{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Friday, May 29, 2015

    ***ဘဝကိုဖျက် အရက်***

    Ashin Kavi Dhajasara's photo.








    ယခုခေတ်မှာ အရက်သေစာ သောက်စားနှုန်းသည် လွန်စွာမြင့်တက်လာသည်။
    ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးစသည် ဆုတ်ယုတ်လာနေသော်လည်း
    အရက်၊ ဘီယာစသည် သောက်စားမှုနှုန်း...ကတော့ အလွန်မြင့်တက်နေပေသည်။
    လူကြီးသာမက ကျောင်းနေ ကလေးအရွယ်များပင် သောက်တတ်စားတတ်လာနေတာကို
    တွေ့ရသည်။ ထို့ပြင် လူ့ဘောင်လောကသာမက သာသနာ့ဘောင်မှာလည်း အချို့သောရဟန်း၊ သာမဏေများသည် ဝိနည်းကိုဖယ်ကာ အရက်သေစာ သုံးစွဲလာတာကို တွေ့ရသည်။


    အလွန်ပင် အကျည်းတန်လှပါသည်။ လူသာမန်များပင် မသုံးအပ်သောအရာသည် ရဟန်းသာမဏေများအဖို့ ပြောဖွယ်မလို ပို၍ပင်မအပ်စပ်တော့ပါ။
    ဘုရားရှင်က ဓမ္မိကသုတ်မှာ မိန့်တော်မူထားသည်မှာ အိမ်ရာတည်ထောင်လူဘောင်တစ်ခုတည်ထောင်လိုသူသည် "အရက်သေစာသောက်သုံးခြင်းဟာ ရူးသွပ်ခြင်းမှာ အဆုံးသတ်သည်ဟုသိရှိပြီး အရက်သေစာကို မိမိကိုယ်တိုင်လည်း
    မသောက်သင့်၊ သူတစ်ပါးကိုလည်း မသောက်စေသင့်ဘဲ ကောင်းမှုတရား၌
    ပျော်မွေ့နေရမည်။
    လူမိုက်သည် အရက်သေစာသောက်စားပြီးနောက် သူ့အသက်သတ်ခြင်းစသော

