
ဓမ္မမိတ်ဆွေ သူတော်ကောင်း
...
...
အပေါင်းတို့
ကျွန်ုပ်တို့ လူသားများသည်
နံနက်မိုးလင်းသည်မှစ မိုးချုပ်သည်
အထိ ကာယကံ၊ဝစီကံ၊မနောကံဖြင့်
ကံပေါင်းမြောက်များစွာ
ပြုလုပ်နေကြပေသည်။
ထိုထိုသော ကံတို့သည်
သေခါနီး အချိန်သို့ ရောက်သောအခါ
ကံ၊ ကမ္မ နိမိတ်၊ ဂတိနိမိတ် သို့
အကျိုးပြုလေ၏။
ထိုသို့ဆိုလျှင် အသင်တို့
တစ်နေ့တစ်နေ့ ပြုလုပ်နေသော
ကံတို့ကို ဆင်ခြင်သင့်ပေ၏။
ထိုသို့ ဆင်ခြင်ကြည့်ပါက
ကြောက်စရာကောင်းလောက်အောင်
အကျိုးပေးခံရမည်ကိုလည်း
တွေးမိကြပေလိမ့်မည်။
လိုချင်တာက လောဘ။
ဆန္ဒမပြည့်လျှင် ဒေါသ။
အကောင်းအဆိုးအကြောင်းအကျိုး
မသိတာက
မောဟ။
အကျိုးပေးက ငရဲ ၊ တိရိစ္ဆာန်
ပြိတ္တာ ၊ အသူရကာယ် တည်းဟူသော
အပါယ်လေးဌါန။
ဒါန၊ သီလ ၊ သမထတွေတော့
ပြုထားပါရဲ့ ။
ဖြစ်ပျက်(ဝိပဿနာဥာဏ်) နှင့်
ယှဉ်သော အသိမျိုးနဲ့မလုပ်ခဲ့တာက
တစ်ကြောင်း။
တစ်နေ့လုံးပြုနေတဲ့ အပါယ်မျိုးစေ့
ကံတွေက တစ်ကြောင်း။
ဒါနအကျိုး၊ သီလအကျိုး၊
သမထအကျိုးကြောင့်
လူချမ်းသာ၊ နတ်ချမ်းသာ၊
ဗြဟ္မာချမ်းသာ ဖြစ်သော်ငြားလည်း
ခဏတစ်ဖြုတ် ဖြစ်ပြီး
အပါယ်လေးဘုံ ပြန်ရောက်နဲ့
တစ်သံသရာလုံးအကျိုးပေး
နေပေသည်။
ထို့ကြောင့်လည်း မြတ်စွာဘုရားသခင်
ကိုယ်တော်မြတ်ကြီးက
အပါယ်လေးဘုံသည် အမြဲနေအိမ်
ဟူ၍ ဟောတော်မူခဲ့ပေသည်။
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်
ဘုရားကြီးကလည်း
ဒါန၊သီလ ၊ သမထ လောက်နဲ့
မတင်းတိမ်ကြပါနဲ့။
အပါယ်တံခါး အမြဲပိတ်တဲ့
ဝိပဿနာတရားကို အားထုတ်ကြပါ
ဆိုပြီးတော့ ခဏ ခဏ တိုက်တွန်း
ခဲ့ပေသည်။
ထိုသို့သော အကျိုးပေးကို ရပ်တန့်ရန်
(ဝါ)
အပါယ်သံသရာ၌ ကျင်လည်နေမှုကို
ရပ်တန့်ရန်မှာ
ကံဖြတ်သော ဝိပဿနာ အလုပ်
သာလျှင်ရှိပေသည်။
မည်သို့ ဖြတ်မည်နည်း???
