
ဒီ post လေး ကို လည်း ကျော် မ သွား ဘဲ
share ပေး ခြင်း ဖြင့် ပ ညာ ဒါ န ကု သိုလ်
ပြု ပေး ကြ ပါ ဦး

ကျွန်တော် အလှူခံပါရစေခင်ဗျာ
ကျွန်တော်တို့ရဲ့ အနာဂါတ်
မျိုးဆက်သစ်တွေအတွက် အလှူခံပါရစေ
နေရောင်အောက်က အရိပ်မဲ့ ပန်းလေးတွေ
ရွှေရည်လောင်းနိုင်ဖို့ အလှူခံပါရစေ

နောက်လဆိုရင် ကျောင်းတွေ
ပြန်ဖွင့်ပါတော့မယ် ကျောင်းဖွင့်လို့မှ
ဘာပုံနှိပ်နဲ့ စာသင်ရမှန်းမသိတဲ့
ကလေးတွေအတွက် ကျွန်တော်အလှူခံပါရစေ

ကျောင်းဖွင့်လို့မှ ဘယ်လွယ်အိတ်
ဘယ်စာအုပ် ဘယ်ခဲတံ ဘယ်ဖိနပ် ဘယ်ထီး နဲ့
ဘယ်လိုကျောင်းတက်ရမှန်းမသိတဲ့
ဘဝလေးတွေအတွက် ကျွန်တော် အလှူခံပါရစေ

ကျောင်းမတက်ခင် မနက်စောစောမှာ
ပန်းရောင်းလိုက် ဈေးရောင်းလိုက်
ကျောင်းတက်ခါနီးမှ
မနက်စာတောင်မစားရဘဲ
ကျောင်းအပြေးအလွှားသွားတက်ရတဲ့ ဘဝတွေအတွက်
ကျွန်တော် အလှူခံပါရစေ

ကျောင်းဆင်းလို့ အိမ်ပြန်ရောက်ရင်
လွယ်အိတ်ပစ်ချ သူများတွေလို ကစားဖို့မဟုတ်ဘဲ
ညနေစာအတွက် မိဘနဲ့အတူ
လှုပ်ရှားရုန်းကန်နေရတဲ့ ဘဝ ဘဝ ပေါင်းများစွာ
ပညာလိုချင်ပေမဲ့ ပညာသင်ဖို့

