{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Wednesday, May 13, 2015
    ***ထူးအိမ်သင်သီချင်းချစ်သူများ***
    Out Sider's photo.
    နိုင်ဇော် (LAZY CLUB) ပြောတဲ့ ..ထူးအိမ်သင်အမှတ်တရ
    ပြန်လည်တင်ပြသူးးးးးးး Out Sider
    ကိုငှက် ရဲ့  ပထမဆုံးအခွေ နာရီပေါ်မှမျက်ရည်စက်များ မထွက်ခင်ကျွန်တော်တို့ကျောင...်းသားတွေထိုင်လေ့ရှိတဲ့လက်ဖက်ရည်ဆိုင်လေးမှာ
    တစ်ပြိုက်နက်ထဲ့ အဆိုတော် ၃ ယောက်ရဲ့ ပုံကိုလာကပ်ထားတာသတိထားမိပါတယ်
    အဲ့ဒီ ပိုစတာ ၃ ခုထဲက ထူးအိမ်သင် ဆိုတဲ့နာမည်ခပ်ဆန်းဆန်းအဆိုတော်ရဲ့ 
    ပိုစတာကအထူးခြားဆုံးဖြစ်နေတယ်လို့ထင်မိပါတယ် ။
    သူ့ရဲ့ ပိုစတာဒိဇိုင်းက ကိုသိန်းလွင် ရဲ့ လက်ရာဆိုတာခုထိမှတ်မိနေပါတယ်
    အရောင်ဆန်းဆန်းတွေကြားမှာသူရဲ့ မျက်မှန်ကျွဲကိုင်းကြီးနဲ့ပုံကမထင်မရှား
    လုပ်ထားပေမဲ့လူပုံစံကိုကြည့်ရုံနဲ့သူ့သီချင်းတွေဘယ်လိုနေမလဲဆိုတာ
    သိချင်စိတ်ဝင်စားမိပါတယ် ၊တကယ်အခွေလဲထွက်ရောသူငယ်ချင်းတွေက
    သီချင်းတွေက အဆိုပါးနပ်မှုတွေ တေးဂီတ၀ိုင်းဖြစ်တဲ့ Aces ၀ိုင်းရဲ့ 
    Copy သီချင်းတွေထင်ရလောက်အောင်အနောက်တိုင်းဆန်ဆန်တီးခတ်
    နိုင်မှုတွေကြောင့် ကိုယ်ပိုင်သံစဉ်သမိုင်း မှမှတ်တိုင်တစ်ခု
    စိုက်ထူနိုင်ခဲ့တယ်လို့ထင်မိပါတယ်၊ဒီလိုနဲ့ပဲ ခွင့်မပြု၊မေ့လိုက်တော့
    ညီလေးရေ၊စတဲ့သီချင်းတွေကကျွန်တော်တို့ရဲ့ လမ်းဘေးဂစ်တာဝိုင်း
    ရဲ့ ဖေးဖရိတ် တေးတွေဖြစ်လာပါတယ်၊နောက်ထွက်မဲ့ မှော်ဆရာအိပ်မက်
    အခွေရဲ့ မဂ္ဂဇင်းကြော်ငြာက သိမ်းငှက်ခေါင်းပုံစံနဲ့ကြော်ငြာတာကို
    တွေ့ရပါတယ်၊အဲဒီ ဒိဇိုင်းကြောင့် ကိုငှက် လို့အားလုံးကခေါ်ရတဲ့အထိ
    ဖြစ်ခဲ့ရတယ်လို့သိရပါတယ်၊ ကျွန်တော်စင်မြင့်ပေါ်မှာရစ်သမ် သမား
    အဖြစ်တီးရမဲ့ Stage Show တစ်ခုကို ကျွန်တော့်ဆရာ ကိုခင်မောင်မြင့်
    က စီစဉ်ပေးပါတယ်။ အဲဒီပွဲက ၁၉၈၈ နောက်ဆုံးလ ပတ်ဝန်းကျင်
    ဖြစ်ပါတယ် ၊ ဥတ္တရ လို့အမည်ပေးထားတဲ့ တီးဝိုင်းအသစ်ရဲ့ ရှိုးဖြစ်ပြီး
    နေရာက ဒေါပုံ သဘောင်္ကျင်း မှတ်တိုင်နား ကျော်ကျော် ကကွင်းကြီး ထဲ့မှာ
    ဖြစ်ပါတယ် ၊Lead ကိုမြင့်ဦး Bass တော်မီကျော်နိုင် ကတီးပါတယ်
    Drum တီးခတ်သူက ကိုကျော်မင်း (ကျောက်မြောင်း)ဖြစ်ပြီ
    Keyboard က ကိုသိန်းဆွေ (Success)က တီးပါတယ် သူတို့အားလုံးက
    နာမည်ကြီး Player တွေဖြစ်လို့အတွေ့အကြုံ့ ရအောင်ကျွန်တော်ဆရာက
    စီစဉ်ပေးတာဖြစ်ပါတယ်၊အဲပွဲမှာဆိုဖို့ ကိုငှက် ကိုသွားပြီးငှားရာမှာကျွန်တော်လဲ