မိမိတို့၏ ခန္ဓာပဋိစ္စသမုပ္ပါပ်လည်ခြင်း
ကို ဖြစ်ပျက်ရှု၍ ဖြတ်လျှင်
ကံဖြတ်သော အလုပ်ပင်ဖြစ်လေသည်။
တစ်နည်းဆိုရသော်
ကာယကံ၊ ဝစီကံ ၊ မနောကံ တို့ဖြင့်
လည်ပတ်နေသော နေ့စဉ် နိစ္စဓူဝ
ဖြတ်သန်းမှုတို့ကို
ဖြစ်ပျက်ရှုသော အာစိဏ္ဍာကံ
အလေ့အကျင့်ဖြင့် ယှဉ်၍ ဖြတ်သန်း
ပါက သေခါနီး အချိန်တွင်
ကိုယ်သာနာ၍ စိတ်မနာပါဘဲ
ဝေဒနာကို ကျော်လွှားနိုင်ပေလိမ့်မည်။
အသင်တို့ သိကြတဲ့အတိုင်း
သေခါနီး လူမမာများသည်
အချိှု့မှာ ခြင်ယင်နားမှာ စိုး၍
ယပ်ခပ်ပေးတာတောင်မှ
ဖြေးညင်းစွာခပ်ပေးရ၏။
အချို့ကျတော့လည်း ဝေဒနာပြင်းထန်
လွန်း၍ အော်ဟစ် ညည်းညူရရှာ၏။
အချို့သည်ကား မျက်လန်ကြောဆွဲ
မချိမဆန့်ဖြစ်ကြသည်များလည်းရှိ၏။
လားရာ ဂတိနိမိတ်တွေ ထင်ကာ
မျက်ရည်ကျရသည်လည်းရှိ၏။
သြော်----
အဘယ်အကြောင်းကြောင့်နည်း။
ဒါနမပြုခဲ့၍လော??
သီလမဆောက်တည်ခဲ့၍လော??
စင်စစ်အားဖြင့် ဝိပဿနာအားထုတ်
၍ ဝေဒနာခွါခြင်း အလေ့အကျင့်
အကျင့်မှန်ကို မလုပ်ခဲ့သောကြောင့်
ဖြစ်ပေသည်။
တစ်နည်းဆိုရပါလျှင်
အသက်ရှင်စဉ်ကာလအတွင်း
အနေမတတ်၍ အသေခက်နေရခြင်း
ဖြစ်ပေသည်။
အနေဆိုး၍ အသေဆိုးသည် ဟု
ဆိုပါလျှင် ပို၍ မှန်ပေလိမ့်မည်။
အနေတတ်သူတို့မှာကား
သုခဝေဒနာလည်း ဖြစ်ပျက်
ဒုက္ခဝေဒနာလည်း ဖြစ်ပျက်
ဥပေက္ခာဝေဒနာလည်း ဖြစ်ပျက်
သိသိနေရင်း
ဝိပဿနာအလုပ်၊ ကံဖြတ်သောအလုပ်
ကိုလုပ်ခဲ့သောကြောင့်
အသက်ရှင်စဉ် တရားမရသည်
ထားဦး
ထိုသို့သော အလေ့အကျင့်ကောင်းများ
ကြောင့် သေခါနီး ဖြစ်ပျက်ရှုပြီး
ဝေဒနာခွါကာ
အပါယ်တံခါးပိတ်နိုင်ပေသည်။
ဤသည်မှာ
အသေမြတ်သည်ဟုခေါ်ပေသည်။
** လက်ရှိခန္ဓာ မတွယ်တာနှင့်
နောင်လာဘဝ မတောင့်တဘဲ
ကြောင့်ကြစွဲဖြင့် အမြဲမပြတ်
ဝိပဿနာ လေ့လာကြိမ်ဖန်
အာစိဏ္ဍာကံ ဖြစ်ကြောင်းမှန်မူ
ထိုသည့်သူကား အယူမလွဲ
