{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Thursday, May 14, 2015

    ***မိဘမေတ္တာ နှိုင်းတုလို့မရပါ သေချာဖတ်ကြည့်ပေးပါ***

    မြဝတီ's photo.
     
    ရင် နင့် ဖွယ် ရာ့ မေ့ မေ တ္တာ
    ဒီဆောင်းပါးလေးနဲ့ မေမေနဲ့တကွ
    အမေများအားလုံးကို ဂုဏ်ပြုလိုက်ပါတယ်။
    (ဖတ်ပြီးလို့ကောင်းတယ်ထင်ရင်တော့ ရှယ်ပေးဖို့မမေ့ပါနဲ့)
    ...
    ဂျပန်နိုင်ငံမှာ ငလျင်အကြီးအကျယ်လှုပ်ပြီးတဲ့ နောက်တစ်နေ့မှာ
    ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင် ရေးလုပ်ငန်းတွေကို
    ဆောင်ရွက်ကြပါတယ်..။
    ကယ်ဆယ်ရေးသမားတွေဟာ ပျက်စီးနေတဲ့ အမျိုးသမီး တစ်ဦးရဲ့
    အိမ်ကိုရောက်တဲ့အခါမှာ.. အဆောက်အဦအပုံပျက်များကြားထဲက
    သေဆုံးနေတဲ့ အမျိုးသမီး အလောင်းကို တွေ့ရှိခဲ့ရပါတယ်..။
    ဒါပေမယ့် သူမသေဆုံးနေတဲ့ပုံစံက ထူးခြားလို့နေပါတယ်..။
    သူမဟာ မြေပေါ်ကိုဒူးထောက်ထားပြီး ၀တ်ပြုနေတဲ့ ပုံစံရှိပါတယ်..။
    သူမရဲ့ ခန္ဓာကိုယ်ဟာ ရှေ့သို့ ညွှတ်ကိုင်းနေပြီး လက်နှစ်ဘက်ကတော့
    ပစ္စည်းတစ်ခုကို ထောက်မထားပါတယ်..။
    အခက်အခဲပေါင်းများစွာနဲ့..၊ ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်ဟာ
    လက်တစ်ဝင်စာ အပေါက်ငယ်လေး ထဲကနေ အဆိုပါ
    အမျိုးသမီးအလောင်းကို ထုတ်ယူနိုင်ဖို့ကြိုးစားပါတယ်..။
    သူတို့ ဒီအမျိုးသမီး အသက်ရှင်နေလိမ့်အုံးမယ်လို့ မျှော်လင့်ဆဲပါ.။
    ဒါပေမယ့် သူ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ကို ထိမိလိုက်တဲ့ အချိန်မှာတော့ အေးစက်ပြီးတောင့်ခဲနေတဲ့အမျိုးသမီးရဲ့ ခန္ဓာကိုယ်က သူမသေဆုံးကြောင်းကို
    သက်သေပြလို့နေခဲ့ပါပြီ.။
    သူတို့ဟာ လက်လျှော့လိုက်ပြီး တစ်ခြားမှာ ပိတ်မိနေတဲ့သူတွေကို
    အကူအညီပေးဖို့ ပြင်လိုက်ကြပါတယ်..။ ဒါပေမယ့်….
    ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်ဟာ တစ်စုံတစ် ယောက်က သူ့ကို
    သေချာပြန်ကြည့်ဖို့ ဆွဲဆောင်နေတယ်လို့ ထင်တာကြောင့်
    သေချာအောင် သေဆုံးနေတဲ့ အမျိုးသမီးကို
    အပေါက်ထဲကနေ ပြန် ကြည့်လိုက်ပါတယ်..။
    ရုတ်တရက်ပဲ… သူစိတ်လှုပ်ရှားစွာနဲ့ အော်လိုက်မိပါတယ်..
    "ကလေး… ဒီမှာ ကလေးတစ်ယောက် ရှိနေတယ်…"
    ကယ်ဆယ်ရေးအဖွဲ့တွေဟာ တက်ညီလက်ညီနဲ့ ပိတ်နေတဲ့
    အဆောက်အဦပျက်တွေ အပိုင်းအစတွေကိုဖယ်ရှားကြပါတယ်..။
    သေဆုံးနေတဲ့ အမျိုးသမီးရဲ့ အောက်မှာတော့ ပန်းပွင့်တွေပါတဲ့
    စောင်လေးနဲ့ ထုပ်ပိုးထားတဲ့ သုံးလအရွယ် ကလေးလေးတစ်ယောက်ရှိနေပါတယ်..။
    အမေဖြစ်သူက သူ့ကလေးအသက်ရှင်ဖို့အတွက် နောက်ဆုံးအချိန်ထိ အသက်စွန့်ခဲ့တာပါ..။ အိမ်ပြိုကျတဲ့အချိန်မှာ.. သူမဟာ သူမရဲ့ခန္ဓာကိုယ်ကို ကလေးအတွက် အကာအကွယ်အဖြစ် ပြုလုပ်ပေးခဲ့တာပါ..။
    ကယ်ဆယ်ရေး ခေါင်းဆောင်ဟာ ကလေးဖြစ်သူကို ကောက်ချီလိုက်ချိန်မှာတော့
    ကလေးဟာ နှစ်ခြိုက်စွာ အိပ်မောကျလျက်ရှိပါတယ်..။
    ဆရာဝန်တွေ အပြေးအလွှားရောက်လာပြီး ကလေးငယ်ကို ပြုစုပေးကြပါတယ်..။
    ကလေးကို ထုပ်ပိုးထားတဲ့ အနှီးကို ဖွင့်လိုက်တဲ့အခါမှာ..
    အနှီးထဲမှာ ဖုန်းလေးတစ်လုံးကို တွေ့လိုက်ရတယ်..။
    အဲ့ဒီဖုန်းမှာ မက်ဆေ့(စ်) တစ်ကြောင်းရှိနေပါတယ်..။
    "သားတစ်ကယ်လို့ အသက်ရှင်ခဲ့မယ်ဆိုရင်.. အမေသားကို
    ဘယ်လောက်ချစ်တယ်ဆိုတာ မမေ့ပါနဲ့…"
    ဒီဖုန်းလေးဟာ တစ်ယောက်ကနေ တစ်ယောက်ဆီ
    လက်ဆင့်ကမ်းရောက်သွားပြီး ဖတ်မိသူတိုင်း မျက်ရည် မထိန်းနိုင်ခဲ့ကြပါဘူး..။
    "သားတစ်ကယ်လို့ အသက်ရှင်ခဲ့မယ်ဆိုရင်..
    အမေသားကို ဘယ်လောက်ချစ်တယ်ဆိုတာ မမေ့ပါနဲ့…" တဲ့….။
    သြော်… အမေ့မေတ္တာ…. ကြီးမားလှချေလားဗျာ…။
    အောင်ထွန်းဦး
    Ref: သာသနာနွယ် သာသနာနွယ်

    No comments:

    Post a Comment

    😁😁😁