{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Monday, May 4, 2015

    ““ရေဆန်လမ်းက ဗေဒါပန်းအသွင်””

    မင်္ဂလာပါ....ဘလော့ချစ်သူ ကဗျာချစ်သူများတို့...
    (သော်ဇင်ဦး)ဆိုတဲ့ကောင်လေး ရဲ့ဘ၀ ဖြစ်ပျက်ပုံလေးကို မိတ်ဆက်ပေးပါရစေဗျာ...
    ဘာာရယ်ကြောင့်မှန်းမသိတဲ့ ရက်စက်ခြင်းက လူဖြစ်ခါစ ညီမလေးနဲ့
    အရွယ်မရောက်သေတဲ့ ကျွန်တော်တို့ဘ၀အတွက် ခါးသီးစေတာလားဗျာ...
    လူမှန်းသိတတ်စ အရွယ်ကဆို ပြည့်စုံနေတဲ့ မိသားစုကမ္ဘာလေးနဲ့ ပျော်စရာတွေ
    တစ်သီကြီး“အဖေနဲ့အမေ”က မွေးဖွါးပေးခဲ့ပါတယ်....မပြည့်စုံတဲ့ မိသားစုတွေကိုတွေ့တိုင်း စာနာစိတ်တစ်ခုထက် မပိုခဲ့နိုင်တဲ့ ကလေးဘ၀အစမှာပေါ့ဗျာ....

    တစ်သက်လုံးပျော်စရာကောင်းတဲ့ ဘ၀လေးနဲ့ နေမယ်လို့ထင်မြင်ချက်တွေနဲ့
    ဘ၀မှာအခက်အခဲဆိုတာ ဘာမှန်းမသိခဲ့ရပါဘူး ဒါပေမဲ့ တစ်ယောက်တည်း
    အထီကျန်စွာနေရတဲ့ ကျွန်တော် အတွက် အဖော်လေးရအောင်လို့ ဆိုပြီး မေမေက
    သားအတွက် ညီမလေးဘဲဖြစ်ဖြစ် ညီလေးဘဲဖြစ်ဖြစ် သားကတော့ချစ်မှာပါအမေလို့ မေမေ့ကိုဖက်ပြီးပြောခဲ့ဘူးပါတယ်... ကျွန်တော်ရဲ့အဖေနဲ့အမေနဲ့ကလည်း
    အရင်လိုပဲချစ်ကြမယ်လို့ ကျွန်တော်ထင်ထားခဲ့တယ် အဖေက အရောင်အ၀ယ်လုပ်တယ်
    မြ၀တီနဲ့ဘီလင်းနဲ့ပေါ့ တစ်ခါက်တစ်ခါကြရင်(၆)ရက်(၇)ရက်လောက်ကြာပါတယ်
    အမေကတော့ အဖေအပေါ်မှာ သစ္စာရှိဆဲ အဖေပြန်လာမဲ့အထိပါပဲ အဖေမရှိတဲ့နေ့
    ညဘက်ဆိုလည်း သားမိနှစ်ယောက် ဘုရားမှာ ပန်းဆီမီးကပ်လို့အဖေ့အလုပ်အကိုင်
    အဆင်ပြေပါစေ အန္တရာယ်ကင်းပါစေလို့ ဆုတောင်းလေးတွေကို အမေက
    ဘုရာရှိခိုးတိုင်းသင်ပေးခဲ့တယ်...နောက်ပြီးလူဖြစ်လာရင် ကိုယ်ကိုမွေးထုပ်ပေးခဲ့တဲ့
    အဖေနဲ့အမေကိုလည်းမမေ့ဖို့ ငယ်ငယ်ကတည်းက သင်ပေးခဲ့တယ်
    ကျွန်တော်ဝမ်းသာမိနေတာကတော့ အဖေပြန်ရောက်လာရင် ကျွန်တော်အတွက်
    အာလူးကြော်နဲ့ ငုံးဥပြုတ်ကိုစားရတော့မယ် ပြီးလျှင်အမေ့ကြိုက်တဲ့ ခေါက်ဆွဲကြော်လည်း အဖေကပြန်လာတိုင်း ၀ယ်လာပေးနေကြမို့ မနက်ဖန်ဆို အဖေပြန်လာမဲ့ အချိန်ကို
    အမေ့ထက်ဦးအောင် ပြေကြိုမယ်လို့တစ်ယောက်တည်းအတွေးလေးနဲ့ပျော်နေမိတယ်
    နောက်နေ့ညနေ ဘူတာရုံလေးမှာသွားလို့ကြိုခဲ့တယ် အဖေကတော့မရောက်လာ
    ရောက်လာတော့လည်း ည(၉)နာရီလောက်မှပြန်ရောက်လာခဲ့တယ်...