ဂတိမြဲ၏။
မီးလောင်စွဲမှ ရေကိုတ, သော်
မရဖြစ်အင် ပုံနှိုင်းယှဉ်၍
မဂ္ဂင်သန္ဓေ တည်မြဲနေအောင်
မသေခင်က ပြင်ဆင်တောက်လျောက်
မေ့မပျောက်နှင့်
ချွေးပေါက်ယိုစီး သေခါနီးဝယ်
အပြီးမုချ မဂ္ဂင်ရလိမ့်
ကိစ္စမလျော် အကြောင်းပေါ်၍
မတော်တဆ မဂ်မရဦး
ဘဝအမွန် တမလွန်တွင်
ထူးချွန်အံ့လောက် နတ်ပြည်ရောက်၍
မဖောက်မပြန်
သောတာပန်စစ် ဧကန်ဖြစ်မည်
မလစ် ဝိပဿနာ အကျိုးတည်း။**
( ကျေးဇူးတော်ရှင်
မိုးကုတ်ဆရာတော် ဘုရားကြီး)
နောက်ဆုံး အကျွန်ုပ်၏ ဆန္ဒ မှာ
ဓမ္မ မိတ်ဆွေ အပေါင်းတို့အား
ဖြစ်ပျက်ရှုသော အလေ့အကျင့်ဖြင့်
နေ့စဉ်ဖြတ်သန်းစေချင်ပါသည်။
အနေတတ်၍
အသေမြတ်စေချင်သည်။
{အနေတတ်၍
အသေမြတ်စေချင်သည်}
account အသစ်အား
(1)သစ္စာတရား အသိုက်အဝန်း
ကျယ်ပြန့်စေရန်အလို့ငှါ
(2) အကောင့်ပျက်ခဲ့သော်အရန်အလို့ငှါ
(3)ဓမ္မ မိတ်ဆွေ အစစ်များ ရှိရန်
အလို့ငှါ ထပ်ဖွင့်ထားပါသည်။
အသေမဦးခင် ဥာဏ်ဦးရမည်
(ဝါ)
အနေတတ်၍ အသေမြတ်စေချင်သည်
ကျွန်ုပ်တို့ လူသားများသည်
နံနက်မိုးလင်းသည်မှစ မိုးချုပ်သည်
အထိ ကာယကံ၊ဝစီကံ၊မနောကံဖြင့်
ကံပေါင်းမြောက်များစွာ
ပြုလုပ်နေကြပေသည်။
ထိုထိုသော ကံတို့သည်
သေခါနီး အချိန်သို့ ရောက်သောအခါ
ကံ၊ ကမ္မ နိမိတ်၊ ဂတိနိမိတ် သို့
အကျိုးပြုလေ၏။
ထိုသို့ဆိုလျှင် အသင်တို့
တစ်နေ့တစ်နေ့ ပြုလုပ်နေသော
ကံတို့ကို ဆင်ခြင်သင့်ပေ၏။
ထိုသို့ ဆင်ခြင်ကြည့်ပါက
ကြောက်စရာကောင်းလောက်အောင်
အကျိုးပေးခံရမည်ကိုလည်း
တွေးမိကြပေလိမ့်မည်။
လိုချင်တာက လောဘ။
ဆန္ဒမပြည့်လျှင် ဒေါသ။
အကောင်းအဆိုးအကြောင်းအကျိုး
မသိတာက
မောဟ။
အကျိုးပေးက ငရဲ ၊ တိရိစ္ဆာန်
ပြိတ္တာ ၊ အသူရကာယ် တည်းဟူသော
အပါယ်လေးဌါန။
ဒါန၊ သီလ ၊ သမထတွေတော့
ပြုထားပါရဲ့ ။
ဖြစ်ပျက်(ဝိပဿနာဥာဏ်) နှင့်
ယှဉ်သော အသိမျိုးနဲ့မလုပ်ခဲ့တာက