အလှမ်းဝေးနေရတဲ့ ဘဝပေါင်းများစွာ
ခဲတံတစ်ချောင်းကို အလယ်ကဖြတ်
နှစ်ယောက်မျှသုံးနေရတဲ့ ဘဝတွေရှိတယ် ဆိုရင်
ပုံနှိပ်စာအုပ် စုတ်စုတ်ပြတ်ပြတ်တစ်အုပ်ကို နှစ်ယောက်
သုံးယောက် မျှသုံးနေရတဲ့ ဘဝတွေ ရှိတယ်ဆိုရင်
ကျောင်းတက်ချိန်အမီ ထမင်းမကျက်လို့
ကျောင်းမတက်နိုင်ဘဲ
တစ်နှစ်ပြီး တစ်နှစ် ပညာရေးနောက်ကျနေတဲ့
ဘဝတွေ ရှိတယ်ဆိုရင်
မိဘက ပညာရေးအတွက် ဂရုမစိုက်နိုင်ဘဲ
ထမင်းမငတ်အောင် လောကဓံနဲ့ နပန်းလုံးနေရချိန်မှာ
သူတို့သားသမီးတွေကို ထမင်းလည်းကျွေး
ပညာလည်းသင် ဘဝခွန်အားတွေပေးနေတဲ့
ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ
ရှိနေတယ်ဆိုရင်
ကျွန်တော့ မိတ်ဆွေတွေ သူငယ်ချင်းတွေ
ယုံနိုင်ပါ့မလားခင်ဗျာ
ရှိနေပါတယ်
ကျွန်တော်တို့ သတိမထားမိတဲ့
ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ
ဒီလို ဘဝခါးခါးတွေ ရှိနေပါတယ်
ဒီလိုဘဝတွေကို ကယ်တင်နေတဲ့
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေရှိနေပါတယ်
မိတ်ဆွေ
မကြာခင်မှာ ကျောင်းတွေဖွင့်ပါတော့မယ်
ကျွန်တော်တို့တွေ ဒီလိုဘဝတွေ
ဒီလိုကျောင်းတွေအတွက် ဘာတွေများ
ကူညီဖေးမနိုင်ပါမလည်း
စဉ်းစားကြည့်ကြရအောင်ပါခင်ဗျာ
ကျောင်းတက်တော့မယ် ဘယ်မှာလည်း
အဖြူအစိမ်း လွယ်အိတ် ထီး မိုးကာ ဖိနပ်
ကျောင်းရောက်ပြီ ဘယ်မှာလည်း
ပုံနှိပ်စာအုပ်စာအုပ် ဗလာစာအုပ် စာရေးကိရိယာ
တတ်နိုင်တဲ့သူတွေ အဖြူအစိမ်း လွယ်အိတ်
အသစ်ကလေးတွေနဲ့ တက်နေကြချိန်
အရင်နှစ်က ခပ်နွမ်းနွမ်းအဝတ်ကလေး
လွယ်အိတ်စုတ်စုတ်ကလေးနဲ့ ငေးကြည့်နေရတဲ့
မျက်ရည်အပြည့်နဲ့ ကလေးတွေ ကျွန်တော်ကိုယ်တိုင်မြင်ဖူးပါရဲ့
တတ်နိုင်တဲ့သူတွေ ပုံနှိပ်စာအုပ်
အသစ်တွေကို သုံးနေတာကို ကြည့်ပြီး
အရင်နှစ်က သူများက ပေးထားတဲ့
ပုံနှိပ်စုတ်စုတ်ကလေးတွေကို
သုံးနေရတဲ့ကလေးတွေ ထောင်သောင်းမကပါ
၅၀၀ ၁၀၀၀ ပဲရှိပါတယ်
ဘာမဝယ်နိုင်စရာရှိလို့လည်းလို့ ပြောကြပါလိမ့်မယ်
မိသားစုများလို့ ဆန်မဝယ်နိုင်လို့
ဆန်ကွဲသာသာကို ဝယ်ပြီး ချက်စားနေရတဲ့ဘဝတွေ
ကလေးကို ကျောင်းမုန့်ဖိုး ၅၀ လောက်တောင်
မပေးနိုင်လို့ စိတ်ညစ်နေရတဲ့
မိသားစုတွေ မမြင်ချင်မှ အဆုံးပါပဲ
ဒီလို ဒီလို ဘဝလေးတွေကို မြင်ပြီးတိုင်း
ကျွန်တော်ရော မိသားစုဝင်တွေရော
စိတ်ထဲမှာ သူတို့အတွက် ဘာလုပ်ပေးနိုင်မလည်း
လူတိုင်း လူတိုင်း ဟာ
ဘဝအဆက်ဆက်က ဆွေမျိုးတွေပါပဲ
