတယ် ။

စာသားလေးရဲ့ အဖြေ ???????????????

့

ဘီလူးလေး
zzzzzzzzzz'

    မနေ့ ည က
    ...
    ငါ့ ကမ္ဘာမှာ ကြယ်တစ်စင်း
    ကြွေကျတယ်
    အဲ့ဒီညက မမှောင်ခဲ့ဘူး ။
    ငါ့ ကောင်းကင်မှာ
    လမင်း တစ်စင်း

    မော်ဒန်

    တစ်နေ့ တစ်ချိန်
    နေဝင်ချိန်ရောက်မဲ့လူ အတူတူ
    မာနတွေ ခန ဖျယ်
    ...
    အလှတွေ ခြယ်ရင်
    ဘဝ မှန်တစ်ချပ် အမုန်းမဖတ်ဘဲ
    တွဲလျက် ကြည့်ကြတာပေါ့
    သူငယ်ချင်း .............

    ဘီလူးကျွန်းချောင်းဆုံမြို့နယ် ဘုရားကြီးကုန်လမ်းဆုံမှ ကမ္ဘောဇဘဏ်အရှေ့မြင်ကွင်

     

    ဘီလူးကျွန်းချောင်းဆုံ ကျွန်းသာယာခန်းမ

     

    ဘီလူးတို့ရဲ့ မိခင်ကျောင်းတော်ကြီး

     

    ဘီလူးတို့ရဲ့မိခင်ကျောင်းတော်ကြီးပေါ့

     
    ဘီလူးကျွန်းဆီက အလွမ်းတောင်တန်း's photo.
     
     

    ကျောင်းဆင်းချိန်

    'ကျောင်းဆင်းချိန်'
     

    သာယာလှသော ရွှေမြင့်မိုရ်

     

    ကလော့ဋ္ဌာနေ

    ရှု့မဝမဆုံး သာယာပေါ၏ ကလော့ဋ္ဌာနေ စေတီပုထိုး

    ရေပူတွင်း

    ဒီနေ့တော့ ကညှော်ရွာရဲ့ရေပူတွင်းကိုမိတ်ဆက်ပါရစေ

    ကြိုဆိုပါ၏ မုနိုင်း

     
    ချောင်းဆုံမြို့ရဲ့
    ပြည့်ဖြိုးဝေသီ တေဇ တောဥယျာဉ်

    ကန်တော်ကြီးမှာ အလွမ်းဖြေပါ

     
    ဘီလူးကျွန်းဆီက အလွမ်းတောင်တန်း's photo.

    31/3/2015 ဖွင့်လစ်မည့် မွန်ပြည်နယ် လွှတ်တော်

     

    ""ဘီလူးကျွန်းဖြစ်ပေါ်လာပုံ.အခန်း(၁)""

    သမိုင်းရာဇဝင်းကို ကွယ်ပျောက်လုနီးပါမို့ ရှေ့ဆက်နောင်ဆက် ညီငယ် ညီမငယ်များအတွက် မိမိကျွန်းရဲ့ သမိုင်းရာဇဝင်ကို လေ့လာနိုင်စေရန် ရည်ရွယ်ပါ၏
    သိမှတ်ဖွယ်ရာ အဖြာဖြာ""ဘီလူးကျွန်းဖြစ်ပေါ်လာပုံနှင့်""
    (or) -တ္ကအ်ခ္မိုင်(တကော့ခမိုင်)-ဘီလူးကျွန်းအကြောင်းတို့၏ တစ်ပိုင်တစ်စ""
    (အခန်း-1)
ြ မြန်မာနိုင်ငံ မွန်ပြည်နယ် မော်လမြိုင်နယ် တွင် မော်လမြိုင်မြို့ အနောက်ဘက်
     မြောက်လတ္တီတွဒ်(16)ဒီဂရီ-13မိနေစ်ကြားနှင့် (16)ဒီဂရီ 30 မိနေစ်ကြားတွင် တည်ရှိပြီး
    |လောဂျီတွဒ် (75)ဒီဂရီ -27မိနေစ် အရှေ့ကြာတွင် တည်ရှိသော 
    ကျွန်းကြီးတစ်ကျွန်း ဖြစ်ပေသည်။

    ""ဘီလူးကျွန်းဖြစ်ပေါ်လာပုံ.(၂)""

    သိမှတ်ဖွယ်ရာ အဖြာဖြာ""ဘီလူးကျွန်းဖြစ်ပေါ်လာပုံနှင့်""
    (or) -တ္ကအ်ခ္မိုင်(တကော့ခမိုင်)-ဘီလူးကျွန်းအကြောင်းတို့၏ တစ်ပိုင်တစ်စ""
    (အခန်း-2)
    ဘုရင်ကြီးသည် အလွန်ဝမ်သာအားရကာ လုလင်ပျို မောင်ဒီထံ သမီတော်(ဏ္ဍင်သာဓလာ)ကိုပို့ဆောင်စေခဲ့သည်။ အခြွေအရံအသင်းအပင်းနှင့် တူရိယာဗုံမောင်းများတီးပြီး ဘုရင်သမီးတော်လာရောက်ရာ မောင်ဒီသည် မိမိအာဖမ်းသည်ဟုထင်ပြီး ခမောင်းပင်ကြီးအပေါ်သို့တက်ပြေးပြီး ခမောင်းပင်ပေါ်မှ လိမ့်ကျရာ မောင်ဒီသေဆုံးလေသည်။

    😁😁😁