    အမေလည်းအဖေဒီနေ့တော့ပြန်မရောက်တော့ဘူးဆိုပြီး သားမိနှစ်ယောက်အိပ်ခါစမှာ
    အိမ်ရှေ့တံခါးခေါက်သံကြားရတယ် အမေလည်း တံခါးဖွင့်ပေးဖို့ကို
    အသံပြုလိုက်ပါတယ် “ဘယ်သူလဲလို့”မေးတော့ ငါပဲလို့အဖေ့ရဲ့အသံကိုကြာရင်ပဲ ကျွန်တော်အိပ်ယာထဲက ပြေထွက်သွားပြီး “ဖေဖေသားအတွက်မုန့်ပါလား
    အဖေ့ကိုသား”ညနေက ဘူတာမှာ သွားစောက်နေသေးတယ်အဖေသိလား
     အဖေကခုမှပြန်လာတယ်လို့ပြောပြီးအဖေကိုပြေဖက်တော့ အဖေ့ကိုယ်က
    အရက်နံ့ရတယ် အဖေကကျွန်တော့်တစ်သက် မသောက်ဖူးတဲ့
    အရက်ကိုသောက်ပြီးပြန်လာတော့ အမေက စိုးရိမ်စိတ်နဲ့ အရောင်အ၀ယ်
    အဆင်မပြေ လာလို့အရက်သောက်လာတယ်အထင်နဲ့ အမေက “ကိုအောင်ရယ်”
    အဆင်မပြေစရာဆိုတာ လူတိုင်းမှာရှိတတ်ကြပါတယ် ရှင် ဒီတစ်ခေါက်မရ
    နောက်တစ်ခေါက်ပေါ့ရှင် လို့အမေ့ရဲ့အားပေးသံတွေရဲ့နောက် အဖေရဲ့မျက်လုံးအစုံဟာ အရောင်တောက်လာပြီး လေသံက နင်တို့မိန်မတွေဟာ ကိုယ်ရဖို့ပဲသိတယ်
    ကိုယ့်ယောက်ျာ အချိန်မရှိ ပြန်လာလို့ပင်ပန်းနေမလာ အရင်မမေးဘူး
    နင့်ကိုအဲဒါတွေကြောင့် ငါစိတ်ကုန်လာတယ်သိလား“စမ်းစမ်း”ရဲ့ အဖေ့ရဲ့ဒေါသသံကြောင့်
    အဖေ့ကို တွဲထားတဲ့ ကျွန်တော့်လက်တွေက အမေ့ရဲ့မျက်ဝန်းထဲက စီဆင်ကျလာတဲ့
    မျက်ရည်တွေကို ကျွန်တော်ငေးကြည့်နေမိတယ် အိမ်က စီပွားရေးကို
    အဖေကပဲဦးဆောင်ခဲ့ရတော့ ဘာဆိုဘာမှအမေ မသိခဲ့ရဘူပေါ့ အမေ့ဘ၀မှာဒီလို
    အဖေ့ရဲ့တုန့်ပြန်မှု့ဟာ ပထမဦးဆုံးဆိုတာ အမေ မသိခဲ့လို့
    ကျွန်တော်လူမှန်သိတတ်စကတည်းက အခုအချိန်ထိ အဖေကအမေ့ပေါ်
    အခုလိုတုန့်ပြန်မှု့ဟာ ပထမအကြိမ်မို့ အဖေ့ကိုချစ်တဲ့ ကျွန်တော်က
    အဖေ့ကိုကြောက်သွားမိတယ် အမေကတော့ အဖေအရက်မူးလာလို့
    အခုလိုမျိုးပြောမိတယ်ထင်ပြီး လူကြီးအတွေးနဲ့ဖြေလို့ရပေမဲ့
    ကျွန်တော်အဖေ့ရဲ့ပြုမူကြောင့် ကြောက်စိတ်တွေနဲ့ တော်တော်နဲ့ပင်
    အိပ်မပျော်နိုင်ခဲ့ဘူး မနက်မိုးလင်းအိပ်ယာက ထတော့ အမေက
    အိမ်ရှေ့မှာတစ်ယောက်ထည်း ငိုနေတာကိုမြင်ရတယ် ကျွန်တော်က
    အိပ်ယာကထရင် အမေ့အနမ်းနှင့်မျက်နှာသစ်နေကျ ဒီမနက်တော့
    အမေ့အနမ်းနှင့်ဆီးမကြိုနိုင်တာကို စိတ်မကောင်းဖြစ်ရင် အမေ့မျက်နှာမြင်လိုက်တော့ အမေ့ကိုကျွန်တော်သနာသွားမိတယ် ကျွန်တော်အမေ့ကို မေမေဘာကြောင့်
