U Zaw Tika added 3 new photos.
.............................................................................................
ဘန်ကော...က်မြို့  ကယ်ဆယ်ရေး ဦးဇောတိက အောင်သပြေကျောင်းဆောင် ဆရာတော် အထံ 3 . 2 .2015 အင်္ဂါနေ့ က စမူပကန်းခရိုင် ဘန်းဘီးမြို့နယ် ဆောက်လုပ်ရေး လုပ်ငန်းခွင်
အသေးစား ဆောက်လုပ်ရေးတခုတွင် အိပ်ဆောင်တွင်ကျန်ခဲ့ သော မြန်မာနိုင်ငံမှ မကြာမှီကမှ ရောက်ရှိလာသော လှသူဇာ အသက် ၁၅ နှစ်အရွယ် ထမင်းချက်ရန် အပေါ်က မီးကြိုးကို လှမ်းအယူ ဓါတ်လိုက်သွားပြီး ဆေးရုံအပို့  ကွယ်လွန်သွားပါသည်
ကွယ်လွန်သူမှာ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုပ်တွင်းမြို့ နယ် ကံကလေးပေါက်ကုန်းကျေးရွာကပြောပြီး ဆက်သွယ်လိုပါက ဖုန်း 087 532 9022 ကိုဆက်သွယ်နိုင်ပါသည်
တခါ ဒီမနက် 4 . 2 .2015 အခုလေးတင် ဆောက်လုပ်ရေး လုပ်ငန်းခွင် နေမကောင်းနေသော မြန်မာပြည်သားတယောက် ဆေးရုံကို ထိုင်းစကါးတတ် မြန်မာတဦးမှ တက္ကစီနဲ့ လိုက်အပို
့ လမ်းခုလပ်တွင် အိမ်သာတက်ချင်သည်ပြောနေသဖြင့် ဓါတ်ဆီဆိုင်ဝင်ပေးရာ အိမ်သာထဲတွင် အသက်ထွက်သွားသဖြင့်
အခု ဖလန်းဆောင်အနီး ဓါတ်ဆီဆိုင်တွင် သက်ဆိုင်ရာကို အကြောင်းကြားပြီး လိုက်ပါကူညီသူမှ သူလဲ သူတို့ အလုပ်ဆိုက်မှာ ကူညီမဲ့သူ မရှိလို့  လိုက်ကူညီတာသာဖြစ်ပြီး
သူ့ အကြောင်းသိနေသော သူ့ သူငယ်ချင်းကလဲ အလုပ်ပြောင်းသွားပြီဖြစ်သဖြင့် ပြောသံကြားအရ ထိုင်းမှာနေတာ အနှစ် ၂၀ နီးပါးရှိနေပြီး
ပါတ်စပို့လဲမလုပ် ပန်းရောင်ကဒ် နေထိုင်ခွင့်လက်မှတ်မှာ အမည် ဦးရဲထွန်း အသက် ၄၄ နှစ် မကွေး မြန်အောင်နယ်ကဟု အကျဉ်းသိရှိရကါ
ဝိုင်းဝန်းကူညီပေးနေသော ကိုခင်မောင်ဝင်း မှ ကူညီပေးပါရန် ဖုန်းဆက်လာသဖြင့် အသုဘစရိပ်များ ကူညီလှူ ဒါန်းပေးလိုသော စေတနာ၇ှင်များရှိမည်ဆိုပါက
အဖွဲ့ လိုက်ဖြစ်စေ တဦးချင်းဖြစ်စေ ကူညီ လှူ ဒါန်းပေးနိုင်ကြပါကြောင်း အသိပေး နှိုးဆော်တိုက်တွန်းအပ်ပါသည်
အသုဘတခုအတွက် ကုန်ကြစိပ်မှာ ဘတ် တသောင်းခွဲ ၀န်းကျင် ရှိပါသည် ။
ဒုတိယအသုဘ အတွက် ကူညီပေးနေသူ
ကိုခင်မောင်ဝင်း ဖုန်း 082 458 7990
ဦးဇောတိက ဘန်ကောက် အောင်သပြေ ဖုန်း 082 495 6289

Myanmar Kyat Converter
No comments:
Post a Comment