၁၉၃၆၊ တက္ကသိုလ် ဒုတိယသပိတ်ကြီး အပြီးမှာ နဂိုမူလ ကဒေါင်းအလံတွေနေရာမှာ ရဲရဲနီတဲ့ ခွပ်ဒေါင်းအလံတွေ အစားထိုး လွင့်ပျံလာခဲ့ပါ...ပြီ။
၃၆ သပိတ်ကြီးက မွေးမွားပေးခဲ့တဲ့ 'ဗကသ' ABSU ရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းက ခွပ်နေတဲ့ ဒေါင်းပုံ ရေးဆွဲပေးဖို့ တောင်းဆိုလို့ ကာတွန်း ဦးဘဂျမ်းက ခွပ်ဒေါင်းပုံ ရေးဆွဲပေးခဲ့တယ်လို့ ဆိုပါတယ်။
လွတ်လပ်ရေးကို 'က' ပြီးတော့ မယူဘူး။ 'ခွပ်' ပြီးတော့ ယူမယ်ဆိုတဲ့ ခွပ်ဒေါင်းစိတ်ဓာတ် အစဉ်အလာက အဲဒီအချိန်ကတည်းက စခဲ့တာပါ။
( ဦးအောင်ဝေး၏ မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှု သမိုင်း (ကိုဗဟိန်းမှသည် ကိုကျော်ကိုကို အထိ) RFA အသံလွှင့်ဆောင်းပါးမှ )

Myanmar Kyat Converter
No comments:
Post a Comment