ဒီတော့ ငါတို့ ဆွေမျိုးတွေအတွက်
ငါတို့ ဘာလုပ်ပေးနိုင်မလည်း
စဉ်းစားကြည့်မိ တိုင်ပင်ကြည့်မိတဲ့အခါ
ကျွန်တော်တို့တွေ ပုံနှိပ်စာအုပ်
စာရေးကိရိယာတွေ မိုးကာလေးတွေ
လွယ်အိတ်ကလေးတွေ
အဖြူအစိမ်းလေးတွေ လှူဖို့ စဉ်းစားမိကြပါတယ်
ဒီလိုနဲ့ ၂၀၁၁ ခုနှစ်မှာ
ကျွန်တော်တို့ ပရဟိတ မိသားစု ပြည် က
ပြည်မြို့ပေါ်က ဘကကျောင်း ၁၀ ကျောင်းအတွက်
ပုံနှိပ်စာအုပ်တွေကို ပထမအကြိမ်
အောင်အောင်မြင်မြင် ကြည်နူးပီတိဖြစ်စွာ
လှူဒါန်းနိုင်ခဲ့ပါတယ်
၂၀၁၂ ခုနှစ်မှာ
ပြည်မြို့ရော ပေါက်ခေါင်းမြို့ ပန်းတောင်းမြို့က
ဘကကျောင်းတွေအတွက်ပါ
ပိုပြီး လှူဒါန်းနိုင်ခဲ့ပါတယ်
ဒီနှစ် ၂၀၁၅ ခုနှစ်မှာတော့
ပြည်မြို့က ဘကကျောင်း ၃ ကျောင်း
ပေါက်ခေါင်းက ဘကကျောင်း ၇ ကျောင်း
ပန်းတောင်းက ဘကကျောင်း ၃ ကျောင်း
ပဲ ခူး ရိုး မ က စာ သင် ကျောင်း ၇ ကျောင်း
ကျောင်းသား ၁၅၀၀ ကျော်အတွက်
ပုံနှိပ်စာအုပ်အပြင်
စာရေးကိရိယာနဲ့ မိုးကာလေးတွေ လှူဖို့ စီစဉ်ထားပါတယ်ခင်ဗျာ
ဒါကြောင့် ကျွန်တော် အလှူခံပါရစေခင်ဗျာ
ကျွန်တော်တို့ရဲ့ အနာဂါတ်
ပန်းလေးများအတွက်
မေတ္တာနေခြည်အောက်မှာ ရွှေရည်လောင်းပေးနိုင်ဖို့
ပါဝင်လှူဒါန်းနိုင်ဖို့ အလှူခံပါတယ်ခင်ဗျာ
စာရေးကိရိယာတွေအတွက်
ဗလာစာအုပ် ခဲတံ ခဲဖျက်
ခဲချွန်စက် ဘောပင် ပေတံ တို့ကို
လှူဒါန်းနိုင်ဖို့ အလှူခံပါတယ်ခင်ဗျာ
မိုးတွင်းမှာ ထီးထက်စာရင် မိုးကာလေးတွေက
သူတို့အတွက် ပိုပြီး လုံလုံခြုံခြုံဖြစ်မှာမို့
မိုးကာလေးတွေကိုလည်း အလှူခံပါတယ်ခင်ဗျာ
အခု ကျွန်တော်တင်မဲ့ပုံလေးတွေက
ကျွန်တော်တို့တွေ လှူဒါန်းမဲ့ ဘကကျောင်းတွေကို
မိုးတွင်းမှာဘယ်လိုခက်ခက်ခဲခဲသွားရတယ်
ကျောင်းတွေ ဘယ်လိုချို့တဲ့တယ်
ပုံနှိပ်စာအုပ်တွေကို
ဘယ်လိုခက်ခက်ခဲခဲသုံးနေရတယ်ဆိုတာတွေကို
သိစေချင်တဲ့အတွက် ကြောင့်ပါခင်ဗျာ
ကျွန်တော်ရေထားတဲ့ အလှူခံ
နှိုးဆော်လွှာလေးကို ဖတ်မိလို့
လှူချင်စိတ်ပေါ်လာလို့
လှူဒါန်းလိုပါတယ်ဆိုရင်
ဒေါက်တာ ဝဏ္ဏဝင်း ၀၉၅၃၆၈၄၆၁
၇/ပမန နိုင် ၁၁၉၉၅၉
ပြည် ရိုး မ ဘဏ်
ကိုဝင်းထွန်းဆင့် စင်ကာပူတာဝန်ခံ
+65 8722 6714
POSB Saving 175-43771-1
သို့ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း
ပရဟိတ မိသားစု ပြည် မှ copy
ကျွန်တော်တို့ရဲ့ အနာဂါတ်
မျိုးဆက်သစ်တွေအတွက် အလှူခံပါရစေ
နေရောင်အောက်က အရိပ်မဲ့ ပန်းလေးတွေ
ရွှေရည်လောင်းနိုင်ဖို့ အလှူခံပါရစေ

