{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Thursday, April 23, 2015

    (((((( သရုပ်ဆောင် ))))))

    ဦးမြင့်ခိုင်'s photo.
     
    ဒါရိုက်တာ တစ်ယောက်ရိုက်တဲ့ ဇာတ်ကားကြီးတကားရှိတယ်
    ...
    သရုပ်ဆောင်တွေများ ပီပြင်လိုက်တာ
    မပြောပါနဲ့ တော့
    ဆင်းရဲသားအခန်းကသရုပ်ဆောင်တဲ့သူ
    တွေကလည်း သဘာဝကျလိုက်တာများ
    သူတို့ တွေသရုပ်ဆောင်နေရတယ်ဆိုတာ
    ကိုမေ့နေပြီး ဘယ်တော့မှ မချမ်းသာတော့
    မဲ့ စရိုက်လက္ခဏာတွေနဲ့  မျက်ရည်ရွဲလွဲနဲ့ 
    သရုပ်ဆောင်နေကြတယ်
    အရာရှိ ကြီးတွေ သူဌေးကြီးတွေ ကလည်း
    သူတို့ ကျရာအခန်းကနေ မာန်မာနတွေ
    အတ္တတွေ ကြီးစွာနဲ့  သရုပ်ဆောင်နေကြတာများ ဘယ်တော့
    မှမဆင်းရဲတော့ဘူးဆိုတဲ့ အသွင်သဏ္ဌာန်
    တွေနဲ့ 
    သဘာဝကျလိုက်တာ မပြောပါနဲ့ တော့
    ဆင်းရဲသားတွေရော သူဌေးကြီးတွေရော သူတို့ သရုပ်ဆောင်
    နေကြရတယ်ဆိုတာကို သတိမယကြဘူ်း
    အချိန်တန်ရင် ဇာတ်ကားကြီးပြည်ဖုံးကား
    ချရမယ်ဆိုတာကို မေ့နေကြတယ်
    ထုတ်လုပ်သူက
    ကို အဝိဇ္ဇာ နဲ့  ကိုတဏှာ တဲ့
    အဲဒီဇာတ်ကားကြီးရဲ့အမည်က
    အယူမှားကြသူများ တဲ့
    သရုပ်ဆောင်တွေက
    ကိုလောဘ
    ကိုဒေါသ
    ကိုမောဟ တဲ့
    ဇာတ်ညွန်းရေးဆရာက
    ကို စေတနာ တဲ့
    ဒါရိုက်တာရဲ့အမည်က
    ဦး ကံ တဲ့
    ကြည့် ကြည့်ကြပါလား
    တော်တော်ကောင်းတဲ့ ဇာတ်ကားကြီး
    သရုပ်ဆောင်တဲ့သူတွေများ
    သဘာဝကျလွန်းလို့ 
    အော်စကာဆု ရသင့်တယ်
    ဦးမြင့်ခိုင်

    No comments:

    Post a Comment

    😁😁😁