{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Thursday, April 23, 2015

    *****ရသေ့ကြီး ဦးခန္တီရွတ်သော အလွန်အကျိုးပေးသည့် ဘုရားရှိခိုး*****

    Myanmar Web Media's photo.

    လာဒ်တိတ်နေသူများ ၊ ဈေးရောင်းမကောင်းသူများ ၊ အကြွေးမရသူများ ၊ အကြွေးမဆပ်နိုင်သူများ ၊ ငွေကြေး ...အခက်အခဲဖြစ်နေသူများ ၊
    အကြီးအကဲနဲ့ အဆင်မပြေသူများ ၊ အလုပ်အကိုင် တို့လို တန်းလန်း ဖြစ်နေသူများ ၊ လာဒ်ရွှင်ငွေဝင်လိုသူများ အတွက်

    အလွန်တရာမှ လာဒ်ရွှင်စေသော ရသေ့ကြီး ဦးခန္တီရွတ်သော ဂါထာကို
    လက်ဆောင်ပေးလိုက်ရပါတယ် ခင်ဗျာ....
    ကိုယ်တွေ့တစ်ခု ပြောပါရစေ... 2012.12.31 နေ့မှာ ငွေ ၆ သိန်း ပေးပါမယ် လို့ ကတိပြုခဲ့တာပါ.. 29.12.2012 နေ့မှာ လက်ထဲမှာ ငွေ ၄ သိန်းပဲ ရှိပါတယ်.. ၂ သိန်း လိုနေတယ်လေ.. ၂ သိန်းကို ၂ ရက် အတွင်းဘယ်လို ရှာရမလဲ.. စိတ်ပေါက်ပေါက် နဲ့ တီဗွီ ဖွင့်ကြည့်လိုက်တာ အဲဒီမှာ ဗန်မော် ဆရာတော် ဒေါက်တာ ကုမာရ ဘိဝံသ က MRTV 4 မှာ ရသေ့ကြီးဦးခန္တီအကြောင်း တရားဟောနေတာ နာ လိုက်ရပြီး အဲဒီလာဒ်ရွင်စေတဲ့ ဂါထားကို အားတိုင်း ရွတ် မနက် ၄၅ မိနစ် ၊ ည ၄၅ မိနစ် ရွတ်လိုက်တာ 31.12.2012 နေ့လည် 2း00 နာရီမှာ
    ဟောခန်းမှာ ဗေဒင်ဟောနေရင် ဖုန်းဝင်လာတယ်..ကံစမ်းမဲပေါက်တယ်တဲ့
    ၂ သိန်းရမှာတဲ့......ဟိုက်ရှားပါး.... လန်းသွားပါတယ်.....
    ကတိ အတိုင်း ပေးနိုင်ခဲ့ပါတယ်....ကိုယ်တွေ့ပါဗျာ..
    အဲဒါနဲ့ သူငယ်ချင်းဗေဒင်ဆရာတစ်ယောက်ကို ဖုန်းဆက်ပြီး ပြောပြတာ သူက ပြန်ပြောတယ်.. ငါလည်း အဲဒါ ရွတ်တာ ဒီမနက်ပဲ အိမ်ဝိုင်းရောင်းထွက် လို့ ဆိုပြီး ၂ သိန်း လာကန်တော့သွားတယ်တဲ့.... ..တော်တော်ထူးတဲ့ ဂါထားပါပဲဗျာ
    ငွေကြေးအခက်ခဲ ရှိတဲ့ မိတ်ဆွေများ လည်း မနက် ၄၅ မိနစ် ည ၄၅ မိနစ် ရွတ်ကြည့်ပါလာဗျာ....ဘာ ခက်တာ မှတ်လို့ ...
    ဒေါက်တာ ကုမာရ ဘိဝံသ(ဗန်းမော်ဆရာတော်) ချီးမြှင့်တော်မူသော ရသေ့ကြီး ဦးခန္တီ၏ဂါထာတော်။
    အရဟံ၊ ဗဟိ-အန္တ-ဇယံ၊ သုဂတံ၊
    အမိတံ၊ ၀ိရဇံ၊ လလိတံ၊ အတုလံ၊
    စရဏံ၊ တိ-ဘ၀ူပ-သမံ၊ ယမကံ၊
    သုခံ ဒံ ၊ သရဏံ ၊ ပဏာ မာမိ ဇိနံ။
    (အနက်ကို ရွတ်ဆိုရန်မလိုပါ..အဓိပ္ပါယ် သိရန် ရေးပေးတာပါ...
    အထက်ပါ ဂါထာကို သာရွတ်ပါ။)
    ၁။ အရဟံ - ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။
    ၂။ ဗဟိ-အန္တ-ဇယ - အတွင်း-အပ ရန်ကို အောင်တော်မူသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။
    ၃။ သုဂတံ - ကောင်းသောစကားကို ဟောပြောတတ်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။
    ၄။ အမိတံ - မနှိုင်းယှဉ်နိုင်သည့် တန်ခိုးဗျာဋိဟာရှိသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။
    ၅။ ၀ိရဇံ - ကိလေသာမြူ ကင်းတော်မူသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။
    ၆။ လလိတံ - တင့်တယ် သပ္ပါယ်တော်မူသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။
    ၇။ အတုလံ - အတုမရှိသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။
    ၈။ စရဏံ - အကျင့်စရဏနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။
    ၉။ တိ-ဘ၀ူပ-သမံ - ဘုံသုံးပါး၌ ကိလေသာငြိမ်းအေးသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။
    ၁၀။ ယမကံ - ရေမီးအစုံအစုံ တန်ခိုးဗျာဋိဟာနှင့် ပြည့်စုံသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။
    ၁၁။ သုခဒံ - ချမ်းသာကို ပေးစွမ်းနိုင်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။
    ၁၂။ သရဏံ - ကိုးကွယ်အားထားရာဖြစ်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။
    ၁၃။ ဇိနံ - မာန်ငါးပါးကိုအောင်မြင်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။
    လိုသလောက် မရပေမဲ့ လုပ်သလောက်တော့ ရပါတယ်.... ခင်ဗျာ......
    Credit to - အနှိုင်းမဲ့ရင်ခွင်
    မှတ်ချက်
    ဘုရားဟောထားပါတယ် အောင်မြင်ရေးအတွက် ကံ ညဏ် ဝိရိယ သုံးပါးလုံးပြည့်စုံဖို့လိုပါတယ် ဂါထာတော်များရွတ်ဆိုပွါးများခြင်းဟာ ကံအတွက်အထောက်အပံ့ဖြစ်စေပါတယ် ညဏ်နဲ့ဝီရိယ ကတော့ မိမိ(ကာယကံရှင်) အပေါ်မှာသာ မူတည်ပါတယ်
    အောင်မြင်ကြပါစေ ကျေးဇူးတင်ပါတယ် ခင်ဗျာ

    No comments:

    Post a Comment

    😁😁😁