{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Thursday, February 5, 2015

    🌳 တွေးမိတိုင်းပျော်တယ်၊၊ 🌳

    🌳 တွေးမိတိုင်းပျော်တယ်၊၊ 🌳

󾀼 ကျေးဇူးတင်တတ်တဲ့စိတ် 󾀼
   
󾁁󾁁󾁁
If the only prayer you ever say in your life is, "Thank you", it well be enough.
သင့်တစ်သက်တာလုံးမှာ သင့်ရဲ့တစ်ခုတည်းသော ဘုရားရှိခိုးဟာ 'ကျေးဇူးတင်ပါတယ်' ဆိုတဲ့ ဘုရားရှိခိုးဖြစ်ရင် အဲဒါဟာ လုံလောက်ပါပြီ။

󾁁󾁁󾁁
 ကျေးဇူးတင်နိုင်တဲ့စိတ်ဟာ ချမ်းသာတဲ့စိတ် ဖြစ်ပါတယ်။ ကျေးဇူးမတင်နိုင်တဲ့စိတ်ဟာ ဆင်းရဲတဲ့စိတ်၊ မွဲတဲ့စိတ် ဖြစ်ပါတယ်။

󾁁󾁁󾁁
ကျေးဇူးမသိတတ်တဲ့သူဟာ ဥာဏ်ပညာကြီးတဲ့သူ မဖြစ်နိုင်ဘူး။ လေးနက်တဲ့အသိဥာဏ် ရှိတဲ့သူ မဖြစ်နိုင်ဘူး။ စိတ်ချမ်းသာတဲ့သူ မဖြစ်နိုင်ဘူး။

󾁁󾁁󾁁
ကျေးဇူးမတင်တတ်တဲ့လူရဲ့ဘဝဟာ အဓိပ္ပာယ်မရှိဘူး။ ကျေးဇူးကို မသိတတ်ရင်
အဲဒီလူဟာ လူတောင် မပီသဘူးလို့ ပြောရမှာနော်။ ကျေးဇူးကို မသိတတ်တဲ့သူဟာ
အဆင့်အတန်းနိမ့်တဲ့သူပဲ။

󾁁󾁁󾁁
ကျေးဇူးတင်တဲ့စိတ်ဟာ အင်မတန် လှပတဲ့စိတ် ဖြစ်ပါတယ်။ အဆင့် အတန်း မြင့်တဲ့စိတ် ဖြစ်ပါတယ်။

󾁁󾁁󾁁
Gratefulness is heaven itself. "ကျေးဇူးတင်တဲ့စိတ်ဟာ သုခဘုံကြီးပါ။"
ကျေးဇူးတင်တတ်တဲ့စိတ်က သုခဘုံကြီးနဲ့ တူနေတယ်။ အင်မတန် ချမ်းသာတဲ့စိတ်
ဖြစ်တယ်။ ဒါကြောင့် ကျေးဇူးကို ရှာပြီးတော့ တင်တတ်ဖို့ လိုပါတယ်။ အမှန်တော့ တစ်ဦးပေါ်တစ်ဦး တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီးတော့ဖြစ်စေ၊ တစ်ဦးကျေးဇူး တစ်ဦးမှာ ဆိုတာ ရှိနေပါတယ်။ ရှိနေတာကို မြင်အောင် ကြည့်တတ်ဖို့ လိုတယ်၊၊ တချို့ကျေးဇူးတွေက အင်မတန်သိမ်မွေ့လို့ တော်တော်နဲ့ မမြင်နိုင်ဘူး။ အင်မတန် သဘောထားကြီးကြီးနဲ့ ဥာဏ်ကြီးကြီးနဲ့ ကြည့်မှ မြင်နိုင်တယ်။ ကြည့်တတ်ရင် ရန်သူတောင်မှ ကျေးဇူးရှိတယ်။ သူ့ကြောင့် ကိုယ့်မှာ အများကြီး
ရင့်ကျက်လာတယ်။ တိုးတက်လာတယ်။ ခံနိုင်ရည် ပိုရှိလာတယ်နော်။ အခက်အခဲတွေ ဒုက္ခတွေဟာ ကိုယ့်ကို ရင့်ကျက်အောင် လုပ်ပေးတယ်။ ကိုယ့်ကို
အပြစ်တင်တဲ့ ဝေဖန်တဲ့ လူကအစ အမှန်တော့ ကျေးဇူးရှင်ပါပဲ။ အကူအညီပေးတဲ့သူ ဆိုရင်တော့ အထူးပြောဖွယ် မရှိဘူး။ အင်မတန် ကျေးဇူးကြီးပါတယ်။

