{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Thursday, April 23, 2015

    “မြင့်မြတ်မှု ပျောက်ဆုံးနေခြင်း”

    LIFE's photo.
     

    🌍နည်းနည်းလေးဖြစ်ဖြစ် စိတ်ထဲမှာ စိတ်ညစ်တယ် စိတ်ဓာတ်ကျတယ်ဆိုတဲ့ ခံစားမှုမျိုး ဖြစ်လာပြီဆိုရင် ငါဟာ ရင့်ကျက်တဲ့စိတ်ထား၊ ရင့်ကျက်...တဲ့အသိဥာဏ်၊ မြင့်မြတ်တဲ့စိတ်ထား၊ မြင့်မြတ်တဲ့အသိဥာဏ်ကို ရအောင်လုပ်ဖို့ အချိန်တန်ပြီလို့ ကိုယ့်ကိုယ်ကို သတိပေးဖို့ လိုတယ်နော်၊၊ အဲဒါက စောစောလုပ်နိုင်လေ ကောင်းလေပဲ၊၊🌍
    ရုပ်တရား နာမ်တရားတွေရဲ့ မမြဲခြင်း၊
    စိတ်ချမ်းသာမှု အပြည့်အဝ မပေးနိုင်ခြင်း၊
    ကျေနပ်မှု မရနိုင်ခြင်း၊ လုပ်တိုင်း မဖြစ်ခြင်း၊
    အကြောင်းရှိမှ ဖြစ်ပေါ်ခြင်း၊ ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ခြင်း၊ အဲဒီလိုအမှန်တရားတွေကို နက်နက်နဲနဲ မသိလို့ရှိရင် အဲဒါ “မြင့်မြတ်မှု ပျောက်ဆုံးနေပြီ၊ အမှန်တရားနဲ့ ကင်းကွာနေပြီ” လို့ ပြောလို့ရတယ်၊၊
    ပစ္စည်းဥစ္စာတွေ ဘယ်လောက်ပဲ ရှိနေရှိနေ ရာထူးတွေ ဘယ်လောက်ပဲ ကြီးနေကြီးနေ ကိုယ့်စိတ်ထဲမှာ မြင့်မြတ်မှုဆိုတဲ့သဘာဝ ပျောက်သွားပြီဆိုရင် အဲဒီလူဟာ ဘယ်တော့မှ တကယ်ပျော်တဲ့သူ မဖြစ်နိုင်တော့ဘူး၊၊
    ပိုက်ဆံချမ်းသာရုံနဲ့၊ ရာထူးအာဏာရှိရုံနဲ့၊ ကျော်ကြားရုံနဲ့ ကိုယ့်ကို ချစ်တဲ့ခင်တဲ့လူတွေ များနေရုံနဲ့လည်း စိတ်ချမ်းသာမယ်လို့ မထင်နဲ့၊ မရသေးဘူး၊၊ ကိုယ့်ရင်ထဲမှာ မြင့်မြတ်တဲ့စိတ်ထား၊ မြင့်မြတ်တဲ့အသိဥာဏ်၊ ရင့်ကျက်တဲ့စိတ်ထား၊ ရင့်ကျက်တဲ့အသိဥာဏ် ရှိဖို့ လိုသေးတယ်၊၊ စိတ်ချမ်းသာမှုအစစ်ကို အပြင်ကနေ မရနိုင်ဘူး၊၊
    အပျော်ဆုံးလူဆိုတာ ကိုယ့်ရဲ့ အကောင်းဆုံးစိတ်ထား အမြင့်မြတ်ဆုံးစိတ်ထား၊ ကိုယ့်ရဲ့ အကောင်းဆုံးအသိဥာဏ် အမြင့်မြတ်ဆုံးအသိဥာဏ်ကို ဖြစ်ပေါ်လာအောင် ဖေါ်နိုင်တဲ့သူ၊ ကြိုးစားနိုင်တဲ့လူမှသာ အပျော်ဆုံးလူ ဖြစ်တယ်
    🎂May your world always be as beautiful as you make it for others.🎂
    "သူတပါးအတွက် လောကကို လှပအောင် လုပ်ပေးနိုင်သလောက် သင့်လောကလည်း အစဉ်အမြဲ လှပပါစေ။"
    ဆရာတော်ဦးဇောတိက
    🔺 ( မဟာမြိုင်တောရ ) 🔺

    📘 “မြင့်မြတ်မှု ပျောက်ဆုံးနေခြင်း” 📘
    စာအုပ်မှ ကောက်နုတ် ဖော်ပြပါသည်၊၊

    No comments:

    Post a Comment

    😁😁😁