    ငိုရသလဲ မေးမိတယ် အမေက သားအတွက် ညီးလေးလားညီးမလေးလားမသိဘူး
    မေမေ့မှာရှိနေပြီတဲ့ သားဖေဖေက မေမေ့ကိုစိတ်ဆိုးပြီး မနက်က
    အစောကြီးထွက်သွားတယ် ပြန်မလာသေးဘူး မေမေ ညကသားအဖေကိုပြောပြဖို့
    အရက်မူးလာလို့ မနက်ကြမှပြောပြမယ်လို့စိတ်ကူးထားတဲ့ အမေ့ရဲ့စိတ်ကူးလေးကိုတောင်
    သားအဖေက နားမထောင်သွားခဲ့ဘူး အမေ့ရဲ့လက်ထဲမှာလဲစာတစ်စောင်နဲ့ ကျစ်ကျစ်ပါအောင်ဆုတ်ထားတဲ့ အမေ့ရဲ့လက်ထဲက စာ ဘာစာလဲဆိုတာကို
    ကျွန်တော်မသိခဲ့ပါဘူး အမေ့ကိုမေးတိုင်း အဖေအရောင်အ၀ယ်ကိစ္စနဲ့
    ခရီးလွန်းနေတယ်လို့ ပြောတိုင်းလည်း အမေ့မျက်ရည်လည်နေခဲ့တယ်
    ကျွန်တော်လည်အဲဒီအချိန်မှာ စားမယ် ကစာမယ် ကလွဲရင်သိတာဆိုလို့
    သူများမေးတိုင်း အဖေရောင်အ၀ယ် ကိစ္စနဲ့ ခရီးလွန်းနေတယ်လို့
    မေမေတင်ပေးထားတဲ့အတိုင်းပဲ ပြန်ပြောလိုက်တယ်ပေါ့ ဒါနဲ့ အမေညီမလေးကိုယ်ဝန်း
    ကြီးနဲ့မွေးတဲ့အထိပါပဲ ကျွန်တော်က အဲဒီအချိန်မှာ အသက်က(၄)နှစ်ကျော်အရွယ်ဆိုပေမဲ့ အဖေပြန်လာတိုင်းစောက်နေမိတယ် အိမ်ရှေ့ က လမ်းကလေးရဲ့ဘေးကသစ်ပင်ကြီးအောက်မှာ
    အခုဆို အမေညီမလေးကို မွေးဖွားရလို့ ကျွန်တော်တစ်ယောက်ထဲ အဖေကို
    သွားစောက်နေမိတယ် ဒါပေမဲ့ အဖေရဲ့အရိပ်ယောင်တောင် မတွေ့ခဲ့ရဘူး
    ဝေးဝေးက မသဲကွဲတဲ့အရိပ်တစ်ခုတွေ့တိုင်းလည်း အဖေလားဆိုတဲ့စိတ်နဲ့ကြီးပျင်ခဲ့ရသူပါ
    အမေလဲ ကျွန်တော်ဖြစ်ချင်တဲ့စိတ်နဲ့ ညီးမလေးကိုချီလို့ အခုဆို နှစ်ယောက်သားကြိုနေတဲ့
    သစ်ပင်ကြီးရဲ့အောက်မှာအခုဆို ညီးမလေးနဲ့ဆို(၃)ယောက်ပေါ့ ဒါကို အဖေတာသိရင်
    ပျော်နေမှာပဲလို့အတွေးနဲ့ လွန်ဆွဲခဲ့ရတာ အခုထိပါပဲ နှစ်တွေကြာ ခံစာချက်နဲ့
    ရူန်းကန်လာရတဲ့ အမေ စီးပွားရေးတွေကကျဆင် ပူပင်စရာဆိုလို့ သားနဲ့
    လသားအရွယ်သမီးလေး တို့ရဲ့နေရေးထိုင်ရေးအတွက် သူ့မှာ ရင်မအေးနိုင်ခဲ့ပါဘူး
    ဒါနဲ့အမေ ညီးမလေး(၅)လအရွယ်မှာ အိမ်ရဲ့စားဝတ်နေရေး ကြတ်တည်းမူ့ ကြောင့်
    မနက်ဆိုဈေရောင်း နေ့လည်ဆိုရင် အိမ်ကြီးအိမ်ကောင်းတွေရဲ့ပေးလာမဲ့
    ငွေသာတစ်ချို့ကို ကျွန်တော်တို့မောင်နှမတွေအတွက် “ခ၀ါသည်”ဘ၀နဲ့
