ပစ္စည်းကောင်းတွေသုံးနိုင်ရုံနဲ့ အဆင့်အတန်းမြင့်တဲ့သူ မဖြစ်သေးဘူး။
စိတ်နေသဘောထား အဆင့်အတန်းမြင့်မှ အဆင့်အတန်းမြင့်တဲ့သူလို့ ဆိုနိုင်တယ်။
နေပုံထိုင်ပုံ၊ ပြောပံ...ုဆိုပုံ အဆင့်အတန်းမြင့်မှ အဆင့်အတန်းမြင့်တဲ့သူ ဖြစ်တယ်။
🌹🌹🌹
Self-perfection is culture. ဆိုတာ “မိမိကိုယ်ကို ကောင်းသည်ထက်
ကောင်းအောင် ချို့ယွင်းချက် ကင်းအောင် လုပ်တာဟာ ယဉ်ကျေးမှုပါ ”
Self-perfection ဆိုတာ ရုပ်ရည်ကို perfect ဖြစ်အောင်လုပ်တာကို ပြောတာ မဟုတ်ဘူး။ ခန္ဓာကိုယ်ကြီးကို ချို့ယွင်းချက်ကင်းအောင်၊ perfect ဖြစ်အောင် ဘယ်လိုမှ လုပ်လို့မရဘူး။
ဒါဖြင့်ရင် perfect ဖြစ်အောင်၊ ကြာလေ ပိုကောင်းလေဖြစ်အောင် ဘယ်ဟာကို
လုပ်ရင်ရမှာလဲဆိုတော့ စိတ်ပဲရတယ်။ ဘုရားဟောတဲ့ ကိလေသာတွေ
လုံးဝကင်းတဲ့ထိအောင် တရားအားထုတ်ဖို့ဆိုတာဟာ Self-perfection ပဲ။
ဒါကြောင့် ရဟန္တာဖြစ်သွားရင် စိတ်က perfect ပဲနော်။ ချို့ယွင်းချက် ကင်းသွားတယ်။
အဲသလိုဆိုရင် အဲဒီရှုထောင့်ကနေ ကြည့်တော့ ဘုရားဟောတဲ့ တရားတော်တွေက
အမြင့်ဆုံး ယဉ်ကျေးမှု ဖြစ်သွားတယ်။
🌹🌹🌹
ကိုယ့်ဘ၀ကို တကယ်ပိုကောင်းအောင် လုပ်တဲ့အခါမှာ သေချာတဲ့နေရာက စပါ။
စိတ်ထားကောင်းအောင် အရင်လုပ်ပါ။ တည်ငြိမ်အေးချမ်းအောင်၊
ရိုးသားဖြောင့်မတ်အောင်၊ ကိုယ်ချင်းစာတတ်အောင်၊ ကူညီတတ်အောင်၊
မနာလို ၀န်တိုစိတ် နဲအောင်၊ မုဒိတာများအောင်၊ တစ်ကိုယ်ကောင်း မဆန်အောင်၊
ခွင့်လွှတ်တတ်အောင်၊ အကောင်းမြင်တတ်အောင် နေ့စဉ် စိတ်ကို
သတိနဲ့စောင့်ကြည့်ရင်း လေ့ကျင့်ယူပါ။🌿🌿🌿
➖➖➖🔹🍄🍄🔹➖➖➖
💡ဆရာတော်ဦးဇောတိက💡
🍀 ( မဟာမြိုင်တောရ ) 🍀
▫▫၏▫▫
💧“ တွေးမိတိုင်း ပျော်တယ် ” 💧
စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊

Myanmar Kyat Converter
No comments:
Post a Comment