နောက်လဆိုရင် ကျောင်းတွေ
ပြန်ဖွင့်ပါတော့မယ် ကျောင်းဖွင့်လို့မှ
ဘာပုံနှိပ်နဲ့ စာသင်ရမှန်းမသိတဲ့
ကလေးတွေအတွက် ကျွန်တော်အလှူခံပါရစေ

ကျောင်းဖွင့်လို့မှ ဘယ်လွယ်အိတ်
ဘယ်စာအုပ် ဘယ်ခဲတံ ဘယ်ဖိနပ် ဘယ်ထီး နဲ့
ဘယ်လိုကျောင်းတက်ရမှန်းမသိတဲ့
ဘဝလေးတွေအတွက် ကျွန်တော် အလှူခံပါရစေ

ကျောင်းမတက်ခင် မနက်စောစောမှာ
ပန်းရောင်းလိုက် ဈေးရောင်းလိုက်
ကျောင်းတက်ခါနီးမှ
မနက်စာတောင်မစားရဘဲ
ကျောင်းအပြေးအလွှားသွားတက်ရတဲ့ ဘဝတွေအတွက်
ကျွန်တော် အလှူခံပါရစေ

ကျောင်းဆင်းလို့ အိမ်ပြန်ရောက်ရင်
လွယ်အိတ်ပစ်ချ သူများတွေလို ကစားဖို့မဟုတ်ဘဲ
ညနေစာအတွက် မိဘနဲ့အတူ
လှုပ်ရှားရုန်းကန်နေရတဲ့ ဘဝ ဘဝ ပေါင်းများစွာ
ပညာလိုချင်ပေမဲ့ ပညာသင်ဖို့

