{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Wednesday, May 13, 2015

    ***နွားသတ်ယောက်ျား ဥပမာ***

    Bhikkhu's Dhamma's photo.
    နွားသတ်ယောက်ျားဟာ နွားကို ကျွေးမွေးနေစဉ်အခါ၊ နွားကို သတ်မည့်
    နေရာသို့ ခေါ်ဆောင်သွားတဲ့အခါ၊ သတ်မည့်နေရာရောက်တော့ ချည်တု...ိင်မှာ
    သတ်ဖို့ရန် ကြိုးနှင့်ချည်နှောင်ထားတဲ့အခါ၊ သတ်တဲ့အခါ၊ သတ်ပြီး အသေ
    ကောင်အတိုင်း တွေ့မြင်နေရတဲ့အခါ - ဒီအချိန်အခါအားလုံးမှာ "နွား"ဆိုတဲ့
    အမှတ်သညာဟာ သူ့ရဲ့သန္တာန်မှာ ရှိနေတုန်းပဲ ဖြစ်တယ်။
    ဒါပေမဲ့ နွားကိုဖျက်ပြီးတော့ အသားတွေကို တစ်ပုံ, အရိုးတွေကို တစ်ပုံ, အူတွေကို တစ်ပုံ,
    အသည်းတွေကို တစ်ပုံ စသည်ဖြင့် တစ်ပုံစီ တစ်ပုံစီ ပုံပြီး လမ်းမလေးဖြာ
    ပေါင်းဆုံတဲ့ လမ်းလေးခွမှာ ထိုင်ပြီးတော့ ရောင်းချနေတဲ့အခါမှာ ဒီနွားသတ်
    ယောက်ျားရဲ့ သန္တာန်မှာ "နွား"ဆိုတဲ့ အမှတ်သညာက ပျောက်သွားတယ်။
    "နွားသား (အမဲသား)" ဆိုတဲ့ အမှတ်သညာသာ ရှိနေတယ်။ သူ့သန္တာန်မှာ
    "ငါက နွား ရောင်းနေတယ်၊ ၀ယ်တဲ့သူတွေကလည်း နွား လာဝယ်နေတယ်"
    ဆိုတဲ့ အမှတ်သညာ မရှိတော့ဘူး။ "ငါက နွားသား (အမဲသား)ကို ရောင်းနေ
    တယ်။ ဒီလူတွေကလည်း ငါ့ထံမှာ နွားသား (အမဲသား) လာဝယ်နေကြတယ်"
    ဆိုတဲ့ ဒီလို အမှတ်သညာသာ ရှိနေတယ်။
    ဒီပုံစံအတိုင်းပဲ - လူပဲဖြစ်ဖြစ် ရဟန်းပဲဖြစ်ဖြစ် ယောဂါဝစရပုဂ္ဂိုလ်
    တစ်ဦးဟာ ပရမတ်ကို ထိုးထွင်း မသိတတ်တဲ့ ပရမတ်ဉာဏ်ပညာမျက်စိ
    ကာဏ်းနေတဲ့ ရှေးယခင် ဗာလပုထုဇန်ဖြစ်စဉ်က "ငါ-သူတစ်ပါး-ယောက်ျား-
    မိန်းမ-ပုဂ္ဂိုလ်-သတ္တ၀ါ"ဆိုတဲ့ အမှတ်သညာဟာ ရှိနေသေးတယ်။ မကွယ်
    ပျောက်သေးဘူး။
    "ဖားအောက်တောရဆရာတော်"
    ပင်လယ်ပြာနှင့်ဘီလူးကျွန်း မှ copy

    No comments:

    Post a Comment

    😁😁😁