{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Monday, May 4, 2015
    **ဘဝမုန်တိုင်း**
    ဆင်းရဲသား ဘ၀အစ....
    ကျွန်တော်ကို ဘီလူးကျွန်း ချောင်းဆုံတိုချဲ့ရပ်ကွက်မှာမွေးဖွာခဲ့ပါတယ်...
    အင်မတန်ချို့တဲ့ပြီးဆင်ရဲလှတဲ့ အဖေနဲ့အမေက ကျွန်တော်ကို လူလောကထဲ ရောက်အောင်မွေးထုတ်ပေးခဲ့ပါတယ်...
    တန်းကျောင်း စ နေရတဲ့ အရွယ်က ကျွန်တော့်အသက်(၆)နှစ် ကျွန်တော်နဲ့အတူမွေးတဲ့ ကျွန်တော့်အချစ်ဆုံးသူငယ်ချင်း ပြည့်ဖြိုးအောင်က ပထမတန်းကိုရောက်နှင့်နေပါပြီ
    ငွေကြေးမပြည့်စုံလှတဲ့ ကျွန်တော့် အဖေနဲ့အမေက အတန်းကျောင်းနေရန်
    အသက်ပြည့်နေသော်လည်း ကျောင်းအပ်ပေးရန် ငွေရေးကြေးရေးကမပြေးလယ်
    အလုပ်အကိုင်ကမယ်မယ်ရရမရှိ နေတဲ့အိမ်လေးက ညဆို ကြယ်မြင် လမြင် နေ့ဘတ်တို့ရောက်ပြန်တော့လည်း နေပြောက်ထိုး မိုးရွာပြန်တော့လည်း ဟိုယိုဒီယို ခံစရာဆိုလည်း
    အိုခွက်ကအပိုမရှိ မလုံခြုံတော့တဲ့ ၀ါထန်ရံတွေက လေပြေညင်းရဲ့
    ကျီစယ်ဒဏ်ကိုခံနိုင်စွမ်းရှိနိုင်အောင် ရုပ်ဆိုးခဲ့ပြီလေ ကျွန်တော်က အဖေနဲ့အမေအတွက် မွေးခဲ့စဉ်ကာလထဲက သူငယ်နာကိုယ်ပူရောဂါနဲ့ဆင်ရဲတဲ့ မိသားစုဘ၀ကိုမရုန်နိုင်အောင်မွှေခဲ့တဲ့
    စနေဂြိုလ် သားဦးပေါ့ ကျောင်းတက်ဖို့ကျောင်းသွားအပ်ကြတဲ့ ငွေရေးကြေးရေးပြေလည်သူသားသ္မီးတွေအတွက်ကတော့ ပိုက်ဆံဆိုတာ
    အဖေရှိရင်ငွေရှိတယ်ပေါ့ ကျွန်တော့်အတွက်ကတော့ တန်းကျောင်းအပ်ဖို့နေနေသာသာ
    အိမ်မိုးဖို့“ဓနိ”ဖတ်တောင်မ၀ယ်နိုင်သေးတဲ့အဖေနဲ့အမေက သူများတွေမမိုးတဲ့ “၀ါ” ဖက်တွေကိုတောထဲမှာသွားကေါက်ရပြီး “၀ါ”ခြမ်းလေးနဲ့ညှက်လို့
    ကျွန်တော်တို့ရဲ့အိမ်ကလေးက အမိုးလုံခဲ့ရပါတယ် တစ်နေ့မှာတော့ အဖေနဲ့အမေကတောထဲမှာထင်းခွေပြီပြန်ရောက်လာချိန်မှာ အဖေနဲ့အမေကို
    အလိုက်မသိသေးတဲ့ ကျွန်တော်က သားကျောင်းနေခြင်တယ်အမေရယ်လို့ မကြားတကြားလေးကျွန်တော်ကပြောတော့ အမေကအဖေ့ရဲ့မျက်နှာကိုမော့ကြည့်ပြီ
