

NLDပါတီကိုအားမရဘူး၊၈၈တွေကိုအားမရဘူး၊ဇာဂနာကိုလဲအားမရဘူးဆိုတဲ့စကားသံတွေကို စစ်မှန်တဲ့ဒီမိုကရေစီ ရရှိရေးအတွက် တိုက်ပွဲအမျိုးမျိုး ဝင်နေတဲ့သူတွေကော မျှော်လင့်နေတြဲ့...ပည်သူတွေကြားမှာ တစ်ချို့အာမလိုအားမရဖြစ်ပြီးတစ်မျိုး ပြစ်တင်ရှုတ်ချပြီးတစ်မျိုး ပြောနေကြတာတွေကို တွေ့နေရပါတယ်၊၊


ကျွန်တော်တို့ဟာ အလွန်ညစ်ပတ်တဲ့ အစိုးရနဲ့တွေ့နေရတဲ့အတွက် နည်းလမ်းပေါင်းစုံနဲ့တိုက်ပွဲဝင်နေရပါတယ်၊၊
ဥပမာအားဖြင့်ဘာနဲ့တူသလဲဆိုတော့ နိုင်ငံတစ်ကာပြိုင်ပွဲဝင်နေရတဲ့ အားကစားပြိုင်ပွဲလို ဘောလုံးပြိုင်ပွဲ၊လက်ဝှေ့ပြိုင်ပွဲနဲ့အခြားအားကစားပြိုင်ပွဲတွေ ရှိမယ်ပေါ့ဗျာ၊၊
အားကစားသမားတွေကော ပရိတ်သတ်တွေကောက ကိုယ့်နိုင်ငံအသင်းကို နိုင်စေချင်တဲ့စိတ်နဲ့ အားပေးကြမှာပဲ၊၊
ဘောလုံးအားကစားမှာက ဒိုင်ဘယ်လောက်ညစ်ညစ် ဥပဒေပြင်ပကစားလို့မရဘူး ဥပဒေထဲကနေ ကိုယ်စွမ်းညဏ်စွမ်းရှိသရွေ့ ကြိုးစားကစားရတာဆိုတော့ လက်ဝှေ့ပွဲတစ်ပွဲလိုမျိုးထထိုးလို့လဲ ရတဲ့အမျိုးမဟုတ်ဘူး စိတ်မထိမ်းနိုင်လို့ပွဲကြမ်းမိလိုက်ရင် လူထုတ်ခံရမယ် အခန့်မသင့်ရင် ပြိုင်ပွဲကထုတ်ပယ်ခံရတဲ့အထိ ဖြစ်သွားနိုင်တယ်၊၊
အဲ့လိုဖြစ်သွားရင်ကိုယ့်နိုင်ငံအတွက်ပါဆုံးရှုံးရပါလိမ့်မယ်၊၊
အားကစားသမားတိုင်း အသင်းတိုင်း နိုင်ချင်စိတ်ရှိကြတာပဲ၊၊
တစ်ချို့ကစားသမားတွေဆိုအဝါကဒ်တွေ အထိခံထားရပါတယ်၊၊
အလွန်အရေးကြီးတဲ့ပွဲတွေမှာ ပရိတ်သတ်ကအရေးကြီးဆုံးပါပဲ၊၊
ပြိုင်ပွဲပေါင်းစုံအာကစားသမားတွေကို ပရိတ်သတ်အနေနဲ့ပွဲတိုင်းမလွတ်အားပေးပြီး ပြိုင်ပွဲကျင်းပရေးကော်မတီကို ဖိအားတွေပေးရပါမယ်၊၊
NLDပါတီအနေနဲ့ ပါတီဆိုဒ်ကသွားရတာဖြစ်ပြီး အလွန်ကောက်ကျစ်တဲ့အစိုးရနဲ့ ရင်ဆိုင်နေရတာဖြစ်တဲ့အတွက် လုပ်ရကိုင်ရခက်ခဲတဲ့ကြားက ရသလောက်စည်းဘောင်ထဲက လုပ်နေရတာဖြစ်ပါတယ်၊၊
၈၈တို့ကိုဇာဂနာတို့မှာလဲ ကြွေးကျန်ထောင် အနှစ်၆၀စီတွေနဲ့ အကျဉ်းအကျပ်ထဲက အလုပ်လုပ်နေကြရတာဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ နားလည်ပေးရပါလိမ့်မယ်၊၊
နိုင်ငံတစ်ကာမှာထင်ပေါ်ဖို့ရာအတွက်ကတော့ ကျွန်တော်တို့ဘောလုံးအသင်းဗိုလ်စွဲမှ ဖြစ်ပါလိမ့်မယ်၊၊
ပရိတ်သတ်အနေနဲ့ခြိမ့်ခြိမ့်သဲအားပေးသင့်ပါတယ်၊၊
ခုကန်နေတဲ့ ကျောင်းသားဒိုင်း လေးလဲ ကျွန်တော်တို့ပရိတ်သတ်တွေ ဝက်ဝက်ကွဲ အားပေးလိုက်ကြရအောင်ဗျာ၊၊
Oo Zaw Min added 5 new photos.

Myanmar Kyat Converter
No comments:
Post a Comment