ဆရာက အဖြူရောင်စက္ကူပေါ်မှာ အနက်ရောင်မှင်စက်လေးတခုကိုချိုပြပြီး
ကျောင်းသားတစ်ယောက်ကိုမေးတယ် ဘာမြင်လည်းဖြေတဲ့
...

ကျောင်းသားကလည်း အနက်ရောင်အစက်လေးမြင်ပါတယ်လို့ဖြေတယ်
ဆရာက ဒါပဲမြင်တာလားလို့ ထပ်မေးတယ်
ကျောင်းသားက ဟုတ်တယ် ဒါပဲမြင်ပါတယ်တဲ့
ဒီလိုနဲ့ ဆရာက ကျောင်းသားတွေအားလုံးကိုမေးလိုက်တယ်
ဘာမြင်လည်းဖြေပေါ့ ကျောင်းသားအားလုံးကလည်း
အနက်ရောင်အစက်လေးပဲ မြင်ပါတယ်လို့ဖြေတယ်
အဲဒီမှာဆရာက ကျောင်းသားတွေအားလုံးကိုထပ်ပြီးမေးလိုက်တယ်
ဒီလောက်ကြီးတဲ့ အဖြူရောင် စက္ကူကိုမမြင်ကြပဲ
အနက်ရောင်အစက်ကလေးကိုမှ ဘာလို့မြင်ကြတာလည်းတဲ့
အဲဒီမေးခွန်းလေးကို ကျနော်အရမ်းကြိုက်တယ်ဗျာ
ကျနော်တို့လူ့လောကမှာလည်း လူတစ်ယောက်ရဲ့
အမဲစက်လေးကိုပဲမြင်နေမဲ့အစား
သူ့မှာရှိတဲ့ အဖြူရောင်စိတ်ထားလေးကိုမြင်အောင်ကြည့်ပေးကြမယ်ဆိုရင်
လူ့လောကကြီးဟာ ပျော်ရွှင်စရာကောင်းလာမယ်ဆိုတာ သေချာပါတယ် ။ ။်

Myanmar Kyat Converter
No comments:
Post a Comment