{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Thursday, April 23, 2015

    (((((( အားကိုးမှားခဲ့တယ် )))))

    ဦးမြင့် ခိုင် စိတ်ပညာ's photo.
    ငါကတော့ ကိုးလလွယ် ဆယ်လဖွား စောင့်ရှောက်
    ပြီး အသက်နဲ့ ရင်းကာ မင်းတို့ ကို လူ့ ပြည်ကို...
    ပို့ ပေးခဲ့တယ်

    ကိုယ့်ထမင်းကိုယ်မစားနိုင်တဲ့အချိန် ၅ နှစ်လောက်ကို
    ထမင်းတွေဝါးကျွေး မစင်တွေ သုတ်ပေးနဲ့  မမောနိုင်မပမ်းနိုင်
    ပြုစုပျိုးထောင်ပေးခဲ့ရတယ်
    ပညာသင်ချိန်ရောက်တော့လည်း ၁၀ နှစ် ၁၅ နှစ်
    လောက်ကို ငွေကုန်ခံပြီး သင်ပေးခဲ့ရတယ်
    မင်းတို့ လေးတွေ လူ့ လောကမှာ အဆင့်အတန်း
    မြင့်မြင့်နေနိင် အောင်အောင်ဆိုတဲ့
    စေတနာလေးနဲ့ ပေါ့
    ပညာတွေစုံတော့လည်း ပြည်ပသွားချင်တယ်ဆို
    လို့  ရှိသမျှ ပေါင်နှံ အတိုးကြီးနဲ့  ပို့ ပေးခဲ့ရတယ်
    ပြည်ပမသွားချင်တဲ့သူတွေကိုလည်း မင်းတို့ အရွယ်ရောက်လို့  အိမ်ထောင်ကျတဲ့အခါ မျက်နှာ
    မငယ်ရအောင် ထိုက်သင့်သလို ခွဲဝေပေးလို့ 
    ငါတို့ မှာ အိုစာမင်းစာ ဆိုတာတောင် မရှိတော့
    ပါဘူး
    မင်းတို့ ဟော်တယ်မှာ စားသောက်နေချိန်တွေ
    မင်းတို့ သားသမီး လေးတွေနဲ့  စားချင်တာစား
    ပျော်ပါးနေချိန်မှာတော့
    ငါတို့ ဘဝတွေက မဝရေစာ နဲ့  စားချင်တာမစား
    ရပဲ ဖြတ်သန်းနေရတာ မင်းတို့ မသိကြဘူး
    မဟုတ်လား
    ဗုဒ္ဓက
    မိဘများ သားသမီးများဆီမှ မျော်လင့်ခြင်း
    ငါးမျိုးထဲမှာ ငါတို့ သားသမီးများသည် ငါတို့  အိုမင်းမစွမ်းဖြစ်ကြသော ငါတို့ အား ပြုစုလုပ်ကြွေး
    ကြလိမ့်မည်လို့  မိဘတွေနေရာက နေပြီး ဟော
    ကြားထားပေမဲ့ ငါတို့ ကို လုပ်ကြွေးပါဦးလို့ 
    ဘယ်နှစ်ခါများ တောင်းဆိုတာ ကြားဘူးလည်း
    မင်းတို့ ဘဝတွေကောင်းစားဖို့  ပေးဆပ်နေရတာနဲ့ တရားမရှာနိုင်ခဲ့ဘူး ရှာသမျှ ပစ္စည်းတွေလည်း
    မင်းတို့ ကြောင့်ပဲ ကုန်ခဲ့ရပြီ
    တရားဘာဝနာနဲ့  အေးအေးချမ်းချမ်းနေရမဲ့အချိန်
    ကျတော့ ငါတို့ မှာ စားစရာမရှိတော့ဘူး
    အခုတော့
    မင်းတို့ ယူတဲ့အတိုးတွေဆပ်ဖို့  ငါတို့ စားဝတ်နေ
    ရေးပြေလည်ဖို့ အတွက်
    ငါတို့  - - -
    ကိုယ့်သားသမီး မဟုတ်တဲ့သူတွေဆီမှာ
    လက်ဖြန့် နေကြရပြီ
    သားသမီးတာဝန် ကျေတာ မကျေတာ
    မင်းတို့ အလုပ်ပါ
    တို့ က မိဘဖြစ်မှတော့
    မိဘတာဝန် ကျေစေရပါမယ်
    သူများဆီ လက်ဖြန့် နေယင်းနဲ့ ပဲ
    အားတဲ့အချိန်တွေမှာ
    မင်းတို့ ကို မေတ္တာ ပို့ ပေးနေပါ့မယ်
    မေတ္တာပို့ ယင်းနဲ့ ပဲ
    မင်းတို့ အလှည့်ကျ ငါတို့ လို မဖြစ်ပါစေနဲ့ လို့ 
    ဆုလည်း တောင်းပေးနေပါ့မယ်
    မင်းတို့ ကို ယုံကြည်ခဲ့တဲ့
    ငါတို့ ရဲ့ အမှားတွေလို့ ပဲ
    သဘောထားပါတယ်လေ.........။
    ဦးမြင့် ခိုင် စိတ်ပညာ

    No comments:

    Post a Comment

    😁😁😁