{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Wednesday, May 13, 2015

    ***ဒီနိုင်ငံလား***

    ဒီနိုင်ငံလား !
    ဘက်စ်ကားသမားတွေက
    နေ့လည်ချိန်ဆို သဘောကောင်းပြီး
    ရုံးဆင်းရုံးတက်ချိန်ဆို ဖင်ခေါင်းကျယ်တဲ့ နိုင်ငံ
    ...
    ဈေးသည်က
    ဈေးကွဲချိန်ဆို အလေးပိုပြီး
    ဈေးစည်ချိန်ကျ အလေးခိုးတဲ့ နိုင်ငံ
    အမှိုက်လှည်းက
    ပိုက်ဆံနည်းတဲ့အိမ်ရှေ့တိတ်တိတ်သွားပြီး
    ပိုက်ဆံပေးတဲ့အိမ်ရှေ့ ကလိုင်အကျယ်ကြီးခေါက်တဲ့နိုင်ငံ
    သူဌေးက
    အချိန်ပိုဆင်းဖို့ကို အပြောချိုပြီး
    လခတိုးပေးဖို့ကျ ခက်ထန်နေတဲ့နိုင်ငံ
    ဘက်စ်ကားပေါ်မှာ
    အိုင်ဖုန်းကိုင်တဲ့သူကို အထင်ကြီး
    ဟွဝေးကိုင်တဲ့သူက မျက်နှာငယ်ရတဲ့နိုင်ငံ
    ကျောင်းတွေမှာ
    စာတော်တဲ့သူတွေကို အရေးပေးပြီး
    စာညံ့တဲ့သူကို ဘာကြောင့်ညံ့သလဲလို့အဖြေမရှာကြတဲ့နိုင်ငံ
    ရပ်ကွက်မှာ
    အရက်တိုက်တဲ့သူက လူချစ်လူခင်ပေါပြီး
    ပရဟိတသမားကို လူမုန်းများတဲ့နိုင်ငံ
    လွှတ်တော်မှာ
    အိပ်ငိုက်တဲ့သူက လခတက်ပြီး
    လက်လုပ်လက်စားပြည်သူက ငတ်ပြတ်နေတဲ့နိုင်ငံ
    အာဏာရှင်ဗိုလ်ချုပ်တွေ နာမည်ရဖို့
    အောက်ခြေစစ်သားစစ်ဗိုလ်တွေ အသေခံနေရတဲ့နိုင်ငံ
    စ'တက်တုန်းက အပြောချိုပြီး
    နေရာခိုင်မှ လုပ်ချင်ရာလုပ်တဲ့နိုင်ငံ
    မြေကွက်ဆိုတာ စည်ပင်ပါးစပ်မှာရှိပြီး
    ဘိုးဘွားပိုင်က ကျူးကျော်ဖြစ်စေတဲ့နိုင်ငံ
    ဆင်းရဲတာ အလုပ်မလုပ်လို့
    ချမ်းသာတာ အတိတ်ကံကောင်းလို့လို့
    ရှာကြံဖြည့်တွေးနေကြရတဲ့နိုင်ငံ
    လမ်းလည်ခေါင် ခါးထောက်ရပ်ပြီး
    လမ်းလူမိုက်ကွလို့
    မယောင်ရာဆီလူးနေတဲ့ နိုင်ငံ
    ရပ်ကွက်လူကြီးက ဟောက်စား
    ရာအိမ်မှူးက ဖြဲစား
    ဆယ်အိမ်မှူးက ဟောက်ဖြဲစား နိုင်ငံ
    လူကြီးက အမြဲမှန်ပြီး
    လူငယ်က အမြဲမှားတယ်လို့ပြောကြတဲ့နိုင်ငံ
    အထက်က လူတွေက ဒူးနှံ့ပြီး
    အောက်ကလူတွေက စားခွက်လုနေရတဲ့နိုင်ငံ
    ဒီနိုင်ငံလား !
    သမ္မတ အစ
    အလုပ်သူဌေး အလည်
    ဘက်စ်ကားသမား အဆုံး
    အားလုံးကိုပြည်သူက ဖင်တုန်အောင်ကြောက်နေရတဲ့နိုင်ငံ ။
    Ulay Kyi ( ကို လင်း )

    No comments:

    Post a Comment

    😁😁😁