Monday, May 4, 2015
***"" အိမ်လွမ်းစိတ် ""***
အိမ်လွမ်းစိတ်နဲ့ 
တိုက်စားခဲ့တဲ့ အချိန်တွေလည်း
နှစ်ချို့ ခဲ့ပြီး။ အမေ........
ပျော်ရွှင်မှုတွေ ပျောက်ရှနေတဲ့
တိုင်းတစ်ပါးမှာ အလွမ်းတွေ
ချနင်းခဲ့တာသက္ကရာဇ်ပြိုခဲ့ပေါင်းများပြီး။
အိမ်ဝေးသူ တစ်ယောက်ရဲ့ 
လွမ်းစိတ်ကို ဘယ်သူက
ဖြေသိမ့် ပေးနိုင်မှာလည်း.. အမေ
ပြက္ခဒိန်တွေနဲ့ ရန်ဖြစ်ခဲ့တဲ့
နေ့ ညတွေ ကို ဘယ်သူသိမှာလဲ..
အိမ်ပြန်ချင်တဲ့ သူတစ်ယောက်ရဲ့ 
မျှော်လင့်ချက်က
ဝေးနေဆဲတဲ့လား။ အမေရယ်..
ဘ၀တွေလှဖို့ လွမ်းစိတ်တွေကို
ခဏမေ့ မိသားစု ဆိုတဲ့စိတ်နဲ့ 
ဖြေသာ နေခဲ့ရတယ်။ အမေ..
တစ်နေ့ ဆိုတဲ့ စိတ်နဲ့ 
အမေ့ ရင်ခွင်ငွေ့ ကို ခိုလှုံဖို့ 
အမေ့ အိမ်လေးဆီကို
အရောက်လှမ်းခဲ့မယ်။ အမေ.........
Subscribe to:
Post Comments (Atom)

Myanmar Kyat Converter
No comments:
Post a Comment