    အဖေမရှိတဲ့ဘ၀ကို ပေးဆပ်နေရတယ် အိမ်ရဲ့အဆင်မပြေမူ့များနဲ့
    ညီမလေးရဲ့နို့မုန့်ဖိုးနဲ့ အမေ့ရဲ့လုပ်အားခနဲ့ မမျှပြီးမို့ ကျွန်တော်လဲ(၄)တန်းနဲ့
    ကျောင်ပြီးခဲ့ပါတယ် မေမေကတော့ ကျွန်တော်ကိုနှစ်သိမ့်ပါတယ် သားဖေဖေ
    ပြန်လာမှ သားကျောင်ပြန်နေပေါ့ အခုလိုအချိန်မှာ အဖေကိုပြန်လာဖို့ကို
    အရင်ကထက်ပိုလို့ စိတ်ဆန္ဒတွေပြင်ပြစေခဲ့တယ်လေး အဖေရှိတုန်က ဘ၀နဲ့ အခုအမေတစ်ယောက်တည်းရုန်ကန်နေရတဲ့ဘ၀ကို တွေးမိတိုင်း ညီမလေးရဲ့
    ဘ၀ကို သနားမိပါတယ် အဲဒီတော့ ကျွန်တော်လည်ပဲ မနိုင်တစ်နိုင်နဲ့
    ညီမလေးကိုချီပိုးလို့ အမေဈေရောင်းကအပြန်ကို မျှော်ရသလို အဖေတစ်ယောက်
    သားတို့မိသားစုလေးထဲကိုပြန်လာ မဲနေ့ကိုလည်းတွေရင်စောက်နေမိတယ်
    ညီမလေး(၃)နှစ်ပြည့်တဲ့အထိပါပဲ အခြားခြားသောမိသားစုလေးတွေကိုကြည့်တိုင်း
    အဖေမရှိတဲ့ ကျွန်တော်တို့ မောင်နှမဘ၀ဟာ လိုအပ်ချက် ကွက်လပ်ကို
    ဖြည်ဆည်းပေးနိုင်မဲ့သူ လစ်ဟာခဲ့ရတာပေါ့ဗျာ.... ပြည့်စုံမှု့အတိရှိတဲ့
    ငယ်ဘ၀က“အဖေ+အမေ”လိုအားမာန်အပြည့်နဲ့ အော်ခေါ် ၀င့်ကြွားနိုင်ပေမဲ့
     အမေကိုလည်အဖေလို့ခေါ်နေမိတယ် စကာပြောတတ်စ ညီးမလေးရဲ့အသံလေးက
    နှစ်ပေါင်းများစွာ ဟန်ဆောင်ပြီးမေ့ထားတဲ့ အမေ့ရဲ့ရင်ထဲက
    ဝေဒနာကိုအသစ်ပြန်ဖြစ်ခဲ့တယ်လေး..... အဖေမျက်နှာကိုမမြင်ဘူးသေးတဲ့ ညီးမလေးကို
    ကျွန်တော်လေ အဖေရဲ့ ပုံကိုပေးမြင်စေချင်လိုက်တာ ကျွန်တော်စိတ်ထဲမှာလည်
    အဖေသာပြန်လာခဲ့ရင် အဖေရယ်အမေရယ်ကျွန်တော်ရယ်ညီးမလေးရယ်
    ကျွန်တော်ငယ်ငယ်ကသွားခဲ့တဲ့ ဘုရားမှာ ကောင်းမှု့ကုသိုလ် တွေလုပ်ပြီး
    ငှက်များကိုအစာတွေကျွေးမယ် ပြီးရင်ဘေးမဲ့ချောင်းမှာငါးကလေးတွေကိုလွတ်မယ်
    ဒီလိုမျိုး အဖေနဲ့နောက်တစ်ခါမခွဲရအောင် ဆုတွေတောင်းမယ် ပြီးရင် သားတို့မိသားစုကို
    အဖေမထားခဲ့တော့ပါဘူးဆိုတဲ့ ကတိတွေတောင်းမယ်ပေါ့ နော် ကျွန်တော့်စိတ်ကူးလေးနဲ့ညီးမလေးကိုကြည့်နေရင်နဲ့ပျော်နေမိတယ်အဖေရယ်... အမေလည်းဒီနေ့
    ဈေးရောင်းသွားတာကြာ လိုက်တာ ညီးမလေးလည်းဗိုက်ဆာလို့ငိုနေရှာပြီး
    အိမ်မှာညီးမလေးကို ဗိုက်ဆာပြေအောင်ကျွေးနိုင်တာဆိုလို့ မ၀ယ်ရတဲ့
