{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Thursday, May 14, 2015

    ***အဖေ ချစ်တဲ့ သား***


    သား
    အဖေ ချစ်တဲ့ သား

    ပျော်ပွဲစား သွားတာ မဟုတ်ဘူး
    စစ်ထွက် သွား မဲ့ အဖေ...

    ကြွေချင် ကြွေ နိုင်သလို
    သေ ချင် သေ နိုင် တယ်
    ငါ့သား မယိုင် သွား နဲ့
    ဆက်လျောက်ပါ

    ခိုင်မာတဲ့ ပြည်ထောင်စု
    နိုင်ငံ တစ်ခု အတွက်

    သား ရဲ့ အဖေ
    ဝေ လေလေ မဟုတ်ဘူး
    အုတ်တစ်ချပ် သဲ တ ပွင့်လေ သား ရယ်

    လွဲနေတဲ့ စိတ်ဓါတ်တွေ ကြား
    အဖေ တို့  အသက် တွေ
    အပျော် ကစား နေကြ သလို
    မော်ကြွား နေတဲ့ လူတစ်ချို့
    အမြင်မှန် သိဖို့  သွားရမှာ

    သူတို့ က
    တစ် ဘို့  ထဲ သမား
    နွား သာသာ အသိနဲ့လူ တွေ
    မောင်း ထုပ် ဖို့  တာဝန် ရှိ တယ် လေ

    အဖေ နမ်းသွား တဲ့ ပါး
    နောက်ဆုံး များ ဖြစ်ခဲ့ရင်
    အပြစ် မမြင်နဲ့ ငါ့ သား
    ဘဝ တွေ ခြား သွား လည်း
    ချစ်နေ မယ် ဆိုတာ ယုံ

    အဖေ မှာတာ မမေ့နဲ့
    သေ ချာတာ က
    တစ်နေ့  သေရမဲ့ အတူတူ

    သေရတာ မြတ်စေ ရအောင်
    နေလာတဲ့ မြေကြီး
    သောက် လာတဲ့ ဒီရေ အတွက်

    သား ရေ
    အဖေ့ လို ဘဲ
    တာဝန် တွေ ကျေ နိုင် ပါစေကွယ်

    (မောင်သစ္စာ)

    No comments:

    Post a Comment

    😁😁😁