{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Monday, May 4, 2015

    ((((ကျွန်နော် ချစ်သောမြန်မာပြည်))))


    ကမ္ဘာကြီးထဲကကျွန်နော်တို့မြန်မာလူမျိုးများသည်လည်း မွေးဖွားလိုက်သေဆုံးလိုက်
    ကမ္ဘာကြီးထဲမှာလည်ပတ်လျက်ရှိသည်။
    ဒီလိုနဲ့ ကျွန်နော်ချစ်သောမြန်မာပြည်ကြီးသည် သံသရာဝဲကယက်ထဲကမ္ဘာကြီးနဲ့
    အပြိုင်လည်နေပါတော့သည်။

    ကျွန်နော်တို့နေထိုင်ရာမြန်မာပြည်ကြီးမှာ တိုက်ပွဲခေါ်သံတွေမရှိ၊ အနိုင်ကျင့်မှုတွေမရှိ၊
    ဂုတ်သွေးစုတ် အမြတ်ကြီးစားခြင်းတွေမရှိဘူးဆိုလျှင် ကျွန်နော်တို့မြန်မာပြည်သည်
    အလွန်သာယာဖွယ်ရာနေရာ တခုပင်ဖြစ်သည်။
    (၃၈)ပါးသော မင်္ဂလာတရားတွေကို
    ရင်ထဲနှလုံးသားထဲစောင့်ထိန်းကြတဲ့ ကျွန်နော်တိုလူမျိုးပင်ဖြစ်သည်။
    မြန်မာလူမျိုးများသည် ယဉ်ကျေးမှု၊ သီလ၊ ကိုယ်ချင်းစာခြင်း၊ ရိုးသားခြင်း၊ ဇွဲရှိခြင်း၊
    သနားကြင်နာခြင်း၊ မေတ္တာတရားလူတိုင်းစိတ်ထဲ ကိန်းအောင်းနေမယ်ဆို
    ကျွန်နော်တို့ရဲ့ မြန်မာပြည်ကြီးပိုလှပေလိမ့်မည်။

    ကျွန်နော်တို့ရဲ့ မြန်မာပြည်ကြီးသည် ဘုရားရှင်ရဲ့ အဆုံးအမအောက်မှာ
    မေတ္တာတရားတို့ဖြင့် ငြိမ်းချမ်းနေလေ၏။

    မနက်ခင်းဆိုဆွမ်းထချက်ကြဖို့ နေ့စဉ်လှုပ်နိုးတတ်တဲ့ အာရုံဦး
    အုန်းမောင်းခေါက်သံကညိမ့်ညောင်းသာယာလွန်းလှသလို အာရုံဦး
    ဘုရားဝတ်ပြုသံတွေနဲ့ နေ့စဉ် နေ့တိုင်း မင်္ဂလာရှိရှိနိုးထတတ်တဲ့
    ကျွန်နော်တို့ရဲ့ မြန်မာလူမျိုးများရဲ့ အလေ့အထ လေးကချစ်စဖွယ်တခုပင်ဖြစ်သည်။

     နံနက်ခင်းရဲ့ နေရောင်ခြည်အောက် ရွှေရောင်တွေတောက်ပနေတဲ့ စေတီအဆူဆူတွေ
    ရဟန်းသံဃာများ၏ သင်္ကန်းရွှေဝါရောင်တို့သည် တင့်တယ်လွန်းလှသည်။

    တချို့နေရာမှာ အးအေးလူလူ ကျောင်းသွားနေကြတဲ့ ကလေးငယ်လေးတွေ ရှိသလို
    တချို့နေ၇ာမှာ ဟိုနေ၇ာပြေး ဒီနေရာပြေး လောင်းရိပ်မဲ့နေတဲ့ကလေးတွေလည်းရှိသည်။

    မောဟတရား အတ္တတရား လွှမ်းဖုံးနေတဲ့လူတွေသာမရှိခဲ့ဘူးဆိုရင်
    လှပတဲ့အနာဂတ်ဟာ သူတို့အပြုံးတွေပေါ်မှာ နုဖတ်သန့်စင်တဲ့
    မျက်နှာလေးတွေက အေးမြလန်းဆန်းနေမှာပင်ဖြစ်သည် ယခုလူငယ်ဆိုတာ နောက်အနာဂါတ်လောင်းများပင်ဖြစ်သည်။