    ရေအိုးစဉ်ကရေပဲရှိတယ်လေး ဗိုက်ဆာလို့ငိုနေတာကိုကြည့်ပြီး အိမ်နီးချင်အိမ်ကနေ
    အဒေါ်ရယ် ကျွန်တော်ညီမလေးက မနက်ကတည်းက ဘာမှမစားရသေးပါဘူး အခုဗိုက်ဆာပြီး
    ငိုနေလို့အဒေါ်ရယ် ထမင်းလေးရှိရင်နည်းနည်းလောက်ပေးပါလားလို့
    ကျွန်တော်ဝမ်းနည်သံလေးနဲ့တောင်းတော့ အိမ်နီးချင်အိမ်က ကျွန်တော်တို့မောင်နှမကို
    သနားမိသဖြင့် ထမင်းကို ဆီးလေးဆန်းပေးလို့ ကျွေးခဲ့ပါတယ်
    ညီမလေးလည်းဝမ်းလည်းပြည့်ရော ကျွန်တော်လက်ပေါ်မှာပဲအိပ်ပျော်သွားရှာတယ် ညီမလေးကိုနိုးမှာဆိုလို့ အသာလေ ပုခက်ပေါ်ထည့်ပြီး အမေဈေးရောင်းတဲ့နေရာကို
    လိုက်ရှာမိတယ် ကျွန်တော့်နဲ့ ဟိုဘက်ကမ်းမှာ လူတွေအုံကြည့်နေတာတွေ့လို့
    ခလေးတို့သဘာဝဖြင့်တဲ့ သိချင်တဲ့စိတ်ကြောင့် ကားလမ်းကိုဖြက်ကူးဖို့လုပ်တုန်း
    လူကြီးတစ်ယောက်က “ဟေ့ခလေး ” ကားကိုကြည့်ပြီးတော့ကူး ဟိုမှာတွေ့လား
    ဈေးသယ်တစ်ယောက် ကားနဲ့တိုက်မိပြီးသတိမေ့နေတယ် လို့ကျွန်တော်ကြားလိုက်ေ၇ာ
    စိုးရိမ်စိတ်နဲ့ ၀င်ကြည့်မိတော့ ကမ္ဘာကြီးတစ်ခုလုံးချာရဟတ်တို့လည် သွားတယ်
    မယုံနိုင်စရာ မြင်ကွင်က သွေးတွေနဲ့ မေ့မျှောနေတဲ့ကျွန်တော့်ရဲ့မွေးမေမေကို ကြည့်ပြီး ကျွန်တော်ဘာလုပ်ရမှန်မသိအောင် ဖြစ်သွားခဲ့ပါတယ် အမေ့ကိုဖက်ခေါ်သော်လည်
    အမေမကြားနိုင်ခဲ့ အမေ့ကိုခေါ်ပေးကြပါဦးဗျာ အမေမသေရဘူးလို့
    အကြိမ်ကြိမ်အော်ခေါ်မိသော်လည်း မကြာနိုင်တဲ့အမေ့ကို အရေပေါ်ကားတစ်စီရဲ့အပေါ် ခေါ်ဆောင်သွားပြီးပေါ့ “အဲဒီအချိန်မှာ ကျွန်တော်သည်ဘာလုပ်ရမည်နည်း”
    ကျွန်တော်ခေါင်းထဲအသိတစ်ခု ၀င်လာပါတော့တယ် အိမ်မှာချန်ခဲတဲ့
    ညီးမလေးကိုသတိရပြီး အခုလောက်ဆိုရင် ညီမလေးအော်နေလောက်ပြီးလို့
    တွေးမိကာ ကျွန်တော့် ခြေဦးလေးက အိမ်လေရှိရာကို သောကတစ်ချို့နဲ့
    အပြေးလေးပြန်လာခဲ့တယ် ကျွန်တော်အိမ်ကိုရောက်တော့ ညီးမလေးရဲ့အော်ငိုနေတဲ့အသံ
    အိမ်အ၀င်မှဆီးလို့ကြိုနေပါတော့တယ် ကျွန်တော်လည် အမေဆေးရုံရောက်နေတဲ့အချိန်တွေမှာ ကျွန်တော်ဘ၀က နေ့လည်စာနဲ့ညနေစာကိုတစ်နေ့တစ်ခါလောက်တော့အိမ်နီးချင်တွေက ခေါ်ကျွေးကြပါတယ် အမြဲလိုတော့ ကျွန်တော်ဘ၀ရဲ့ လက်တွဲဖော် ဖြစ်တဲ့သောက်ရေအိုးစဉ်ကို