    အင်အားတွေ အပြည့်ရှိတဲ့အဖေက ငါ့သားကိုပညာတက်ဖြစ်အောင်အဖေထားပါ့မယ်လို့ အားကြိုးမာန်တက်အဖေ့ရဲ့စကားသံလေးကြောင့် ကျွန်တော် ကျောင်းနေရတော့မယ်ဆိုပြီး ၀မ်းသာပီတိဖြစ်မိပါတယ် နောက်နေ့အမေ တောမ၀င်ခင်သားကိုကျောင်းအပ်ဖို့ ကျွန်တော့်လက်ကိုဆွဲပြီးကျောင်းကိုသွားခဲ့တယ် မူလတန်းကျောင်းအပ်ခံတဲ့နေရာလေးမှာ
    မိသားစုကိုယ်စီနဲ့ တစ်ဦးပြီးတစ်ဦးပြီးဆုံးလို့ ကျွန်တော်တို့အလှည့်ရောက်တော့ဆရာမက အုပ်ထိန်းသူအဖေ့အမည်နှင့်ကျွန်တော့်အမည်ကိုမေးတယ် ဒီအဆင့်ထိတော့
    ကျွန်တော်ပျော်နေတုန်းပါပဲ ဆရာမက“ကျောင်းအပ်ခနဲ့စာအုပ်ဖိုးအကြောင်းပြောလိုက်တော့
    အမေ့ရဲ့မျက်နှာလေးညှိုးသွားတာကို ကျွန်တော့်ရဲ့ မျက်လုံးအိမ်ထဲက
    ခုအချိန်ထိမထွက်ခဲ့ပါဘူးခင်ဗျား...ဒါနဲ့အမေကဆရာမကို ပတ်ဝန်းကျင်မကြာနိုင်တဲ့
    လေသံလေးနဲ့ ကျွန်မမှာ ငွေပိုငွေလျှံလည်းမရှိပါဘူးဆရာမရယ်
    ဒီမှာကျွန်မတို့အိမ်ထန်ရံကာဖို့စုထားတဲ့ပိုက်ဆံ(၁၀၀)ညနေစာ ဆန်းဖိုးလေးထဲကပါ
    ဆရာမရယ် လို့ပြောနေတဲ့အမေ့ ရဲ့အသံလေးရဲ့နောက်မှာ မျက်ရည်လည်နေတဲ့
    အမေ့ရဲ့မျက်ဝန်းတစ်စုံဟာ အင်မတန်မှ ပညာတက်သားကိုဖြစ်စေခြင်ခဲ့တယ်ဆိုတာကိုပေါ်လွှင်စေခဲ့ပါတယ်....
    ဆရာမက အမေ့ကိုကြည့်ရင် အဆင်မပြေသေးတဲ့ အခုလိုချိန်မှာ နေဖို့စားဖို့ကိုအရင်ပြေလည်အောင်လုပ်လိုက်ပါဦး အမရယ် ခလေးကနောက်နှစ်တွေမှာ
    ကျောင်းပြန်အပ်လို့ရပါတယ်..... အခုအရင် ယိုင်ယွင်းနေတဲ့ အိမ်လေးကိုပြင်
    လိုက်ဖို့ကို အကြံပေးစကားပြောပြီတဲ့အခါမှာ အမေကကျွန်တော့်ကိုဖက်ပြီးတော့
    သားရယ် ဆင်ရဲတဲ့အမေတို့ဆီမှာမှလူလာဖြစ်ရတယ်လို့အခုတော့အမေ့ရဲ့သား ကျောင်းနောက်နှစ်မှနေရတော့မယ်သာရယ်လို့ ၀မ်းနည်းနေသောအသံနဲ့ကျွန်တော့်ရဲ့
    ပါးကိုနမ်းရှိုက်ရင် အမေရဲ့မျက်ဝန်းအိမ်လေးထဲကဂရုဏာမျက်ရည်တွေကျနေမိတာကို
