{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Wednesday, May 13, 2015

    ***ဘယ္အရာက ကယ္မယ္ထင္သလဲ***

     
     
     တချို့ က အသက်ကြီးရင် အဆင်ပြေပြေနေဖို့ ဆိုပြီး လုပ်ငန်းတွေ
     တိုးချဲ့ ကြတယ် အိမ်းမြေတွေတခုပြီးတခု
     ဝယ်ကြတယ် ရွှေတွေငွေတွေစုဆောင်း
     ကြတယ် လုပ်ငန်းတွေတခုကနေ နှစ်ခု
     တိုးချဲ့ လုပ်ကိုင်ကြတယ်

     တကယ်လို့ များ
     တနိုင်ငံနဲ့ တနိုင်ငံ စစ်ဖြစ်ကြလို့ 
     ဆီးရီးယားကလိုမျိုး အိုးအိမ်တွေပြစ်ပြီး
     ပြေးကြရတော့မယ်ဆိုရင်
     ငလျှင်တွေလှုပ် မီးတွေလောင်လို့ 
    အကုန်ကုန်မယ်ဆိုရင် ကပ်ဆိုက်သလိုမျိုး
    အနာရောဂါဝင် နှိပ်စက် သူခိုးဓါးပြတွေ လုယက်ကြမယ်ဆိုရင်
    စတဲ့သဘာဝဘေးအန္တရယ်တမျိုးမျိုး
     ကြောင့်ကိုယ့်သားသမီးတောင်မကယ်
     နိုင်ပဲကိုယ်လွတ်ရုန်းပြေးကြရတော့
     မယ်ဆိုရင်
    တကယ်ချမ်းသာရာရဖို့ 
     ဘယ်အရာက ကယ်မယ်ထင်ပါသလဲ
     မဖြစ်နိုင်ဘူးလို့  ပြောလို့ မရပါဘူး
     ဒီကနေ့ ကမ္ဘာကြီးရဲ့အခြေအနေဟာ
     တခုခုကို မဖြစ်မနေ ရင်ဆိုင်ရတော့မဲ့
     အခြေအနေဆိုတာ သတင်းတွေကို
     ကြည့်ရင် ငြင်းမရနိုင်ပါဘူး
     အဲဒီအရာတွေကနေ ကံကောင်းလို့ 
     လွတ်ခဲ့တယ်ပဲထား
     သေခြင်းတရားကမဖြေစ်မနေရောက်လာ
     မှာ ဘယ်လိုမှ ရှောင်လွဲလို့ မရဘူး
     ဒါဆိုရင် ကိုယ်ရှာဖွေထားတဲ့ ပစ္စည်းဥစ္မ္စာ
     တွေဟာ ဘယ်သူ့ အတွက်လည်း
     ငါ့သားသမီးအတွက်လို့ 
     မဖြေပါနဲ့ 
     ဗုဒ္ဓက ငါမရှိဘူးလို့ ဟောထားတဲ့
     အတွက် ငါ့သားသမီးဆိုတာလည်း
     မရှိပါဘူး
     သမုတိနယ်က အခေါ်အဝေါ်တွေအတွက်နဲ့ 
     ရခဲတဲ့လူ့ ဘဝဟာ
     ဘယ်သူ့ အတွက်မှန်းမသိပဲနဲ့ 
     နေဝင်မယ်ဆိုရင်
     သေမဲ့အချိန်မှာ မိမိရှာဖွေထားခဲ့တဲ့
     ပစ္စည်းတွေက ကယ်မှာလား
     သားသမီးဆိုတာတွေက ကယ်မှာလား
     မိမိပြုလုပ်ခဲ့တဲ့ ကောင်းမှု့ကုသိုလ်က
     ကယ်မှာလားဆိုတာ စဉ်းစားပေါ့
     ဘုရားရှင်ဟာ သမုတိသစ္စာကို
     မပယ်လိုတဲ့အတွက် ဟောထားခဲ့ပါတယ်
     စီးပွားဥစ္စာကို ငါ့သားအတွက် ငါ့မယား
     အတွက်ဆိုပြီး ငါ့မိဘအတွက်ဆိုပြီးရှာပါ
     ဒါပေမဲ့
     စီးပွားရှာနေတဲ့အချိန်မှာ
     ကောင်းမှု့ကုသိုလ် လေးပါ
     တွဲလုပ်ဖို့ 
     သူများအတွက်တောင်
     ပင်ပင်ပမ်းပမ်ရှာနေသေးတာပဲ
     ကိုယ်သေရင် ကိုယ့်နောက်ပါမဲ့
     ကောင်းမှု့ကုသိုလ်ကို ဘာ့ကြောင့်
     မလုပ်သင့်ပါသလဲ ဆိုတာ
     စေ့စေ့တွေးပြီး စဉ်းစားပါ
     ဒါလေးကိုပြောချင်တာပါ

    No comments:

    Post a Comment

    😁😁😁