တစ်ကြောင်း။
တစ်နေ့လုံးပြုနေတဲ့ အပါယ်မျိုးစေ့
ကံတွေက တစ်ကြောင်း။
ဒါနအကျိုး၊ သီလအကျိုး၊
သမထအကျိုးကြောင့်
လူချမ်းသာ၊ နတ်ချမ်းသာ၊
ဗြဟ္မာချမ်းသာ ဖြစ်သော်ငြားလည်း
ခဏတစ်ဖြုတ် ဖြစ်ပြီး
အပါယ်လေးဘုံ ပြန်ရောက်နဲ့
တစ်သံသရာလုံးအကျိုးပေး
နေပေသည်။
ထို့ကြောင့်လည်း မြတ်စွာဘုရားသခင်
ကိုယ်တော်မြတ်ကြီးက
အပါယ်လေးဘုံသည် အမြဲနေအိမ်
ဟူ၍ ဟောတော်မူခဲ့ပေသည်။
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်
ဘုရားကြီးကလည်း
ဒါန၊သီလ ၊ သမထ လောက်နဲ့
မတင်းတိမ်ကြပါနဲ့။
အပါယ်တံခါး အမြဲပိတ်တဲ့
ဝိပဿနာတရားကို အားထုတ်ကြပါ
ဆိုပြီးတော့ ခဏ ခဏ တိုက်တွန်း
ခဲ့ပေသည်။
ထိုသို့သော အကျိုးပေးကို ရပ်တန့်ရန်
(ဝါ)
အပါယ်သံသရာ၌ ကျင်လည်နေမှုကို
ရပ်တန့်ရန်မှာ
ကံဖြတ်သော ဝိပဿနာ အလုပ်
သာလျှင်ရှိပေသည်။
မည်သို့ ဖြတ်မည်နည်း???
မိမိတို့၏ ခန္ဓာပဋိစ္စသမုပ္ပါပ်လည်ခြင်း
ကို ဖြစ်ပျက်ရှု၍ ဖြတ်လျှင်
ကံဖြတ်သော အလုပ်ပင်ဖြစ်လေသည်။
တစ်နည်းဆိုရသော်
ကာယကံ၊ ဝစီကံ ၊ မနောကံ တို့ဖြင့်
လည်ပတ်နေသော နေ့စဉ် နိစ္စဓူဝ
ဖြတ်သန်းမှုတို့ကို
ဖြစ်ပျက်ရှုသော အာစိဏ္ဍာကံ
အလေ့အကျင့်ဖြင့် ယှဉ်၍ ဖြတ်သန်း
ပါက သေခါနီး အချိန်တွင်
ကိုယ်သာနာ၍ စိတ်မနာပါဘဲ
ဝေဒနာကို ကျော်လွှားနိုင်ပေလိမ့်မည်။
အသင်တို့ သိကြတဲ့အတိုင်း
သေခါနီး လူမမာများသည်
အချိှု့မှာ ခြင်ယင်နားမှာ စိုး၍
ယပ်ခပ်ပေးတာတောင်မှ
ဖြေးညင်းစွာခပ်ပေးရ၏။
အချို့ကျတော့လည်း ဝေဒနာပြင်းထန်
လွန်း၍ အော်ဟစ် ညည်းညူရရှာ၏။
အချို့သည်ကား မျက်လန်ကြောဆွဲ
မချိမဆန့်ဖြစ်ကြသည်များလည်းရှိ၏။
လားရာ ဂတိနိမိတ်တွေ ထင်ကာ
မျက်ရည်ကျရသည်လည်းရှိ၏။
သြော်----
အဘယ်အကြောင်းကြောင့်နည်း။
ဒါနမပြုခဲ့၍လော??
သီလမဆောက်တည်ခဲ့၍လော??
