
ဘယ်လို အရည်အချင်းပဲဖြစ်ဖြစ် ကိုယ့် အရည်အချင်းကို ထုတ်လိုက်ရရင် လူဟာ ကျေနပ်မှုနည်းနည်းတော့ ရတာပဲ၊၊ ဒါပေမဲ့ ဒါဟာ လူတယောက်မှာရှိတဲ့ အမြင့်မားဆုံး အရည်အချင်းလားလို့ မေးရင် မဟုတ်သေးပါဘူး၊၊ ဒီအရည်အချင်းနဲ့ အလုပ်လုပ်လို့ သူ့အတွက် စားဝတ်နေရေး အဆင်ပြေဖို့ပါပဲ၊၊ သူ့ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေအတွက် အသုံးဝင်မဲ့ လမ်း၊ တံတားတို့ လုပ်ပေးရတဲ့အတွက် သူတို့စိတ်ထဲမှာ ကျေနပ်မှု ရမှာပါ၊၊ ဂုဏ်ယူမိမှာပါ၊၊ ဒီလိုပဲ တချို့ ဆရာဝန်ကြီးတွေဟာ ဆေးဝါးတွေ အများကြီး တီထွင်ပေးခဲ့တယ်၊၊ လူသားတွေ အကျိုးရှိတဲ့ ကိစ...္စတွေ လုပ်ခဲ့တဲ့အတွက် သူတို့ အင်မတန် ဂုဏ်ယူတယ်၊၊ စိတ်ချမ်းသာကြတယ်၊၊
♻♻♻
လူဟာ မိမိအကျိုး၊ အများအကျိုးကို များများ ဆောင်ရွှက်ရလေလေ စိတ်ပိုချမ်းသာလေလေပဲ၊၊ ဒါ သဘာဝပဲ၊၊ သို့သော် လူမှာ ဒီလောက်တင် မကဘူး၊ တခြားအရည်အချင်းတွေ အများကြီး ရှိသေးတယ်၊၊ အဲဒီ တခြားအရည်အချင်းတွေထဲက အမြင့်မားဆုံးကတော့ တရားကိုသိနိုင်တဲ့ အရည်အချင်းပဲ၊၊ ဒီ အမြင့်မားဆုံးဖြစ်တဲ့ တရားကိုသိနိုင်တဲ့ အရည်အချင်းကို လူတိုင်း လေ့ကျင့်ပြုစု ပျိုးထောင်သင့်တယ်၊၊
➖➖➖➖➖➖
ဆရာတော်ဦးဇောတိက
( မဟာမြိုင်တောရ ) ၏
“ ဘဝဆိုတဲ့ကျောင်း၊ အောင်မြင်သောဘဝ ” စာအုပ် စာမျက်နှာ(၅၃) မှ ကောက်နုတ်ဖော်ပြပါသည်၊၊
See Moreလူဟာ မိမိအကျိုး၊ အများအကျိုးကို များများ ဆောင်ရွှက်ရလေလေ စိတ်ပိုချမ်းသာလေလေပဲ၊၊ ဒါ သဘာဝပဲ၊၊ သို့သော် လူမှာ ဒီလောက်တင် မကဘူး၊ တခြားအရည်အချင်းတွေ အများကြီး ရှိသေးတယ်၊၊ အဲဒီ တခြားအရည်အချင်းတွေထဲက အမြင့်မားဆုံးကတော့ တရားကိုသိနိုင်တဲ့ အရည်အချင်းပဲ၊၊ ဒီ အမြင့်မားဆုံးဖြစ်တဲ့ တရားကိုသိနိုင်တဲ့ အရည်အချင်းကို လူတိုင်း လေ့ကျင့်ပြုစု ပျိုးထောင်သင့်တယ်၊၊
➖➖➖➖➖➖
ဆရာတော်ဦးဇောတိက
( မဟာမြိုင်တောရ ) ၏
“ ဘဝဆိုတဲ့ကျောင်း၊ အောင်မြင်သောဘဝ ” စာအုပ် စာမျက်နှာ(၅၃) မှ ကောက်နုတ်ဖော်ပြပါသည်၊၊

Myanmar Kyat Converter
No comments:
Post a Comment