{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Thursday, April 23, 2015

    ((((( - ပိုက္ဆံမရွိလို ့မလွဴ နိ ုင္ဘူးတဲ့လာ )))))

    ဦးမြင့်ခိုင်'s photo.
     

    ဘုရားရှင်ကို လှူ ချင်စိတ်ကလေးသာ
    ရှိခဲ့မယ်ဆိုရင်
    ...
    မိမိတို့ သောက်နေတဲ့ ရေအိုးထဲက ရေတ
    ခွက်လောက်ကို ရေစစ်ကလေးနဲ့ စစ်ပြီး
    ဘုရားရှင်ကို ကပ်လိုက်စမ်းပါ
    ပန်းလှူ ချင်လို့ ပန်းဖိုးမရှိလို့ စိတ်ညစ်နေ
    လား အနီးဆုံးသစ်ပင်ကပန်းအညွန့် 
    လေးတွေကိုသာ ခူးပြီး ရေစင်အောင်
    ဆေးကာ ဘုရားရှင်ကိုကပ်လိုက်စမ်းပါ
    အဲဒီလို လုပ်ဖို့  ထနေရတာကို ပင်ပမ်း
    တယ်လို့ ထင်နေသေးလား
    ဒါဖြင့်ရင် မထပါနဲ့ 
    ထိုင်လျှက်နဲ့ ပဲ မျက်လုံးလေးမှိတ်ပြီး
    သရဏဂုံသုံးပါး ဒါမှမဟုတ် အရဟံအစ
    ရှိတဲ့ဘုရားရှင်ဂုဏ်တော်ကိုးပါး (သို့ )
    တရားဂုဏ်တော် ခြေက်ပါး (သို့ )သံဃာ့
    ဂုဏ်တော်ကိုးပါးကိုသာ တိုးတိုးလေး
    ရွတ်ဆိုပြီး ကြည်ညိုနေလိုက်ပါ
    အဲဒါထက်ပိုပြီး ကုသိုလ်ပိုရချင်တယ်ဆို
    ရင် အသက်ရှူ နေတဲ့ ဝင်လေနဲ့ ထွက်လေ
    လေးကိုသာ ဝင်တိုင်းထွက်တိုင်းကို သတိ
    လေးကပ်ပြီး ရှူ့ မှတ်နေလိုက်စမ်းပါ
    ပိုက်ဆံမရှိပဲ လုပ်နိုင်တဲ့ အဲဒီကုသိုလ်
    တွေဟာ လူသာမန် နတ်သာမန်တွေ
    တောင်မလုပ်နိုင်ဘူးတဲ့
    ကမ္ဘာ့အချမ်းသာဆုံးဘီလ်ဂိတ်တို့  ဝါရင်း
    ဘတ်ဖတ်တို့ ထက်ကို လူဖြစ်ရကျိုးနပ်
    တယ်ဆိုတာ မိတ်ဆွေတို့  မယုံကြည်ဘူး
    ဆိုရင် မိတ်ဆွေတို့ ယုံကြည်လောက်တဲ့
    ဆရာတော်တပါးပါးကို မေးမြန်းကြည့်
    ကြစမ်းပါ
    ဗုဒ္ဓဝါဒဟာ ပိုက်ဆံမရှိလို့  ကုသိုလ်မရ
    နိုင်တဲ့ ဝါ ဒမျိုးမဟုတ်ဘူးဆိုတာကို
    သဘောပေါက်လာကြပါလိမ့်မယ်
    သစ်တခတ်လှူ လို့  ရေတခွက်လှူ လို့ 
    နတ်ပြည်ရောက်သွားတဲ့ နတ်သား
    နတ်သမီးတွေဟာ အများကြီးပါ....။
    ဦးမြင့်ခိုင်

    No comments:

    Post a Comment

    😁😁😁