    အဖော်ပြုလို့နေရတယ် ကျွန်တော့်ဘ၀ပါဗျာ ..... ကျွန်တော်လည် အမေစုထားတဲ့ပိုက်ဆံလေးများရှိမလာလို့ အမေသိမ်ထားတဲ့ ဘူးလေးကိုဖွင့်ကြည့်တော့
    အဖေပေးထားခဲ့တဲ့ စာလေးတစ်စောင်နဲ့ အဖေနဲ့အမေတို့ငယ်ဘ၀ကရိုက်ထားတဲ့
    ဓါတ်ပုံရယ်ပဲတွေ့ခဲ့တယ် ကျွန်တော်လည် ဒီအချိန်မှာ အဖေကိုအရမ်းကိုလွမ်းသတိရမိပြီး
    အဖေပေးခဲ့တဲ့စာလေးကိုဖွင့်ဖက်ကြည့်တော့.......ရက်စက်လိုက်တာအဖေရယ် ကျွန်တော်တို့မိသာစုကမ္ဘာလေးကနေ အပြီးအပိုင် အဖေထွက်သွားခဲ့တာကို သာစိတ်မကောင်းပါဘူး အဖေ သားတစ်ယောက်ထဲအတွက် မဟုတ်ပါဘူး အဖေဆိုတာကို မမြင်ဘူးသေးတဲ့ ညီးမလေးရှေ့ရေးကိုဥပက္ခာပြု သွားရက်တာကိုပဲ သားစိတ်မကောင်းမိတာပါ ကျွန်တော် ယောက်ျားပါအဖေ
    စာနာစိတ် တစ်ခုလောက်နဲ့ အဖေ့ရဲ့သမီးလေးကို လူပုံအလယ်မှာ မျက်နှာမငယ်ရအောင် ခဏလောက်ဖြစ်ဖြစ် ပြန်လာခဲ့ပါလား....အဖေ မရှိတဲ့ဘ၀ဟာ သားတို့မိသားစုအတွက်
    ထမင်းမငတ်ယုံ အသက်မသေယုံသာ စားရတဲ့ဘ၀နဲ့ကြီးပြင်ခဲ့ရတာ အခုဆို
    ညီမလေးတစ်သက်ရှိပါပြီး အဖေရေ အခုဆို အမေလည်ဆေးရုံကဆင်းလို့
    ဦးခေါင်းကိုထိမိတဲ့ဒဏ်ကြောင့် အတိတ်မေ့ရောဂါနဲ့ ပုံမှန်မရှိတဲ့အမေကို တစ်လှည့် အရွယ်မရောက်သေးတဲ့ ညီးမလေးကိုတစ်လည့် ကျွန်တော် အသက်(၉)နှစ်နဲ့(၈)လအရွယ်လေး တစ်ယောက်မှာ စိတ်ဆင်းရဲစရာတွေတစ်ပုံကြီးနဲ့ အမေနဲ့ညီမလေးအတွက် မနက်ဆို ဘူတာမှာဈေးထွက်ရောင်းရ ငယ်ငယ်ကအဖေ့ပုံရိပ် တွေကိုတွေးမိပြီးအဖေနဲ့တူတဲ့
    ဦးလေးတွေကိုမြင်တိုင်း အဖေများဖြင့်နေမလားအသိနဲ့ ငေးကြည့်မိတာလည်း
    အကြိမ်မနည်းခဲ့ပါဘူး အခုဆို အဖေမပူရတဲ့ မိသားစုဘ၀ကို သား ဘူတာမှာဈေးရောင်း
    ညဘက်ဆို အမေနဲ့သားညီးမလေးတွေကိုသိပ်ပြီး ညဘက်ထွက်လို့ မုန့်ဖက်ထုပ်
    ငှက်ပျောသီမုန့်တွေရောင်ရင်နဲ့ သားလေ အဖေ့ရဲ့ စွန့်ပစ်သွားတဲ့ သုံမရတော့တဲ့
    ကျွန်တော်တို့မိသားစုဘ၀လေးကို မလှဲယုံထိန်းလို့ညီးမလေးဘ၀ ပျိုးထောင်ပေးခဲ့တာ
    ညီးမလေးအသက်(၁၃)နှစ်ရှိပါပြီးအဖေ ... အမေကအခုအချိန်မှာ အဖေပြန်လာလည်း အမေဟာဘာကိုဘာမှ မှတ်မိနိုင်တာမရှိတော့ပါဘူး အဖေရယ် သားတို့ရဲ့
    မောင်နှမနှစ်ယောက်ရဲ့ဘ၀ကံကြမ္မာကဆို လွန်လှပါလားဗျာ...