အလှမ်းဝေးနေရတဲ့ ဘဝပေါင်းများစွာ
ခဲတံတစ်ချောင်းကို အလယ်ကဖြတ်
နှစ်ယောက်မျှသုံးနေရတဲ့ ဘဝတွေရှိတယ် ဆိုရင်
ပုံနှိပ်စာအုပ် စုတ်စုတ်ပြတ်ပြတ်တစ်အုပ်ကို နှစ်ယောက်
သုံးယောက် မျှသုံးနေရတဲ့ ဘဝတွေ ရှိတယ်ဆိုရင်
ကျောင်းတက်ချိန်အမီ ထမင်းမကျက်လို့
ကျောင်းမတက်နိုင်ဘဲ
တစ်နှစ်ပြီး တစ်နှစ် ပညာရေးနောက်ကျနေတဲ့
ဘဝတွေ ရှိတယ်ဆိုရင်
မိဘက ပညာရေးအတွက် ဂရုမစိုက်နိုင်ဘဲ
ထမင်းမငတ်အောင် လောကဓံနဲ့ နပန်းလုံးနေရချိန်မှာ
သူတို့သားသမီးတွေကို ထမင်းလည်းကျွေး
ပညာလည်းသင် ဘဝခွန်အားတွေပေးနေတဲ့
ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ
ရှိနေတယ်ဆိုရင်
ကျွန်တော့ မိတ်ဆွေတွေ သူငယ်ချင်းတွေ
ယုံနိုင်ပါ့မလားခင်ဗျာ
ရှိနေပါတယ်
ကျွန်တော်တို့ သတိမထားမိတဲ့
ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ
ဒီလို ဘဝခါးခါးတွေ ရှိနေပါတယ်
ဒီလိုဘဝတွေကို ကယ်တင်နေတဲ့
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေရှိနေပါတယ်
မိတ်ဆွေ
မကြာခင်မှာ ကျောင်းတွေဖွင့်ပါတော့မယ်
ကျွန်တော်တို့တွေ ဒီလိုဘဝတွေ
ဒီလိုကျောင်းတွေအတွက် ဘာတွေများ
ကူညီဖေးမနိုင်ပါမလည်း
စဉ်းစားကြည့်ကြရအောင်ပါခင်ဗျာ
ကျောင်းတက်တော့မယ် ဘယ်မှာလည်း
အဖြူအစိမ်း လွယ်အိတ် ထီး မိုးကာ ဖိနပ်
ကျောင်းရောက်ပြီ ဘယ်မှာလည်း
ပုံနှိပ်စာအုပ်စာအုပ် ဗလာစာအုပ် စာရေးကိရိယာ
တတ်နိုင်တဲ့သူတွေ အဖြူအစိမ်း လွယ်အိတ်
အသစ်ကလေးတွေနဲ့ တက်နေကြချိန်
အရင်နှစ်က ခပ်နွမ်းနွမ်းအဝတ်ကလေး
လွယ်အိတ်စုတ်စုတ်ကလေးနဲ့ ငေးကြည့်နေရတဲ့
မျက်ရည်အပြည့်နဲ့ ကလေးတွေ ကျွန်တော်ကိုယ်တိုင်မြင်ဖူးပါရဲ့
တတ်နိုင်တဲ့သူတွေ ပုံနှိပ်စာအုပ်
အသစ်တွေကို သုံးနေတာကို ကြည့်ပြီး
အရင်နှစ်က သူများက ပေးထားတဲ့
ပုံနှိပ်စုတ်စုတ်ကလေးတွေကို
သုံးနေရတဲ့ကလေးတွေ ထောင်သောင်းမကပါ
၅၀၀ ၁၀၀၀ ပဲရှိပါတယ်
ဘာမဝယ်နိုင်စရာရှိလို့လည်းလို့ ပြောကြပါလိမ့်မယ်
မိသားစုများလို့ ဆန်မဝယ်နိုင်လို့
ဆန်ကွဲသာသာကို ဝယ်ပြီး ချက်စားနေရတဲ့ဘဝတွေ
ကလေးကို ကျောင်းမုန့်ဖိုး ၅၀ လောက်တောင်
မပေးနိုင်လို့ စိတ်ညစ်နေရတဲ့
မိသားစုတွေ မမြင်ချင်မှ အဆုံးပါပဲ
ဒီလို ဒီလို ဘဝလေးတွေကို မြင်ပြီးတိုင်း
ကျွန်တော်ရော မိသားစုဝင်တွေရော
စိတ်ထဲမှာ သူတို့အတွက် ဘာလုပ်ပေးနိုင်မလည်း
လူတိုင်း လူတိုင်း ဟာ