    ကျွန်တော်သည် ပြန်မြင်ယောင်နေမိပါတယ်...တစ်ကယ်တော့အဒီအချိန်မှာ
    ခလေးတစ်ယောက်ရဲ့အမြင်နဲ့ မိသားစုစားဝတ်နေရေကို ထည့်မတွက်မိပါဘူးလေး
    အဲဒီအချိန်ကစပြီး ညနေတိုင်းမှာ ဥပုတ်စောက် စ၀င်ရတဲ့ အဖေနဲ့အမေက ကျွန်တော့်ကို ဆန်ပြုတ်ကလေးနဲ့ အဆာဖြေစေခဲ့တယ် အဖေက မနက်ဆိုတောတက် ထင်းခုက် အမေကအဖေရှာခုတ်ခဲ့သောထင်းလေးကိုညီတူညီမျှအောင်စီးပြီး တစ်ရွာဝင်တစ်ရွာထွက် တစ်ရွာလုံးကြားအောင်“ထင်းယူကြအုံးမလာတဲ့”ရိုးသာမူအပြည့်ရှိတဲ့အမေ့ရဲ့အသံလေးနဲ့ ထင်းလိုက်ရောင်းတဲ့နောက်က ထပ်ချမကွာလိုက်နေမိတဲ့ကျွန်တော့်ရဲ့အဖြင့်ပါ ရောင်းလို့ရတဲ့ထင်းဖိုးလေးတွေရယ် ညနေစားဆန်ဖိုးလေးရယ်ခြစ်ခြုပ်ပြီး
    ကျွန်တော့်အသက်(၆)နှစ်အရွယ်မှာ ကျောင်းစနေရတဲ့ သူငယ်တန်း
    ကျောင်းသားဘ၀ကိုရပြန်တယ် ကြမ်တမ်းတဲ့ဘ၀တိုင်းဟာ ပျော်ရွှင်စရာမရှိပေမဲ့
    ရိုးသားမူရှိတဲ့ ကျွန်တော်တို့ရဲ့ကမ္ဘာလေးကတော့ ကျေးနှပ်စရာကိုကောင်းပါတယ်ဗျား.... ဘောင်ဘီကအပြဲ အင်္ကျီကအစုတ်ကလေးနဲ့ ကျွတ်ကျွတ်အိတ် လွယ်အိတ်ကလေးနဲ့ကလိုက်ဖက်မူရှိတဲ့ကျွန်တော့်ဘ၀ပါ ..... ကံမကောင်းခြင်းများကိုလေလံဆွဲထားတဲ့
    ကျွန်တော့်အတွက် အဖေ့ကိုသနာမိတယ် ကျွန်တော့်အသက်(၁၄)နှစ်
    ကိုးတန်းကျောင်သားဘ၀ မှာတော့ စနေ ဂြိုလ်မွှေလို့ကျွန်တော့်ရဲ့ဘ၀ မုန်တိုင်းကျခဲ့ပြီးပေါ့
    အဲဒီနေ့မှာတော့ ကျွန်တော်ညနေကျောင်းဆင်းချိန်အိမ်ပြန်လာတော့ အိမ်မှာအဖေနဲ့အမေမရှိ စိတ်ထဲမှာပူပင်သောကတွေဖြင့်မိပါတယ် အဖေနဲ့အမေသာမရှိရင် ကျွန်တော်တစ်ယောက်ထဲ ဘယ်လိုခရီးဆက်ရမှာလဲ...?ကိုယ့်ခြေတောက်ပေါ်ကိုယ်မရပ်တည်နိုင်သေးတဲ့ဘ၀မှာ အဖေနဲ့အမေကိုအားကိုးပြီးနေရတဲ့ခလေးငယ်ဘ၀မို့ အဖေနဲ့အမေပြန်အလာကိုစောက်ရင်း