    အခုဆိုရင် အရူးမ မကျ လူကောင်းမဟုတ်တဲ့စိတ်မနှံ့ရောဂါသည်းဘ၀နဲ့ ရှိနေဆဲပါအဖေ
    မယုံနိုင်စရာ ကံကြမ္မာကို လည်း အပြစ်မတင်မိသလို သားတို့မိသားစုရဲ့ဘ၀လေးကို
    ထားသွားခဲ့တဲ့အဖေကိုလည်းအပြစ်မတင်မိပါဘူးအဖေရယ် အဖေ လက်ရှိဘ၀လေးကနေ
    သားတို့ရဲ့ တစ်ကယ်ဖြစ်ရပ်ကလေးကို သိနိုင်မယ်ဆိုရင်ပဲ ဟိုတစ်ချိန်တုန်းက
    အဖေအရမ်းချစ်ခဲ့ပါတဲ့(သားသော်ဇင်ဦး)လို့ အဖေရဲ့သားကျွန်တော်(ဘီလင်းနှင်းပုလဲ)ကနေ အဖေ့ကိုလွမ်းရကျိုးနှပ်ပါတယ်..အဖေ သားရဲ့ခံစာချက်ရင်ဖွင့်လွှာကို
    အဖေ ဒီအွန်လှိုင်းကနေတစ်ဆင့် အဖေ ဖတ်ရှု့ခံစာပေးရင်လည်း သားလေ....
    ပင်ပန်းနွမ်းနယ်နေသမျှ မြေမကျပဲ သားကျေးနှပ်ပါပြီးအဖေရယ်

    အဖေဆိုတဲ့ ဂုဏ်ပုဒ်ဟာ
    သုညကို တစ်ဝက်ခွဲလို့ စရတဲ့ဘ၀ပါ
    အခြေမခိုင် ယိမ်းယိုင် စိတ်ကူးနဲ့
    ထွက်သွားသူ အဖေရေ
    ငိုနေတဲ့ ကျမျက်ရည် သက်သေထူလို့
    ဗလောင်ဆူတဲ့ အမေနှင့်မိသားစုရဲ့ရင်ထဲ
    ပူနေဆဲ သောကမီနဲ့ အခုဆို အရူးမလို့ခေါ်ခက်ခဲ
    မျှော်လျှက်ပင် အဖေ လာရာလမ်းလေးလည်း
    လွမ်သလောက် အမေကြိုနိုင်
    အိမ်ရှေ့မှာ လွမ်းကာမှိုင်လို့
    အမေကို အဖေခေါ်တဲ့ “စမ်းစမ်း”ရေလို့
    အခုဆို သားနဲ့သမီးလူမမယ် အရွယ်ရောက်လာလို့
    အခြေအနေကို သဘောပေါက်တက်ခဲ့ပြီး...အဖေ
    အဖေ့အတွက် ပြန်ခက်တဲ့ ချန်လျှက်မတားနိုင်တဲ့ဘ၀ဆိုလည်း
    မျှော်နေရှာ အိမ်အိုဟောင်းလေးက အချိန်လွန်အော်ခေါ်မိတဲ့
    အိမ်မက်ဆိုး ညများစွာကို အဖေရယ် သက်ကာချလို့
    လက်ပြပြန်ထွက်သွားလည်းရပါတယ်
    လက်ရှိဘ၀ အဖေမသိ အမေသာရှိတဲ့ ကျွန်တော့်
    ညီမလေး ဘ၀လေးကို အဖေရယ် ခဏလေးဖြစ်ဖြစ်
    သိမ့်သိမ့်မချစ်ခဲ့ရင်တောင် အဖေ့အသွေးသား
    အမေကမွေးထားရတဲ့ ခဏလောက်ပြန်လည့်ကြည့်လို့