󾁁󾁁󾁁
တိုက်ရိုက်ဖြစ်ချင် ဖြစ်မယ်၊ သွယ်ဝိုက်တဲ့ နည်းနဲ့ ဖြစ်ချင်ဖြစ်မယ်။ အားလုံးဟာ ကျေးဇူးရှင်တွေပဲ။
အကယ်၍ ဒီကမ္ဘာမှာ လူတစ်ယောက်မှ မရှိရင် ကိုယ့်လောကဟာ ဘယ်လိုနေမယ်ထင်တုံး။
တော်တော် အဓိပ္ပာယ်မဲ့ သွားလိမ့်မယ်။ အဲဒီ meaning ကို ကိုယ်က တွေ့ဖို့လိုတာ။ ကိုယ်က မြင်အောင် ကြည့်တတ်ဖို့ လိုတယ်။ အဲသလို
ကြည့်တတ်ဖို့ဆိုတာ ကိုယ့်စိတ်က နူးညံ့မှု၊ အေးချမ်းမှု ရှိဖို့၊ sensitive ဖြစ်ဖို့ တော်တော် အရေးကြီးပါတယ်။ စိတ်တွေ အမြဲ ရှုပ်ထွေးနေတဲ့သူဟာ ဘာ meaning ဘာ အဓိပ္ပာယ်မှ မမြင်ရဘူး။ ဘယ်သူ့ကိုမှ ကျေးဇူးမတင်တတ်တော့ဘူး။

󾁁󾁁󾁁
အတ္တစွဲကြီးတဲ့သူ၊ မာနကြီးတဲ့သူဟာ ကျေးဇူးကို အသိအမှတ် မပြုချင်ဘူး၊၊ ကျေးဇူးကို အသိအမှတ် ပြုရတာကိုပဲ သူ့မှာ နိမ့်ကျသွားတယ်လို့ ခံစားရတယ်။ ဒါကြောင့် ကျေးဇူးကို ချေဖျက်တဲ့စကားမျိုး ပြောတဲ့အခါ အဲဒီစိတ်ကို၊ အဲဒီသဘောထားကို သေသေချာချာ မြင်အောင် ကြည့်ပါ။ မကြည့်ရင် အဲဒီစိတ်ကပဲ
မိမိရဲ့ မြင့်မြတ်မှုကို တားဆီးမယ်၊ ဖျက်ဆီးမယ်၊ မိတ်ဆွေကောင်း မရှိအောင် လုပ်မယ်။󾁎󾁎󾁎

      ➖➖➖󾭶󾁋󾁋󾭶➖➖➖

󾭩ဆရာတော်ဦးဇောတိက
( မဟာမြိုင်တောရ ) ၏
“ တွေးမိတိုင်းပျော်တယ် ” စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊󾭩

󾭚အများအတွက် အကျိုးရှိစေမဲ့ စာပေတွေကို Share လုပ် မျှဝေပေးခြင်းဟာ မေတ္တာတမျိုး၊ ကုသိုလ်တမျိုး ဖြစ်ပါတယ်၊၊󾭚

    ကျေးဇူးတင်တတ်တဲ့စိတ် 
     If the only prayer you ever say in your life is, "Thank you", it well be enough.
    သင့်တစ်သက်တာလုံးမှာ သင့်ရဲ့တစ်ခုတည်းသော ဘုရားရှိခိုးဟာ 'ကျေးဇူးတင်ပါတယ်' ဆိုတဲ့ ဘုရားရှိခိုးဖြစ်ရင် အဲဒါဟာ လုံလောက်ပါပြီ။


    ကျေးဇူးတင်နိုင်တဲ့စိတ်ဟာ ချမ်းသာတဲ့စိတ် ဖြစ်ပါတယ်။ ကျေးဇူးမတင်နိုင်တဲ့စိတ်ဟာ ဆင်းရဲတဲ့စိတ်၊ မွဲတဲ့စိတ် ဖြစ်ပါတယ်။

    ကျေးဇူးမသိတတ်တဲ့သူဟာ ဥာဏ်ပညာကြီးတဲ့သူ မဖြစ်နိုင်ဘူး။ လေးနက်တဲ့အသိဥာဏ် ရှိတဲ့သူ မဖြစ်နိုင်ဘူး။ စိတ်ချမ်းသာတဲ့သူ မဖြစ်နိုင်ဘူး။

    ကျေးဇူးမတင်တတ်တဲ့လူရဲ့ဘဝဟာ အဓိပ္ပာယ်မရှိဘူး။ ကျေးဇူးကို မသိတတ်ရင်
    အဲဒီလူဟာ လူတောင် မပီသဘူးလို့ ပြောရမှာနော်။ ကျေးဇူးကို မသိတတ်တဲ့သူဟာ
    အဆင့်အတန်းနိမ့်တဲ့သူပဲ။

    ကျေးဇူးတင်တဲ့စိတ်ဟာ အင်မတန် လှပတဲ့စိတ် ဖြစ်ပါတယ်။ အဆင့် အတန်း မြင့်တဲ့စိတ် ဖြစ်ပါတယ်။

