
လင်းကြက်ကယ်ဆော်
အိပ်မပျော်နိုင်
စိတ်တော်မခိုင်
ဗျာလှိုင်မောရတယ်
လောကီ ရှုတ်ထွေး...။
ဆေးလိပ်တိုဖွာ
မှေးမှိတ်ကာ
တစ်ရေးအိပ်လိုပေမယ့်
အတွေးစိတ်မျောရ
သောကအိမ်ထဲ...။
မရသူက
အရယူချင်
ရပြီးသူက
ရသထက်ရချင်
ပူပင်သောက ဒုက္ခကိုပင်
သုခထင်ထား လောကတစ်ခွင်
လောဘနွံထဲကျွံ...။
ဒါတွေကိုထား
တရားဆင်ချင်
မေတ္တာပင်ပွား
စိတ်ထားဖြူစင်
ခင်မင်သူအပေါင်း
မာကြောင်းသာစေ
မျှပေပေး အေးမြရင်ထဲ ရွှင်...။
(မင်္ဂလာနံနက်ခင်း ရင်တွင်းဝမ်းသာ ပီတိဖြာ အားလုံးချမ်းသာကြပါစေ..)

Myanmar Kyat Converter
No comments:
Post a Comment