    ထို့အတူအသက်ရှင်နေကြတဲ့လူတွေ အားလုံးကိုယ်စီ ကိုယ်စီတရားမျှတစွာ
    လောဘအရိပ်တွေမရှိ၊ ဒေါသာအရိပ်တွေမရှိ၊ မာနအရိပ်တွေ မရှိ
    ကြည်လင်အေးချမ်းနေမယ်ဆို ကျွန်နော်တို့ရဲ့တိုင်းပြည်လေးအေးချမ်းနေမှာပင်ဖြစ်သည်။

    လူတိုင်းမှာ တူညီတဲ့တန်းတူအခွင့်အရေး
    တူညီတဲ့လွတ်လပ်ခွင့်သာရှီနေမယ်ဆို သူတို့ရဲ့မျက်နှာပေါ်မှာ
    ယုံကြည်ချက်တွေအပြည့်၊ ရဲရင့်မှုတွေ အပြည့်၊ ပျော်ရွှင်မှုတွေ
    အပြည့်၊ တာဝန်ယူတတ်တဲ့စိတ်တွေ အပြည့်နဲ့ ဒုက္ခဆိုတာ
    မကြားဖူးသည့်အလား၊ ငရဲဆိုတာ မကြုံဖူးသည့်အလား
    အားမာန်တို့ပြည့်နေမှာပဲဖြစ်သည်။

    ခုတော့လူတွေရဲ့ မညီမျှတဲ့ လွတ်လပ်ခွင့်
    မညီမျှတဲ့အခွင့်အရေးကြောင့် လူတွေရဲ့ ဦးနှောက်တွေ
    ညစ်နွမ်းလာသည်။ တပ်မက်တဲ့စိတ်တွေ၊ သိမ်ငယ်မူတွေ၊မာနတရား
    အနိုင်ကျင့်သိမ်းပိုက်ချင်တဲ့စိတ်တွေ တိုးပွားလာသည်။

    ရိုးသားမှုအပေါ် ဂုတ်သွေးစုတ် အမြတ်ထုတ်ချင်တဲ့စိတ်တွေ အေးချမ်းမှုကို
    မနာလိုတဲ့စိတ်တွေ၊ တည်ငြိမ်မှုကို ဖျက်ဆီးလိုတဲ့စိတ်တွေ တချို့လူတွေရဲ့
    ခန္ဓာကိုယ်တစ်ခုလုံး ရင်ဘတ်တစ်ခုလုံး ပြည့်လျှံနေသည်။

     သူတို့တွေရဲ့နူးညံ့တဲ့ အပြုံးတွေထဲက ဟန်ဆောင်မျက်ဝန်းထဲမှာ ကောက်ကျစ်မှုတွေ၊
    တုံ့ပြန်ချင်တဲ့စိတ်တွေဖုံးလွှမ်းလျက်ရှိသည်။

    ထို့ကြောင့် မြန်မာပြည်ကြီးသည် တဖြည်းဖြည်းဆုတ်ယုတ်လာသည်။ကပ်တွေလည်းဆိုက်ရောက်လာသည်။ လေတွေကလည်း
    ပိုပြီးအေးစိမ့်လာသလိုလို ကောင်းကင်သည်လည်း တဖြည်းဖြည်းညိုမှောင်လာခဲ့သည်။ ရိုသားမူသည်လည်းပျက်သုန်းလာသည်။

     ဖြူစင်သန့်ရှင်းလွန်းတဲ့ စိတ်တွေသည်လည်း အမည်းစက်ကြီးတစ်ခုလို
    ထင်းထင်းကြီး ဖြစ်နေလေသည်။

    ချိုမြိန်လတ်ဆတ်တဲ့ သစ်သီးတွေကြားမှာ ကျီးအာသီးတွေပါဝင်နေမူကြောင့် ကျမတို့မြန်မာပြည်ကြီးသည်လှပခြင်းမဲ့နေသည်။

    ဘယ်အချိန်ထိ ပုတ်သိုးနေမည်မသိ..။ ဇောချွေးတွေပြန်လာသလို နားတွေလည်း
    အူလာသည်။

    သေချာကြည့်နေပါလျှက် မြင်ကွင်းက မှုံဝါးလာသည်။
    တဖြည်းဖြည်း မေတ္တာတရားဝေးကွာလာသလို မောဟတရားဖုံးလွှမ်းလာသည်။