    အချစ်မရှိ အပြစ်ရှိခဲ့သလို ပြန်ထွက်ခွာသွားလည်း
    ကျွန်တော်မတားပါဘူး...အဖေ

    (မှတ်ချက်)
    မင်္ဂလာပါ စာချစ်သူ အပေါင်းတို့
    ဤ (ရေဆန်လမ်းက ဗေဒါပန်းအသွင်)ဆိုတဲ့ဘလော့စာပေးကို
    ကျွန်ုပ်၏ ချစ်ရပါသော ချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့(သော်ဇင်ဦး)ရဲ့ကိုယ်စား
    ကျွန်တော်(ဘီလူးကျွန်းသားလေးကိုဇော်)မှ ပြစ်ရပ်မှန် ဘ၀ဇာတ်လမ်းကို
    လူသားချင်းစာနာပြီး ဘ၀တူချင်တွေမို့လက်နှင့်မရေ နှလုံးသွေးနဲ့ရေခဲ့တာဖြစ်တဲ့အတွက် ခံစာနာလည်ပေးကြပါလို့ မေတ္တာရပ်ခံရင် လောကမှာရှိတဲ့ အဖေတိုင်း အဖေတိုင်း အိမ်ထောင်ရေးကိုပေါ့ပေါ့လေးတွေးလို့ အပျော်လွန်ကြူသည့် အသစ်မရှာကြပါနဲ့လား ခင်ဗျာ 
    အဖေမရှိတဲ့ဘ၀ အဖေမရှိတဲ့မိသားစုတိုင်း က ရေမျောကမ်းတင် ကမ်းဆပ်ကသစ်ပင်ခြောက်သဖွယ် စုန်ချင်စုန် ဆန်ချင်ဆန် ဖယိုဖရဲ လေလွှင့်သစ်ပင် ဖြစ်ခဲ့တာမို့ အလွယ်တစ်ကူး မဆုံးဖြတ်ပါနဲ့လား
    အဖေမဲ့ အမေမဲ့ ဘ၀တွေနဲ့ ရပ်တည်ရတဲ့ သားသ္မီးတွေဟာ ထင်သလောက် ခရီးမရောက်နိုင်တဲ့ ရေဆန်လမ်းက ဗေဒါပန်းပမားပါ ဗျာ ...စာပေးချစ်သူတို့ နားလည်သဘောပေါက်နိုင်သော်လည်း လောကကြီးမှာ ခွင့်မလွှတ်နိုင်တဲ့ လူမူရေး ကိစ္စလေးတွေကြား သားသ္မီးကို ဥပက္ခာပြုလို့ မိဘ ဆိုတဲ့ ဂုဏ်ပုဒ်ကို ထင်ရာမလုပ်ဖို့ကိုပြောကြားရင် လက်ရှိအဖေ လက်ရှိအမေ နောက်ဖြစ်လာမဲ့မိဘ လောင်းတွေကို ကျွန်တော့်သူငယ်ချင်(သော်ဇင်ဦး)ရဲ့ဘ၀လိုမျိုးမဖြစ်ရလေအောင် လက်တွေ့ နမူနားအဖြစ် စံတင်လို့ (ကျွန်တော် ရင်ခွင်သစ်)မှ (ရေဆန်လမ်းက ဗေဒါပန်းအသွင်)ဆိုတဲ့ ဘ၀ဇာတ်ကြောင်းလေးနဲ့(ဥပမာ နမူနား)ယူကြပါလို့ ဆန္ဒပြုရင် ဇာတ်ပေါင်းလိုက်ကြပါစို့လားဗျာ......
    ကျေးဇူတင်စွာဖြင့်.(ဘီလူးကျွန်းသားလေးကိုဇော်)

    No comments:

    Post a Comment

    😁😁😁