    ရွာရဲ့အကူအညီနဲ့အဖေ့ကို ပုသိမ်အရိုးအကြော ပါတဂူ ဒေါက်တာ ကြည်ဖေလော ဆေးကုခန်းမှာအဖေရွာရဲ့အကူညီနဲ့ (၄၅)ရက်ဆေးကုသခံနေရပါတယ် အဖေဆေးရုံတက်နေတဲ့ရက်တွေမှာ ကျွန်တော်ကျောင်းတော်တော်ပျက်ခဲ့တယ်
    အိမ်ရဲ့စာဝတ်နေရေးနဲ့ အဖေဆေးကုဖို့ရယ် ကျွန်တော်ရွာထဲမှာ ထင်းခွဲ ရေခပ် ကြုံရာကျဘန်ရတဲ့အလုပ်ကိုဝင်လုပ်ရင် ရလာသော ငွေတစ်ချို့ကိုအမေ့ကိုပေးအဖေအသက်ရှည်ဖို့ ကျန်းမာဖို့အတွက် လူမှန်သိတတ်စအရွယ်ကနေ ဒီနေ့အထိ ဘုန်တော်ကြီးဆွမ်းလောင်မမှီတဲ့ ကျွန်တော်တို့အိမ်လေးက ဒီနေ့ မနက်တော့ အဖေ့အတွက် ကျွန်တော့်လုပ်အားခလေးနဲ့ အမေချက်တဲ့ဆွမ်းပူပူလေကို ... လောင်မှီခဲ့ပါတယ် ဆရာဝန်ရဲ့ညွှန်ကြာချက်အတိုင်းအဖေကိုဓါတ်မှန်ရိုက်ကြည့်တော့ အဖေရဲ့အဆစ်တွေကပြုတ်နေတယ်လို့ပြောပါတယ် အကောင်တိုင်းပြန်ဖြင့်ဖို့မဆိုထာနင့်အာရုံကြောထိခိုက်မူမရှိအောင်ဆုတောင်းရမယ်
    လို့ပြောရင်ပဲ အမေဆရာဝန်ရှေ့မှာ ပုဆစ်ကတုတ် လို့ ကျွန်မယောက်ျာရဲ့အဖြင့်ကိုကယ်ပါဦး သူသာပြန်မကောင်းရင် ကျွန်မတို့သားအမိဘယ်လိုမှရပ်တည်နိုင် အခြေအနေ မဟုတ်လို့ပါတော် အမေသည်ငိုရင်နဲ့အဖေ့စိတ်နဲ့အိပ်ရေတွေပျက်တဲ့ရက်တွေလည်းများခဲ့တော့ ငိုနေရင်နဲ့ မေ့လှဲသွားခဲ့ပါတယ် အဲဒီအခြေနေမျိုးမှာ ကျွန်တော်ဖက်ကို သူငယ်ချင်းတို့ခံစားပေးကြည့်ကြပါလာ ကျွန်တော် အဖေ့ကိုဖက်ငိုရမလာ ဒါမှမဟုတ် မေ့နေတဲ့ ကျွန်တော့်အမေကိုဖက်ငိုမလာ ဒီလိုအရွယ်မှာ အရမ်းကိုပျော်ရွှင်နေရမဲ့အချိန်မှာ ကျွန်တော်ဘ၀ကြီးကဘယ်မှာသာယာပျော်ရွှင်နိုင်ပါ့မလဲ အတွေးနဲ့ခေါင်းကိုအခါခါရမ်းမိပြီးအော်ငိုနေမိတယ်ဗျား.... အဖေဆေးရုံကဆင်လာတော့ လမ်းမလျှောက်နိုင်တော့တဲ့အဖေကိုအမကတွဲ လက်တစ်ဖတ်ကအားကိုးရာမဲ့နေတဲ့အဖေ့ရဲ့လက်ကိုကျွန်တော်တွဲသွားမိတယ် ဒါပေမယ့် အားကိုးရာမဲ့နေတဲ့အဖေ့ရဲ့လက်ကလေးဟာ အဖော်မဲ့ခဲ့ရပြီပေါ့ သားလေးကအရွယ်မရောက်သေးတဲ့သားအတွက် အဖေစိတ်မအေးနိုင်သလို ဒုက္ခဖြင့်နေတဲ့အဖေ့အတွက်သားဘာမှ မလုပ်ပေးနိုင်ခဲ့တာ ကျွန်တော်ဝမ်းနည်းမိတယ်.. ကျောင်းဆက်တက်ဖို့လည်းစိတ်ကူးမရှိနိုင်အောင် လမ်းစပျောက်ခဲ့ရတယ် ဒါပေးမယ့် အမေက ဈေးတောင်းကိုခေါင်ပေါ်ရွတ်ပြီးကျွန်တော်ကို ဆယ်တန်းအထိကိုပညာသင်ခွင့်ရအောင်မွေမေမေသည်ရုန်းကန်ပေးခဲ့တယ်