    နောက်တော့ ခေတ်တွေတစ်ခေတ်ပြီးတစ်ခေတ်၊ စစ်ပွဲတွေတစ်ပွဲပြီးတစ်ပွဲ တစ်ဦးကိုတစ်ဦး သွေးရဲရဲသံရဲရဲနဲ့ သတ်ဖြတ်နေကြတော့သည်။

     ကိုယ်သွေး ကိုယ်စုပ်နေကြတော့သည်၊ မျက်နှာအဆီတ၀င်းဝင်းနဲ့
    လူကုန်တိုင်းအ၀ိုင်းက အစေခံလေး တွေကိုညှင်းပန်းနှိပ်စက်နေကြသည်။

    ထမင်းနပ်မှန်အောင် မစားရလို့ ငတ်ပြတ်နေတဲ့ဘ၀တွေ၊ ကယ်ပါယူပါတစာစာနဲ့
    မိဘမဲ့ကလေးတွေရဲ့ ငြီးငြူအသံတွေ၊ ဆေးဖိုးဝါးခမရှိလို့
    အာခေါင်ခြစ် အော်နေကြတဲ့ ရောဂါသည်တွေရဲ့ အသံတွေပဲ့တင်ထပ်နေရဲ့..။

    အကျိုးအမြတ်လေး မလောက်မငနဲ့ ၀မ်းစာအတွက် လယ်ကွင်းတွေထဲ
    နေပု မိုးရွာမရှောင် ပင်ပန်းကြီးစွာ လုပ်ကိုင်နေကြရတဲ့ တောင်သူလယ်သမားတွေ၊
    အဖိုးအခ မဖြစ်စလောက်လေးနဲ့ မသေချာတဲ့ မျှော်လင့်ချက်တွေအတွက်
    ရုန်းကန်နေကြသူတွေ ၊စက်ရုံကြီးတွေမှာ လခအနည်းငယ်အတွက်
    အလုပ်ချိန် အများကြီးပေးဆပ်နေကြရတဲ့ အလုပ်သမားတွေ အဲဒီလို ဆင်းရဲသားတွေ
    သွေးချွေးနဲ့ရင်းခဲ့ရတဲ့ အောင်မြင် မှုတွေနဲ့စည်းစိမ်းရစ်နေတဲ့
    ရယ်သံကြီးတွေက ကြောက်မက်ဖွယ်ရာပင်။

    ကြီးနိုင်ငယ်ညှင်းဝါဒနဲ့ အားလုံးရဲ့ မျက်ရည်တွေကို သောက်သုံး
    ပြုံးပျော်နေကြတဲ့ စုန်းပြူးတွေ မျက်နှာကြီးတွေက အော်ဂလီဆန်စရာကောင်းလှ သည်။

    သာသနာကွယ်ပျောက် ဖန်တီးမူတွေ ဘာသာမဲ့အောင် လုပ်ဆောင်မူတွေ
    အဓမ္မမူတွေ လုပ်ရပ်သည် မိစ္ဆဒိဌိအယူမှားသူတွေ လုပ်ရပ်ဖြစ်သည်။

    ဗုဒ္ဒဘာသာဆုံးမမူအတိုင်းဝဋ်ဆိုတာ ရဟတ်လိုလည်နေမြဲပင် ကံကြမ္မာရဟတ်ကို တစ်နေကြုံတွေ့နေရမှာပင်။ ငရဲဆိုတာလည်းရောက်မှာမလွဲပင်ဖြစ်သည်။

    ထို့ကြောင့် ကျွန်နော် ကမ္ဘာကြီးတုန်ဟီးအောင် ဆုတောင်းလိုက်ချင်ရဲ့
    မတရားသောစစ်အစား တရားသောစစ်ဖြင့် ကျွန်နော်ချစ်ရသောမြန်မာပြည်ကြီး
    စစ်မှန်သောငြိမ်းချမ်းရေး အေးချမ်းသောငြိမ်းချမ်းရေး ရလိုပါ၏ဟု ဆုတောင်းမိလိုက်ပါတော့သည်။

     ကျွန်နော် ချစ်သော မြန်မာပြည်ကြီး ထာဝစဉ်ငြိမ်းချမ်းပါစေ။
    အားလုံကို လေးစားလျ က် ကိုဇော်

    No comments:

    Post a Comment

    😁😁😁