    Gratefulness is heaven itself. "ကျေးဇူးတင်တဲ့စိတ်ဟာ သုခဘုံကြီးပါ။"
    ကျေးဇူးတင်တတ်တဲ့စိတ်က သုခဘုံကြီးနဲ့ တူနေတယ်။ အင်မတန် ချမ်းသာတဲ့စိတ်
    ဖြစ်တယ်။ ဒါကြောင့် ကျေးဇူးကို ရှာပြီးတော့ တင်တတ်ဖို့ လိုပါတယ်။ အမှန်တော့ တစ်ဦးပေါ်တစ်ဦး တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီးတော့ဖြစ်စေ၊ တစ်ဦးကျေးဇူး တစ်ဦးမှာ ဆိုတာ ရှိနေပါတယ်။ ရှိနေတာကို မြင်အောင် ကြည့်တတ်ဖို့ လိုတယ်၊၊ တချို့ကျေးဇူးတွေက အင်မတန်သိမ်မွေ့လို့ တော်တော်နဲ့ မမြင်နိုင်ဘူး။ အင်မတန် သဘောထားကြီးကြီးနဲ့ ဥာဏ်ကြီးကြီးနဲ့ ကြည့်မှ မြင်နိုင်တယ်။ ကြည့်တတ်ရင် ရန်သူတောင်မှ ကျေးဇူးရှိတယ်။ သူ့ကြောင့် ကိုယ့်မှာ အများကြီး
    ရင့်ကျက်လာတယ်။ တိုးတက်လာတယ်။ ခံနိုင်ရည် ပိုရှိလာတယ်နော်။ အခက်အခဲတွေ ဒုက္ခတွေဟာ ကိုယ့်ကို ရင့်ကျက်အောင် လုပ်ပေးတယ်။ ကိုယ့်ကို
    အပြစ်တင်တဲ့ ဝေဖန်တဲ့ လူကအစ အမှန်တော့ ကျေးဇူးရှင်ပါပဲ။ အကူအညီပေးတဲ့သူ ဆိုရင်တော့ အထူးပြောဖွယ် မရှိဘူး။ အင်မတန် ကျေးဇူးကြီးပါတယ်။

    တိုက်ရိုက်ဖြစ်ချင် ဖြစ်မယ်၊ သွယ်ဝိုက်တဲ့ နည်းနဲ့ ဖြစ်ချင်ဖြစ်မယ်။ အားလုံးဟာ ကျေးဇူးရှင်တွေပဲ။
    အကယ်၍ ဒီကမ္ဘာမှာ လူတစ်ယောက်မှ မရှိရင် ကိုယ့်လောကဟာ ဘယ်လိုနေမယ်ထင်တုံး။
    တော်တော် အဓိပ္ပာယ်မဲ့ သွားလိမ့်မယ်။ အဲဒီ meaning ကို ကိုယ်က တွေ့ဖို့လိုတာ။ ကိုယ်က မြင်အောင် ကြည့်တတ်ဖို့ လိုတယ်။ အဲသလို
    ကြည့်တတ်ဖို့ဆိုတာ ကိုယ့်စိတ်က နူးညံ့မှု၊ အေးချမ်းမှု ရှိဖို့၊ sensitive ဖြစ်ဖို့ တော်တော် အရေးကြီးပါတယ်။ စိတ်တွေ အမြဲ ရှုပ်ထွေးနေတဲ့သူဟာ ဘာ meaning ဘာ အဓိပ္ပာယ်မှ မမြင်ရဘူး။ ဘယ်သူ့ကိုမှ ကျေးဇူးမတင်တတ်တော့ဘူး။

    အတ္တစွဲကြီးတဲ့သူ၊ မာနကြီးတဲ့သူဟာ ကျေးဇူးကို အသိအမှတ် မပြုချင်ဘူး၊၊ ကျေးဇူးကို အသိအမှတ် ပြုရတာကိုပဲ သူ့မှာ နိမ့်ကျသွားတယ်လို့ ခံစားရတယ်။ ဒါကြောင့် ကျေးဇူးကို ချေဖျက်တဲ့စကားမျိုး ပြောတဲ့အခါ အဲဒီစိတ်ကို၊ အဲဒီသဘောထားကို သေသေချာချာ မြင်အောင် ကြည့်ပါ။ မကြည့်ရင် အဲဒီစိတ်ကပဲ
    မိမိရဲ့ မြင့်မြတ်မှုကို တားဆီးမယ်၊ ဖျက်ဆီးမယ်၊ မိတ်ဆွေကောင်း မရှိအောင် လုပ်မယ်။🌿🌿🌿
    ➖➖➖🍄🍄➖➖➖
    🌟ဆရာတော်ဦးဇောတိက
    ( မဟာမြိုင်တောရ ) ၏
    “ တွေးမိတိုင်းပျော်တယ် ” စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊🌟
    💥အများအတွက် အကျိုးရှိစေမဲ့ စာပေတွေကို Share လုပ် မျှဝေပေးခြင်းဟာ မေတ္တာတမျိုး၊ ကုသိုလ်တမျိုး ဖြစ်ပါတယ်၊၊💥
    See More

    No comments:

    Post a Comment

    😁😁😁