ဘဝအဆက်ဆက်က ဆွေမျိုးတွေပါပဲ
ဒီတော့ ငါတို့ ဆွေမျိုးတွေအတွက်
ငါတို့ ဘာလုပ်ပေးနိုင်မလည်း
စဉ်းစားကြည့်မိ တိုင်ပင်ကြည့်မိတဲ့အခါ
ကျွန်တော်တို့တွေ ပုံနှိပ်စာအုပ်
စာရေးကိရိယာတွေ မိုးကာလေးတွေ
လွယ်အိတ်ကလေးတွေ
အဖြူအစိမ်းလေးတွေ လှူဖို့ စဉ်းစားမိကြပါတယ်
ဒီလိုနဲ့ ၂၀၁၁ ခုနှစ်မှာ
ကျွန်တော်တို့ ပရဟိတ မိသားစု ပြည် က
ပြည်မြို့ပေါ်က ဘကကျောင်း ၁၀ ကျောင်းအတွက်
ပုံနှိပ်စာအုပ်တွေကို ပထမအကြိမ်
အောင်အောင်မြင်မြင် ကြည်နူးပီတိဖြစ်စွာ
လှူဒါန်းနိုင်ခဲ့ပါတယ်
၂၀၁၂ ခုနှစ်မှာ
ပြည်မြို့ရော ပေါက်ခေါင်းမြို့ ပန်းတောင်းမြို့က
ဘကကျောင်းတွေအတွက်ပါ
ပိုပြီး လှူဒါန်းနိုင်ခဲ့ပါတယ်
ဒီနှစ် ၂၀၁၅ ခုနှစ်မှာတော့
ပြည်မြို့က ဘကကျောင်း ၃ ကျောင်း
ပေါက်ခေါင်းက ဘကကျောင်း ၇ ကျောင်း
ပန်းတောင်းက ဘကကျောင်း ၃ ကျောင်း
ပဲ ခူး ရိုး မ က စာ သင် ကျောင်း ၇ ကျောင်း
ကျောင်းသား ၁၅၀၀ ကျော်အတွက်
ပုံနှိပ်စာအုပ်အပြင်
စာရေးကိရိယာနဲ့ မိုးကာလေးတွေ လှူဖို့ စီစဉ်ထားပါတယ်ခင်ဗျာ
ဒါကြောင့် ကျွန်တော် အလှူခံပါရစေခင်ဗျာ
ကျွန်တော်တို့ရဲ့ အနာဂါတ်
ပန်းလေးများအတွက်
မေတ္တာနေခြည်အောက်မှာ ရွှေရည်လောင်းပေးနိုင်ဖို့
ပါဝင်လှူဒါန်းနိုင်ဖို့ အလှူခံပါတယ်ခင်ဗျာ
စာရေးကိရိယာတွေအတွက်
ဗလာစာအုပ် ခဲတံ ခဲဖျက်
ခဲချွန်စက် ဘောပင် ပေတံ တို့ကို
လှူဒါန်းနိုင်ဖို့ အလှူခံပါတယ်ခင်ဗျာ
မိုးတွင်းမှာ ထီးထက်စာရင် မိုးကာလေးတွေက
သူတို့အတွက် ပိုပြီး လုံလုံခြုံခြုံဖြစ်မှာမို့
မိုးကာလေးတွေကိုလည်း အလှူခံပါတယ်ခင်ဗျာ
အခု ကျွန်တော်တင်မဲ့ပုံလေးတွေက
ကျွန်တော်တို့တွေ လှူဒါန်းမဲ့ ဘကကျောင်းတွေကို
မိုးတွင်းမှာဘယ်လိုခက်ခက်ခဲခဲသွားရတယ်
ကျောင်းတွေ ဘယ်လိုချို့တဲ့တယ်
ပုံနှိပ်စာအုပ်တွေကို
ဘယ်လိုခက်ခက်ခဲခဲသုံးနေရတယ်ဆိုတာတွေကို
သိစေချင်တဲ့အတွက် ကြောင့်ပါခင်ဗျာ
ကျွန်တော်ရေထားတဲ့ အလှူခံ
နှိုးဆော်လွှာလေးကို ဖတ်မိလို့
လှူချင်စိတ်ပေါ်လာလို့
လှူဒါန်းလိုပါတယ်ဆိုရင်
ဒေါက်တာ ဝဏ္ဏဝင်း ၀၉၅၃၆၈၄၆၁
၇/ပမန နိုင် ၁၁၉၉၅၉
ပြည် ရိုး မ ဘဏ်
ကိုဝင်းထွန်းဆင့် စင်ကာပူတာဝန်ခံ
+65 8722 6714
POSB Saving 175-43771-1
သို့ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း
ပရဟိတ မိသားစု ပြည် မှ copy

Myanmar Kyat Converter
No comments:
Post a Comment