    မကောင်းမှုများကို ပြုလုပ်လေ့ရှိ၏။ သူများကိုလည်း မူးယစ်အောင်ဆွဲဆောင်၏။
    နောက်ဘဝမှာ အရူးအနှမ်းဘဝကို ဖြစ်စေ၏။ ယခုဘဝမှာလည်း အသိဉာဏ်တုံးစေ၏။
    ကျန်သော သူ့အသက်သတ်ခြင်းစသော အမှုသည် ကျူးလွန်သူသာ အပြစ်ခံစေသည်။
    သူများကို မထိခိုက်။ အရက်သေစာသောက်စားသူကား မိမိရော ပတ်ဝန်းကျင်ကိုပါ
    ညစ်နွမ်းစေပြီး ဆိုးရွားသောအခြေအနေများကို ဖြစ်စေ၏။
    ဒါကြောင့် ဘုရားရှင်က အရက်သေစာသောက်စားခြင်းအလုပ်သည် လူကို ရူးသွပ်စေပြီး
    အသိဉာဏ်မဲ့သော လူမိုက်များသာ ပြုလုပ်ကြသည်ဟု မိန့်တော်မူပါသည်။
    ဘုရားရှင်သည် လူဝတ်ကြောင်များကိုပင် အရက်သေစာသောက်စားခြင်းကို
    တားမြစ်တော်မူခဲ့ရကား ရဟန်းသာမဏေများအဖို့ ပို၍ပင် ပြင်းထန်စွာ
    တားမြစ်တော်မူပါသည်။
    ဘုရားရှင်လက်ထက်က အဘိညာဏ်ဈာန်ရ သာဂတမထေရ်သည် ဆွမ်းခံကြွရင်း
    နဂါးဆိုးကို နှိမ်နှင်းနိုင်သဖြင့် ရွာသားများက ဂုဏ်ပြုသောအားဖြင့် ထူးဆန်းသော
    အရက်ဖြူကို လှူကြ၏။ သာဂတမထေရ်လည်း ထူးဆန်းသောအရက်ဖြူကို
    သောက်သုံးကာ အဘိဉာဏ်တွေလည်း ဆုံး၊ ရွာတံခါးမှာ တုံးလုံးဖြင့်
    အသိစိတ်ပျောက်ကာ နေ၏။ ဘုရားရှင်ကြွလာတာတောင် အရိုအသေမပေး ခြေထိုးလျက်ရိုင်းစိုင်းတဲ့အပြုအမှုကို ပြုမူ၏။ ထိုအခါ ဘုရားရှင်က သာဂတမထေရ်ကို ရှုံချအပြစ်တင်တော်မူပြီး "လူကို အသိစိတ်ပျောက်စေပြီး ဒကာဒကာမတွေ
    အကြည်အညိုပျက်စေတဲ့ ဤအရက်သည် ရဟန်းများအား မသင့်လျော်။ တန်ဖိုးကျစေ၏။
    ထို့ကြောင့် ဤအရက်ကို ရဟန်းများ မသောက်သုံးရ၊ သောက်သုံးက
    ပါစိတ်အာပတ်သင့်စေ"ဟု တားမြစ်တော်မူခဲ့ရသည်။
    အမှန်အားဖြင့် အရက်သောက်ထားသူသည် ရတနာသုံးပါးနှင့် မိဘဆရာသမားများကို
    မရိုသေတော့။ ကြမ်းတမ်းသော အပြုအမူ အပြောအဆိုများကို ပြုတတ်၏။
    မည်သူဖြစ်ဖြစ် အရက်သောက်တော့မည်ဆိုပါက မသောက်ခင် " ဤအရက်ဟာ
    လူကို ရူးသွပ်စေသည်။ ဉာဏ်ထိုင်းစေသည်။ လူမိုက်တွေသာ သောက်သည်။
    လူမိုက်ဟာ အရက်သောက်ပြီးနောက် မကောင်းမှုကို ကျူးလွန်တတ်၏။
    သူများကိုလည်း မကောင်းမှု ကျူးလွန်စေ၏ " စဉ်းစားသင့်၏။
    ထို့နောက် မသောက်တော့ဘဲ ရှောင်ကြဉ်ရာ၏။
    အရက်သောက်ခြင်းသည်.....
    -- စီးပွားကျစေ၏။
    -- ရန်များစေ၏။
    -- ရောဂါများစေ၏။
    -- ဂုဏ်မဲ့စေ၏။ မိဘ၊ ဇနီးမယား၊ သားသမီးများနှင့် ဆွေမျိုးများလည်း အရှက်ရစေ၏။
    -- အရှက်မဲ့အပြုအမူတွေကို ပြုစေ၏။
    -- အသိဉာဏ်နည်းစေ၏။
    -- မှတ်ဉာဏ်အား ကျစေ၏။
    -- အကောင်းအဆိုးမခွဲနိုင်။
    -- ရတနာသုံးပါး မိဘဆရာသမားတွေ မရိုသေ။
    -- သူများ အပြစ်တင်မှုကို ခံရ၏။
    -- သေလျှင် ငရဲကျ၏။ လူပြန်ဖြစ်ရင် ရူးစေ၏။ စိတ်မနှံ့ ဖြစ်စေ၏။

    ထိုမျှ ဆိုးကျိုးတွေကို ဖြစ်စေသောအရက်သည် ကလေးလူကြီး မည်သည့်နည်းနှင့် မအပ်စပ်။ ရဟန်းသာမဏေများအဖို့ သာ၍ပင် မအပ်စပ်။ ရှောင်နိုင်က ချမ်းသာ၏။ မရှောင်နိုင်က ဆင်းရဲ၏။ သတိတရားလက်ကိုင်ထားလျက် ကောင်းမွန်သောဘဝကို ထူထောင်ကြပါကုန်။
    ရွှေစမ်းမြေ အရှင်ကဝိဓဇသာရ

    {{{{{.အားပေးမှုအတွက် ကျေးဇူတင်ပါသည်.}}}}}

    No comments:

    Post a Comment

    😁😁😁