    ဆယ်တန်းကျောင်းသားဘ၀မှာလည်း အမေဈေးရောင်းလို့ရတဲ့ ပိုက်ဆံလေးထဲကစုပြီးသားကိုဝယ်ပေးထားတဲ့ ကျောင်းဝတ်စုံ လေးကနှစ်တွေကြာလာတော့ အဆင်မပြေတဲ့ကျွန်တော့်ဘ၀လိုပါပဲဗျား ဒဏ်ရာဒဏ်ချက်အပြည့်နဲ့လှည့်ဝတ်စရာမကျန်အောင်ကို စုပ်ပြဲနေပါတယ် အဆင်မပြေတဲ့အမေ့ကိုလည်းအပူမကပ်ချင်အဖေ့ဆေးဖိုးတွေနဲ့ ရုံးနေရတဲ့အချိန်မှာ
    ကျွန်တော့်ဘ၀သည် ကျောင်းနေ့ လယ်စာအတွက် ဘဲဥတစ်ခြမ်းကကျွန်တော့်အတွက်တော့ လမင်းကြီးလိုရှေ့ဆက်ဖို့အင်အားတွေကိုမွေးဖွားပေးခဲ့ပါတယ် အဖေကဘာမှ အိမ်အတွက် မကူညီနိုင်တဲ့လူပိုဒုက္ခသယ်ကြီးပေါ့ ကျွန်တော်သည် ဆယ်တန်းကိုဆက်မဖြေတော့ပဲ
    ရန်ကုန်မြို့ကြီမှာ အလုပ်လုပ်ဖို့ရန်ထွက်လာပြီး မိဘတွေရဲ့ပုခုန်းပြောင်းတာဝန်ယူခဲ့တယ်ပညာရေးတစ်ပိုင်တစ်စနဲ့မို့အလုပ်ကသိပ်အဆင်မပြေပါဘူး ဒီတော့
    မော်လမြိုင်မြို့ကသူငယ်ချင် နဲ့ယိုဒယာကိုထွက်လာပါတော့တယ် ယိုဒယာက
    လုပ်ရသောငွေလေးနဲ့ အိမ်မှာကျန်ခဲ့တဲ့ အဖေဒုက္ခိတနဲ့အမေအို ရှိတဲ့ရွာကိုငွေလေးတွေပို့ရင်
    အဖေအမေ နေကောင်းပါစေလို့တောင်းဆုကလေးတွေနှင့် ပြန်ဆုံနိုင်မဲ့နေ့
    သစ်ကိုရိုးသားစွာကြိုးစားရင်းနဲ့ ဘ၀မုန်တိုင်းဆိုတဲ့ရင်တွင်ဖြစ်ရပ်မှန်လေးကိုတင်ပြလိုက်ပါတယ်.........
    အဖေအမေကလူဆင်ရဲ
    ရိုးသာစွာတောတက်လို့
    ထင်းခုတ်ရရှာ ရလာတဲ့ထင်းတစ်ချို့
    ညီမျှအောင်စည်း တစ်ရွာဝင်တစ်ရွာထွက်
    အော်ရောင်းတဲ့ထင်သယ်အမေ
    ပူကာနေ၀မ်းစာအေ၇းအတွက်
    ရုန်းကန်ရပေ ရရှိလာငွေတစ်ချို့
    ညနေစာ ဆန်ကလေး ပြေ၀ယ်ရပေ........။ ။
    ကိုဇော်
    No comments:
    Post a Comment
    😁😁😁