    လိုင်ခွင့်ရပါတယ် ၊ဘားလမ်း မှာရှိတဲ့ ပန်းနုလ၀န်း ဆိုင်မှာသွားစောင့်ကြပါတယ်
    ကိုငှက် ကိုမတွေ့ခဲ့ရပါဖူး အဲဒီအချိန်မှာ သီချင်းရေးပြီး အဆိုတော် ဘဝ
    ရောက်စပြုနေတဲ့ ကိုစောခူဆဲလ် ကိုပဲတွေ့ခဲ့ရပါတယ်
    သူ့ကိုပဲဆရာနဲ့ပွဲကန်ထရိုက် ကမှာခဲ့ပြီးတကယ် Show ဆိုတဲ့နေ့မှာပဲ
    ကိုငှက် ကိုနဖူးတွေဒူးတွေ့ တွေ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာ ကိုငှက်လဲ
    တစ်ခွေပြီးတစ်ခွေ အောင်မြင်ခဲ့ပါပြီ ကျွန်တော်နဲ့ စပြီးဆုံတဲ့ စီးရီးအခွေက
    အဖြူရောင်သူငယ်ချင်းများ ဆို့တဲ့အခွေလေးဖြစ်ပါတယ်၊
    အဲဒီစီးရီးအခွေထဲ့မှာ ကို ငှက် ကမရိုးသားတော့ဘူး ဆိုတဲ့သူ့သီချင်း
    အဟောင်းလေးနဲ့ သူ့ကြိုက်ခဲ့တဲ့ ကိုကိုင်ဇာ ရဲ့သူငယ်ချင်းအချစ်ထက်
    ပိုချစ်ပါ ဆိုတဲ့သီချင်း ၂ပုဒ်ကိုတီးခွင့်ရခဲ့ပါတယ်၊ဒီလိုနဲ့လူချင်းရင်နှီးလာပြီး
    သူ အော်ဇီ ကိုShow ဆိုပြီးအပြန်ဝယ်လာတဲ့ Hollow Guitar လေးကို
    Oasis မှာတီးကြည့်ရာကကြိုက်သွားခဲ့ပါတယ်၊ ဒါကြောင့် မြတ်နိုးခွင့် ၂
    ဆိုတဲ့ Lazy Club Unplugged Show အခွေမှာထည့်ပြီးတီးချင်လို့
    ကိုငှက် စီမှာသွားဌားခဲ့ပါတယ် ၊ကိုငှက် က (Ibanez Hollow)ကိုလိုလို
    ချင်ချင်ဌားရုံးမကပဲခင်တဲ့ဂစ်တာသမားငယ်တစ်ယောက်ကိုတောင်
    လက်ဆောင် အဖြစ်ပေးလိုက်ပါတယ်လို့ကြားပါးသေးတယ်
    သူပိုင်တဲ့ Guitar တစ်လုံးကိုတပ်မက်စိတ်မရှိပဲလိုချင်တဲ့သူကို
    စွန့်ကြဲရဲ့ တဲ့စိတ်ကအံ့သြစရာပါပဲ ၊Bass တီးတဲ့ ကျင်ပိ ကတောင်
    ရယ်စရာပြောပါသေးတယ်၊ငါဆိုရင် ညီအစ်ကို အရင်တောင်းအဲဒီဂစ်တာ
    ပေးဖို့စဉ်းစားမှာမဟုတ်ဖူးလို့ပြောပါတယ် .
    သူငယ်ချင်းအဆိုတော်တစ်ယောက်ရဲ့သီချင်းတိုက်နေတဲ့အချိန် တစ်ရက်မှာ
    န၀ရတ် စတူဒီယို ကို ကိုငှက်ရောက်ချ လာပါတယ်၊ဒါနဲ့ပဲ ကိုဝေထွန်းက
    အဲဒီအဆိုတော်ရဲ့ သီချင်းထဲ့မှာ ကိုငှက် ရဲ့  ဟာမိုနီကာ အသံလေးထည့်လိုက်
    ရင်ပိုမိုက်သွားမယ် သွားခေါ်ကြည့်ပါလားလို့ တိုက်တွန်းတာနဲ့အပြင်ဖက်က
    ကန်တင်း မှထြိုင်နေတဲ့ ကိုငှက် ကိုပြောကြည့်ရာလိုလိုချင်ချင်ဝင်လိုက်လာပြီ
    ဟာမိုနီကာ ၀င်မှုတ်ပေးပါတယ်၊ အဲဒီလို ပိုက်ဆံကိုမမက်ပဲ လက်ဆောင်ပစ္စည်း
    လေးသာရမဲ့တူရီယာပညာရှင်ဘ၀ကိုပိုလိုချင်၊ပိုခုံမင်ပြီး အနုပညာရှင်သာ
    ဖြစ်ချင်တဲ့ ကိုငှက် ရဲ့ စိတ်ဓတ်ကိုလေးစားချီးကျူးမိပါတယ်ဗျာ ..........
    ပြန်လည်တင်ပြသူ ......outsider .
    No comments:
    Post a Comment
    😁😁😁