စင်စစ်အားဖြင့် ဝိပဿနာအားထုတ်
၍ ဝေဒနာခွါခြင်း အလေ့အကျင့်
အကျင့်မှန်ကို မလုပ်ခဲ့သောကြောင့်
ဖြစ်ပေသည်။
တစ်နည်းဆိုရပါလျှင်
အသက်ရှင်စဉ်ကာလအတွင်း
အနေမတတ်၍ အသေခက်နေရခြင်း
ဖြစ်ပေသည်။
အနေဆိုး၍ အသေဆိုးသည် ဟု
ဆိုပါလျှင် ပို၍ မှန်ပေလိမ့်မည်။
အနေတတ်သူတို့မှာကား
သုခဝေဒနာလည်း ဖြစ်ပျက်
ဒုက္ခဝေဒနာလည်း ဖြစ်ပျက်
ဥပေက္ခာဝေဒနာလည်း ဖြစ်ပျက်
သိသိနေရင်း
ဝိပဿနာအလုပ်၊ ကံဖြတ်သောအလုပ်
ကိုလုပ်ခဲ့သောကြောင့်
အသက်ရှင်စဉ် တရားမရသည်
ထားဦး
ထိုသို့သော အလေ့အကျင့်ကောင်းများ
ကြောင့် သေခါနီး ဖြစ်ပျက်ရှုပြီး
ဝေဒနာခွါကာ
အပါယ်တံခါးပိတ်နိုင်ပေသည်။
ဤသည်မှာ
အသေမြတ်သည်ဟုခေါ်ပေသည်။
** လက်ရှိခန္ဓာ မတွယ်တာနှင့်
နောင်လာဘဝ မတောင့်တဘဲ
ကြောင့်ကြစွဲဖြင့် အမြဲမပြတ်
ဝိပဿနာ လေ့လာကြိမ်ဖန်
အာစိဏ္ဍာကံ ဖြစ်ကြောင်းမှန်မူ
ထိုသည့်သူကား အယူမလွဲ
ဂတိမြဲ၏။
မီးလောင်စွဲမှ ရေကိုတ, သော်
မရဖြစ်အင် ပုံနှိုင်းယှဉ်၍
မဂ္ဂင်သန္ဓေ တည်မြဲနေအောင်
မသေခင်က ပြင်ဆင်တောက်လျောက်
မေ့မပျောက်နှင့်
ချွေးပေါက်ယိုစီး သေခါနီးဝယ်
အပြီးမုချ မဂ္ဂင်ရလိမ့်
ကိစ္စမလျော် အကြောင်းပေါ်၍
မတော်တဆ မဂ်မရဦး
ဘဝအမွန် တမလွန်တွင်
ထူးချွန်အံ့လောက် နတ်ပြည်ရောက်၍
မဖောက်မပြန်
သောတာပန်စစ် ဧကန်ဖြစ်မည်
မလစ် ဝိပဿနာ အကျိုးတည်း။**
( ကျေးဇူးတော်ရှင်
မိုးကုတ်ဆရာတော် ဘုရားကြီး)
နောက်ဆုံး အကျွန်ုပ်၏ ဆန္ဒ မှာ
ဓမ္မ မိတ်ဆွေ အပေါင်းတို့အား
ဖြစ်ပျက်ရှုသော အလေ့အကျင့်ဖြင့်
နေ့စဉ်ဖြတ်သန်းစေချင်ပါသည်။
အနေတတ်၍
အသေမြတ်စေချင်သည်။
{အနေတတ်၍
အသေမြတ်စေချင်သည်}
account အသစ်အား
(1)သစ္စာတရား အသိုက်အဝန်း
ကျယ်ပြန့်စေရန်အလို့ငှါ
(2) အကောင့်ပျက်ခဲ့သော်အရန်အလို့ငှါ
(3)ဓမ္မ မိတ်ဆွေ အစစ်များ ရှိရန်
အလို့ငှါ ထပ်ဖွင့်ထားပါသည်။
အသေမဦးခင် ဥာဏ်ဦးရမည်
(ဝါ)
အနေတတ်၍ အသေမြတ်စေချင်သည်

Myanmar Kyat Converter
No comments:
Post a Comment